လီဗာပူးအသင်းဟာ တစ်ရာသီလုံး အကောင်းဆုံး ပုံစံနဲ့ဖြတ်သန်းခဲ့သော်လည်း ဒီတလောမှာ ရှုံှးပွဲများ ခပ်စိပ်စိပ် ပြန်ကြုံလာခဲ့တာကြောင့် ဝေဖန်မှုတွေ ခံနေခဲ့ရပါတယ်။ ဒီည ဘုန်းမောက်နဲ့ ပရီးမီးယားလိဂ်ပွဲမှာတော့ လီဗာပူးက ၂-၁ နဲ့ အနိုင်ယူကာ လမ်းကြောင်းမှန်ပေါ် ပြန် ဆွဲတင်လာခဲ့ပြီ ဖြစ်ပါတယ်။

လီဗာပူး ဝါရင့်ကစားသမားကြီး ဂျိမ်းစ်မေနာက ဘုန်းမောက်ကို နိုင်တဲ့ ပွဲအပြီးမှာပဲ အသင်း စိတ်ဓာတ်နဲ့ တိုက်ရည်ခိုက်ရည် အပြည့် စိတ်ဓာတ်တွေ ပြန်လာပြီလို့ ယုံကြည်နေပါတယ်။

” ပရီးမီးယားလိဂ်မှာ ဘယ်ပွဲမဆို နိုင်ဖို့ လွယ်တယ်ဆိုတာ မရှိဘူးလို့ ကျနော် ထင်တယ်။ အဲဒီလို ထပ်ခါထပ်ခါ ပြောပြရတာလည်း ငြီးငွေ့စရာ ဖြစ်နေပြီ ဒါပေမယ့် ဒါ အမှန်ပါ။ အထူးသဖြင့် ဒီတလောပွဲတွေမှာ ကျနေ်ာတို့ စွမ်းဆောင်ရည်က ရှိရမယ့် အဆင့်မှာ မရှိခဲ့ဘူး။ အသင်း တော်တော်များများ ဒီအနေအထားမှာ ခြေချော်သွားနိုင်ပါတယ်။

နှစ်ပွဲ သုံးပွဲလောက် ရလဒ်မကောင်းတာတွေ ကြုံတာနဲ့ လူတွေက ဟိုဟိုဒီဒီ စ ပြောတော့တာပဲ။ ဒါပေမယ့် ကျနေ်ာတို့က တည်တည်ငြိမ်ငြိမ် နေဖို့ပဲ ကြိုးစားပါတယ်။

ဒီနေ့ပွဲမှာလည်း ပြိုင်ဘက်ကို ခွင့်မပြုချင်တဲ့ အခွင့်အရေး တချို့ ပေးလိုက်ရသေးတယ်။ ဒါပေမယ့် အသင်းက ကောင်လေးတွေရဲ့ နှလုံးသားနဲ့ နိုင်လို စိတ်ကို မေးခွန်းထုတ်ဖို့ကို မလိုပါဘူး။ ခင်ဗျားတို့ အမြဲ ကောင်းကောင်း ကစားနိုင်မှာ မဟုတ်ဘူး။ ဒီရာသီမှာ ကျနေ်ာတို့ အရင်ကလည်း ကြုံဖူးတယ် ဒါပေမယ့် နိုင်ပွဲကို အဲဒီကြားထဲက ရအောင် ရှာခဲ့တာပဲ။ ” လို့ မေနာက ဆိုပါတယ်။

လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်မှာ ချန်ပီယံအဖြစ် ခံယူဖို့ နိုင်ပွဲ သုံးပွဲ၊ ရမှတ် ၉ မှတ်သာ လိုတော့တာ ဖြစ်ပြီး လက်ကျန် ၉ ပွဲမှာ ကောင်းစွာ ခရီးဆက်ဖို့သာ လိုပါတယ်။ ချန်ပီယံလိဂ်မှာတော့ လာမယ့် ကြားရက်ပွဲမှာ အက်သလက်တီကို မက်ဒရစ်ကို ကျော်ဖြတ်နိုင်မှသာ နောက်တစ်ဆင့် တက်ရောက်မှာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ တစ္ရာသီလံုး အေကာင္းဆံုး ပံုစံနဲ႕ျဖတ္သန္းခဲ့ေသာ္လည္း ဒီတေလာမွာ ရွံဳွးပြဲမ်ား ခပ္စိပ္စိပ္ ျပန္ၾကံဳလာခဲ့တာေၾကာင့္ ေ၀ဖန္မႈေတြ ခံေနခဲ့ရပါတယ္။ ဒီည ဘုန္းေမာက္နဲ႕ ပရီးမီးယားလိဂ္ပြဲမွာေတာ့ လီဗာပူးက ၂-၁ နဲ႕ အနုိင္ယူကာ လမ္းေၾကာင္းမွန္ေပၚ ျပန္ ဆြဲတင္လာခဲ့ျပီ ျဖစ္ပါတယ္။

