အန်ဖီးကွင်းမှာ ယှဉ်ပြိုင်တဲ့ လီဗာပူးနဲ့ ဘုန်းမောက်ပွဲဟာ ပွဲအပြီးမှာတော့ ဆာလက်၊ မာနေးတို့ရဲ့ ပထမပိုင်း သွင်းဂိုးတွေနဲ့ပဲ ပွဲကို ၂-၁ နဲ့ အနိုင်ရကာ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ဖို့ အရေးပါတဲ့ ခြေလှမ်းကို လှမ်းနိုင်ခဲ့ပါတယ်။

ပွဲထွက်လူစာရင်းမှာတော့ ဂိုးသမားနေရာအဖြစ် ဒဏ်ရာရနေတဲ့ အယ်လီဆန်နေရာ အတ်ဒရီယန် ပွဲထွက်ပြီး ဘယ်အစွန်နေရာ မီလ်နာ ပါဝင်လာခဲ့တယ်။ ဘုန်းမောက်နဲ့ပွဲမှာ ရော်ဘတ်ဆန်ကို အရန်စာရင်းမှာတောင် မထည့်တာက ဒဏ်ရာ အသေးစားလေး ရနေလို့ဖြစ်ပြီး အက်သလက်တီကိုနဲ့ ချန်ပီယံလိဂ်ပွဲအတွက် အပြည့်အဝ သုံးခြင်းလို့ အနားပေးခဲ့ခြင်းဖြစ်တယ်။

ကွင်းလယ်က ဖာဘင်ညို၊ ဝိုက်နယ်ဒမ်၊ ချိန်ဘာလိန်အတွဲနဲ့ ပွဲထွက်ခဲ့ပြီး တိုက်စစ်က မပြောင်းလဲပေမယ့် ခံစစ်မှာ လိုဗရန် အရန်တောင် ပါမလာခဲ့တာကို မြင်ခဲ့ရပါတယ်။ ပွဲစပြီး သိပ်မကြာခင်မှာပဲ ဘုန်းမောက်ဘက်က ဦးဆောင်ဂိုး စရပါတယ်။ ကောင်တာတိုက်စစ်လို အနေအထားမှာ ဘောလုံးကို အပြိုင်လုရင်း တစ်လှမ်းဦးနေတဲ့ ဂိုးမက်စ်ကို ဝဲလ်ဆန်က သိသိသာသာ တွန်းထုတ်ခဲ့ပြီး ကစားကွက် တည်ဆောက်ကာ သွင်းဂိုး ရယူခဲ့တာပါ။

ကောင်တာတိုက်ခံရမှုမှာ လီဗာပူးရဲ့ နေရာယူမှု လိုအပ်ချက် ရှိနေခဲ့တာဖြစ်ပေမယ့် ဝဲလ်ဆန်ရဲ့ သွင်းဂိုးကို VAR ပြန်စစ်ခဲ့ပြီး ဂိုးပေးလိုက်တာ အံ့သြစရာဖြစ်ခဲ့တယ်။ ကလော့ပ် အကြီးအကျယ် ဒေါသပေါက်ကွဲနေပြီး သူနဲ့ လင်ဒါးတို့ စတုတ္ထဒိုင်ကို စောဒက တက်နေခဲ့ကြပေမယ့် ရလဒ်က အပြောင်းအလဲ မဖြစ်တော့ပါဘူး။ ဂိုးပေးလိုက်ရပြီးနောက် လီဗာပူးဘက်က ကစားပုံတင်ကစားလာခဲ့ပြီး ပွဲက ပိုကြမ်းလာခဲ့ပါတယ်။

မကြာခင်မှာပဲ ဖာဘင်ညိုကို ပင်နယ်တီဧရိယာထဲ ဖောင်းတာကိုလည်း မျက်ကွယ်ပြုသွားခဲ့ပါတယ်။ ကစားအား တင်လာခဲ့တဲ့ လီဗာပူးကပဲ မာနေး ကြိုးစားရယူသွားတဲ့ ဘောလုံးကို ဧရိယာထဲမှာ အသင်းဖော် ဆာလက်ကို ထိုးပေးခဲ့တယ်။ ပေးမှုများပြီး ဘောလုံး မငြိမ်ပေမယ့် ဂိုးရဖို့ အာရုံစိုက်နေတဲ့ ဆာလက်က ဧရိယာထိပ်လောက်ကနေ ကန်သွင်းပြီး ခြေပဂိုးဂိုး စယူပါတယ်။