လီဗာပူး ၀ါရင့္ကစားသမားၾကီး ဂ်ိမ္းစ္ေမနာက ဘုန္းေမာက္ကို နုိင္တဲ့ ပြဲအျပီးမွာပဲ အသင္း စိတ္ဓာတ္နဲ႕ တိုက္ရည္ခိုက္ရည္ အျပည့္ စိတ္ဓာတ္ေတြ ျပန္လာျပီလို႔ ယံုၾကည္ေနပါတယ္။

” ပရီးမီးယားလိဂ္မွာ ဘယ္ပြဲမဆို နိုင္ဖို႔ လြယ္တယ္ဆိုတာ မရွိဘူးလို႔ က်ေနာ္ ထင္တယ္။ အဲဒီလို ထပ္ခါထပ္ခါ ေျပာျပရတာလည္း ျငီးေငြ႔စရာ ျဖစ္ေနျပီ ဒါေပမယ့္ ဒါ အမွန္ပါ။ အထူးသျဖင့္ ဒီတေလာပြဲေတြမွာ က်ေန္ာတို႔ စြမ္းေဆာင္ရည္က ရွိရမယ့္ အဆင့္မွာ မရွိခဲ့ဘူး။ အသင္း ေတာ္ေတာ္မ်ားမ်ား ဒီအေနအထားမွာ ေျခေခ်ာ္သြားနုိင္ပါတယ္။

နွစ္ပြဲ သံုးပြဲေလာက္ ရလဒ္မေကာင္းတာေတြ ၾကံဳတာနဲ႕ လူေတြက ဟိုဟိုဒီဒီ စ ေျပာေတာ့တာပဲ။ ဒါေပမယ့္ က်ေန္ာတို႔က တည္တည္ျငိမ္ျငိမ္ ေနဖို႔ပဲ ၾကိဳးစားပါတယ္။

ဒီေန႔ပြဲမွာလည္း ျပိဳင္ဘက္ကို ခြင့္မျပဳခ်င္တဲ့ အခြင့္အေရး တခ်ိဳ႕ ေပးလိုက္ရေသးတယ္။ ဒါေပမယ့္ အသင္းက ေကာင္ေလးေတြရဲ႕ နွလံုးသားနဲ႕ နိုင္လို စိတ္ကို ေမးခြန္းထုတ္ဖို႔ကို မလိုပါဘူး။ ခင္ဗ်ားတို႔ အျမဲ ေကာင္းေကာင္း ကစားနုိင္မွာ မဟုတ္ဘူး။ ဒီရာသီမွာ က်ေန္ာတုိ႔ အရင္ကလည္း ၾကံဳဖူးတယ္ ဒါေပမယ့္ နုိင္ပြဲကို အဲဒီၾကားထဲက ရေအာင္ ရွာခဲ့တာပဲ။ ” လို႔ ေမနာက ဆိုပါတယ္။

လီဗာပူးအသင္းဟာ ပရီးမီးယားလိဂ္မွာ ခ်န္ပီယံအျဖစ္ ခံယူဖို႔ နုိင္ပြဲ သံုးပြဲ၊ ရမွတ္ ၉ မွတ္သာ လိုေတာ့တာ ျဖစ္ျပီး လက္က်န္ ၉ ပြဲမွာ ေကာင္းစြာ ခရီးဆက္ဖို႔သာ လိုပါတယ္။ ခ်န္ပီယံလိဂ္မွာေတာ့ လာမယ့္ ၾကားရက္ပြဲမွာ အက္သလက္တီကို မက္ဒရစ္ကို ေက်ာ္ျဖတ္နုိင္မွသာ ေနာက္တစ္ဆင့္ တက္ေရာက္မွာ ျဖစ္ပါတယ္။