ဦးဆောင်ဂိုးရဖို့ လိုအပ်နေတဲ့ လီဗာပူးက ခပ်မြန်မြန်ပဲ ပွဲပြန်စဖို့ ကြိုးစားခဲ့ပြီး အခွင့်အရေးကောင်းတွေ ဆက်ယူခဲ့တယ်။ သိပ်မကြာခင်မှာပဲ မာနေးက လှလှပပ ဂိုးရယူပြီး ဦးဆောင်ဂိုး ရစေခဲ့တယ်။ လီဗာပူးတိုက်စစ်က အခွင့်အရေးတွေ သိပ်မရဖြစ်ခဲ့ပြီး ဆာလက်၊ မာနေးတို့ရဲ့ သွင်းဂိုးမတိုင်ခင်တော့ ဖာမင်နို ကြိုးစားပြီး ဂိုးပေါက် ခြိမ်းခြောက်မှုကို နှစ်ကြိမ်လောက် လုပ်ခဲ့သေးတာဖြစ်တယ်။

ဒီနောက်ပိုင်းပွဲတွေမှာ လီဗာပူးဟာ ဂိုးပေါက် ခြိမ်းခြောက်မှု နည်းပါးနေခဲ့ပြီး ဘုန်းမောက်ပွဲမှာတော့ ထိုက်သင့်သလောက် ပြန်လည် တုန့်ပြန်နိုင်ခဲ့တယ်လို့ ဆိုရပါမယ်။ ဒုတိယပိုင်းမှာတော့ ပွဲစပြီး ၁၀ မိနစ်ထိ လီဗာပူးရဲ့ တိုက်စစ်ပိုင်း အခွင့်အရေး ရှာဖွေမှုက သိပ် မထိရောက်ခဲ့ပါဘူး။ ဘုန်းမောက်ဘက်က တိုက်စစ်ဆင်မှု တစ်ကြိမ်ဟာ သွင်းဂိုးဖြစ်ဖို့ နီးစပ်ခဲ့ပြီး မီလ်နာ အစွမ်းကုန် ကြိုးစားခဲ့လို့ ဂိုးလိုင်းကနေ ကပ်သီးလေး ဖြတ်ထုတ်နိုင်ခဲ့တာဖြစ်တယ်။

ဘုန်းမောက်ကလည်း တန်းဆင်းဇုန်ထဲ ဝင်ရောက်သွားပြီဖြစ်လို့ ရလဒ်အတွက် အတော်လေး အနာခံ အကြမ်းပတမ်းခံ ကစားခဲ့သလို လီဗာပူးအသင်းသားတွေကလည်း ခပ်မာမာပဲ ပြန်တုန့်ပြန်ခဲ့ကြတယ်။ ဆာလက်နဲ့ မာနေးတို့ အခွင့်အရေးကောင်းတွေ ထပ်ရခဲ့ကာ မာနေးရဲ့ ကန်ချက်ဆိုရင် အတော်ကောင်းပေမယ့် ဂိုးဘားထိခဲ့ပါတယ်။

ဒီပွဲမှာ ဆာလက်၊ မာနေး၊ ဝိုက်နယ်ဒမ်၊ မီလ်နာနဲ့ ဂိုးမက်စ်တို့ ကောင်းမွန်ခဲ့ကြပြီး ရုန်းကစားခဲ့ကြပါတယ်။ ဖာမင်နိုနဲ့ ဖာဘင်ညိုတို့ကတော့ ပုံမှန်ခြေစွမ်းအောက်ကို ရောက်နေခဲ့ပြီး ကွင်းလယ်တန်းဟာဆိုရင် ဝိုက်နယ်ဒမ်ရဲ့ ရုန်းကန်ကစားမှုကြောင့်ပဲ ရုပ်လုံးပေါ်နေခဲ့တာပါ။

နောက်ပပိုင်းမှာ ဘုန်းမောက်ဘက်က အထိအခိုက် များခဲ့ပြီး လူစားလဲမှု သုံးခုထိ လုပ်ပြီးချိန်မှာ နောက်ထပ်တစ်ဦး ဒဏ်ရာရတာကြောင့် ပွဲက အေးသွားခဲ့ပြီး လီဗာပူးကပဲ လွှမ်းမိုးမှု ပိုများသွားပါတော့တယ်။ ဒီပွဲကို အနိုင်ရလိုက်တာကြောင့် လီဗာပူးဟာ အမှတ်ပေးဇယားကို ၂၅ မှတ်ထိ ဖြတ်ထားနိုင်ခဲ့ပြီဖြစ်ပြီး ချန်ပီယံအဖြစ် သေချာဖို့ ရမှတ် ၉ မှတ်ပဲ လိုတော့တာဖြစ်ပါတယ်။

ZAWGYI

အန္ဖီးကြင္းမွာ ယွဥ္ျပိဳင္တဲ့ လီဗာပူးနဲ႔ ဘုန္းေမာက္ပြဲဟာ ပြဲအၿပီးမွာေတာ့ ဆာလက္၊ မာေနးတို႔ရဲ႕ ပထမပိုင္း သြင္းဂိုးေတြနဲ႔ပဲ ပြဲကို ၂-၁ နဲ႔ အႏိုင္ရကာ ပရီးမီးယားလိဂ္ ခ်န္ပီယံျဖစ္ဖို႔ အေရးပါတဲ့ ေျခလွမ္းကို လွမ္းႏိုင္ခဲ့ပါတယ္။

ပြဲထြက္လူစာရင္းမွာေတာ့ ဂိုးသမားေနရာအျဖစ္ ဒဏ္ရာရေနတဲ့ အယ္လီဆန္ေနရာ အတ္ဒရီယန္ ပြဲထြက္ၿပီး ဘယ္အစြန္ေနရာ မီလ္နာ ပါဝင္လာခဲ့တယ္။ ဘုန္းေမာက္နဲ႔ပြဲမွာ ေရာ္ဘတ္ဆန္ကို အရန္စာရင္းမွာေတာင္ မထည့္တာက ဒဏ္ရာ အေသးစားေလး ရေနလို႔ျဖစ္ျပီး အက္သလက္တီကိုနဲ႔ ခ်န္ပီယံလိဂ္ပြဲအတြက္ အျပည့္အဝ သံုးျခင္းလို႔ အနားေပးခဲ့ျခင္းျဖစ္တယ္။

ကြင္းလယ္က ဖာဘင္ညိဳ၊ ဝိုက္နယ္ဒမ္၊ ခ်ိန္ဘာလိန္အတြဲနဲ႔ ပြဲထြက္ခဲ့ျပီး တိုက္စစ္က မေျပာင္းလဲေပမယ့္ ခံစစ္မွာ လိုဗရန္ အရန္ေတာင္ ပါမလာခဲ့တာကို ျမင္ခဲ့ရပါတယ္။ ပြဲစျပီး သိပ္မၾကာခင္မွာပဲ ဘုန္းေမာက္ဘက္က ဦးေဆာင္ဂိုး စရပါတယ္။ ေကာင္တာတိုက္စစ္လို အေနအထားမွာ ေဘာလံုးကို အျပိဳင္လုရင္း တစ္လွမ္းဦးေနတဲ့ ဂိုးမက္စ္ကို ဝဲလ္ဆန္က သိသိသာသာ တြန္းထုတ္ခဲ့ျပီး ကစားကြက္ တည္ေဆာက္ကာ သြင္းဂိုး ရယူခဲ့တာပါ။

ေကာင္တာတိုက္ခံရမႈမွာ လီဗာပူးရဲ႕ ေနရာယူမႈ လိုအပ္ခ်က္ ရွိေနခဲ့တာျဖစ္ေပမယ့္ ဝဲလ္ဆန္ရဲ႕ သြင္းဂိုးကို VAR ျပန္စစ္ခဲ့ျပီး ဂိုးေပးလိုက္တာ အံ့ၾသစရာျဖစ္ခဲ့တယ္။ ကေလာ့ပ္ အၾကီးအက်ယ္ ေဒါသေပါက္ကြဲေနျပီး သူနဲ႔ လင္ဒါးတို႔ စတုတၳဒိုင္ကို ေစာဒက တက္ေနခဲ့ၾကေပမယ့္ ရလဒ္က အေျပာင္းအလဲ မျဖစ္ေတာ့ပါဘူး။ ဂိုးေပးလိုက္ရျပီးေနာက္ လီဗာပူးဘက္က ကစားပံုတင္ကစားလာခဲ့ျပီး ပြဲက ပိုၾကမ္းလာခဲ့ပါတယ္။

မၾကာခင္မွာပဲ ဖာဘင္ညိဳကို ပင္နယ္တီဧရိယာထဲ ေဖာင္းတာကိုလည္း မ်က္ကြယ္ျပဳသြားခဲ့ပါတယ္။ ကစားအား တင္လာခဲ့တဲ့ လီဗာပူးကပဲ မာေနး ၾကိဳးစားရယူသြားတဲ့ ေဘာလံုးကို ဧရိယာထဲမွာ အသင္းေဖာ္ ဆာလက္ကို ထိုးေပးခဲ့တယ္။ ေပးမႈမ်ားျပီး ေဘာလံုး မျငိမ္ေပမယ့္ ဂိုးရဖို႔ အာရံုစိုက္ေနတဲ့ ဆာလက္က ဧရိယာထိပ္ေလာက္ကေန ကန္သြင္းျပီး ေျခပဂိုးဂိုး စယူပါတယ္။

ဦးေဆာင္ဂိုးရဖို႔ လိုအပ္ေနတဲ့ လီဗာပူးက ခပ္ျမန္ျမန္ပဲ ပြဲျပန္စဖို႔ ၾကိဳးစားခဲ့ျပီး အခြင့္အေရးေကာင္းေတြ ဆက္ယူခဲ့တယ္။ သိပ္မၾကာခင္မွာပဲ မာေနးက လွလွပပ ဂိုးရယူျပီး ဦးေဆာင္ဂိုး ရေစခဲ့တယ္။ လီဗာပူးတိုက္စစ္က အခြင့္အေရးေတြ သိပ္မရျဖစ္ခဲ့ျပီး ဆာလက္၊ မာေနးတို႔ရဲ႕ သြင္းဂိုးမတိုင္ခင္ေတာ့ ဖာမင္ႏို ၾကိဳးစားျပီး ဂိုးေပါက္ ျခိမ္းေျခာက္မႈကို ႏွစ္ၾကိမ္ေလာက္ လုပ္ခဲ့ေသးတာျဖစ္တယ္။

ဒီေနာက္ပိုင္းပြဲေတြမွာ လီဗာပူးဟာ ဂိုးေပါက္ ျခိမ္းေျခာက္မႈ နည္းပါးေနခဲ့ျပီး ဘုန္းေမာက္ပြဲမွာေတာ့ ထိုက္သင့္သေလာက္ ျပန္လည္ တုန္႔ျပန္ႏုိင္ခဲ့တယ္လို႔ ဆိုရပါမယ္။ ဒုတိယပိုင္းမွာေတာ့ ပြဲစျပီး ၁၀ မိနစ္ထိ လီဗာပူးရဲ႕ တိုက္စစ္ပိုင္း အခြင့္အေရး ရွာေဖြမႈက သိပ္ မထိေရာက္ခဲ့ပါဘူး။ ဘုန္းေမာက္ဘက္က တိုက္စစ္ဆင္မႈ တစ္ၾကိမ္ဟာ သြင္းဂိုးျဖစ္ဖို႔ နီးစပ္ခဲ့ျပီး မီလ္နာ အစြမ္းကုန္ ၾကိဳးစားခဲ့လို႔ ဂိုးလိုင္းကေန ကပ္သီးေလး ျဖတ္ထုတ္ႏုိင္ခဲ့တာျဖစ္တယ္။

ဘုန္းေမာက္ကလည္း တန္းဆင္းဇုန္ထဲ ဝင္ေရာက္သြားျပီျဖစ္လို႔ ရလဒ္အတြက္ အေတာ္ေလး အနာခံ အၾကမ္းပတမ္းခံ ကစားခဲ့သလို လီဗာပူးအသင္းသားေတြကလည္း ခပ္မာမာပဲ ျပန္တုန္႔ျပန္ခဲ့ၾကတယ္။ ဆာလက္နဲ႔ မာေနးတို႔ အခြင့္အေရးေကာင္းေတြ ထပ္ရခဲ့ကာ မာေနးရဲ႕ ကန္ခ်က္ဆိုရင္ အေတာ္ေကာင္းေပမယ့္ ဂိုးဘားထိခဲ့ပါတယ္။

ဒီပြဲမွာ ဆာလက္၊ မာေနး၊ ဝိုက္နယ္ဒမ္၊ မီလ္နာနဲ႔ ဂိုးမက္စ္တို႔ ေကာင္းမြန္ခဲ့ၾကျပီး ရုန္းကစားခဲ့ၾကပါတယ္။ ဖာမင္ႏိုနဲ႔ ဖာဘင္ညိဳတို႔ကေတာ့ ပံုမွန္ေျခစြမ္းေအာက္ကို ေရာက္ေနခဲ့ျပီး ကြင္းလယ္တန္းဟာဆိုရင္ ဝိုက္နယ္ဒမ္ရဲ႕ ရုန္းကန္ကစားမႈေၾကာင့္ပဲ ရုပ္လံုးေပၚေနခဲ့တာပါ။

ေနာက္ပပိုင္းမွာ ဘုန္းေမာက္ဘက္က အထိအခိုက္ မ်ားခဲ့ျပီး လူစားလဲမႈ သုံးခုထိ လုပ္ျပီးခ်ိန္မွာ ေနာက္ထပ္တစ္ဦး ဒဏ္ရာရတာေၾကာင့္ ပြဲက ေအးသြားခဲ့ျပီး လီဗာပူးကပဲ လႊမ္းမုိးမႈ ပိုမ်ားသြားပါေတာ့တယ္။ ဒီပြဲကို အႏုိင္ရလိုက္တာေၾကာင့္ လီဗာပူးဟာ အမွတ္ေပးဇယားကို ၂၅ မွတ္ထိ ျဖတ္ထားႏုိင္ခဲ့ျပီျဖစ္ျပီး ခ်န္ပီယံအျဖစ္ ေသခ်ာဖို႔ ရမွတ္ ၉ မွတ္ပဲ လိုေတာ့တာျဖစ္ပါတယ္။