ဒီရက်တွေမှာ စပိန်အခြေစိုက် သတင်းဌာနတွေက လီဗာပူးဟာ ဘာစီလိုနာ ကွင်းလယ်လူ ကော်တင်ညိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေဆဲဆိုတဲ့ သတင်းတွေကို ဆက်လက် ဖော်ပြခဲ့ပြန်ပါတယ်။

ဘိုင်ယန်မြူးနစ်ကို အငှားချထားတဲ့ ကွင်းလယ်လူဟာ ရာသီကုန်မှာတော့ ဘာစီလိုနာကိုပဲ ပြန်သွားရမှာပါ။ ဘာစီလိုနာကလည်း အပြောင်းအရွှေ့မှာ ကော်တင်ညိုကို ပြန်အသုံးချဖို့ ပြင်ဆင်နေပြီး အသုံးစရိတ်ရရှိအောင် ရောင်းထုတ်ခြင်း (သို့) နေမာအတွက် ပီအက်ဂျီကို အလိုက်ပေးမှုမှာ ထည့်သွင်းခြင်းတွေကို လုပ်ဆောင်လိုနေတာဖြစ်တယ်။

ပီအက်ဂျီဘက်က နေမာကို အပြီးသတ် ပြောင်းရွှေ့ကြေးနဲ့ပဲ လက်ခံဖွယ်ရှိနေတာကြောင့် ဘာစီလိုနာက ကော်တင်ညိုကို ရောင်းထုတ်နိုင်ဖို့ နည်းလမ်းရှာလာခဲ့တာဖြစ်တယ်။ အသက် ၂၇ နှစ်အရွယ် ကွင်းလယ်ဖန်တီးရှင်ဟာ ဘိုင်ယန်မြူးနစ်အတွက် ဒီရာသီမှာ ၉ ဂိုးသွင်းပြီး ဂိုးထောက်ပံ့မှု ၈ ကြိမ်ထိ ပြုလုပ်ထားနိုင်တာဖြစ်ပါတယ်။ ဒါပေမယ့် သူ့ကို လီဗာပူးမှာ ပြန်မြင်ရဖို့က မဖြစ်နိုင်ကြောင်း ပီယာ့စ်ရဲ့ ပြောဆိုမှုအရ သိရပါတယ်။

လီဗာပူးသတင်းထောက် ပီယာ့စ်ကတော့ ဒီနွေမှာ လီဗာပူးက ကစားသမား ခေါ်ယူမှုတွေ ပြုလုပ်မှာဖြစ်ပြီး မနှစ်ကနဲ့ ခြားနားတဲ့ အနေအထားတွေကို မြင်ရမယ်လို့ ဆိုပါတယ်။ နွေမှာ ချီရီဗီလာ၊ လယ်လာနာ တို့ကို လက်လွတ်ရမှာ ဖြစ်သလို ဝိုက်နယ်ဒမ် စာချုပ်သစ် မသေချာပဲ ရှာကွီရီကို ရောင်းထုတ်ဖို့လည်း ရှိနေတာပါ။ ဒါကြောင့် ကွင်းလယ်ပိုင်းကို အားဖြည့်ဖို့လည်း စီစဉ်လာတာဖြစ်တယ်။

မန်နေဂျာယာဂင်ကလော့ပ်က နွေအတွက် နေရာ ၄ နေရာကို အင်အားဖြည့်ဖို့ ရည်ရွယ်ထားပြီး အဆိုပါ နေရာထဲ ကွင်းလယ်လည်း ပါဝင်နေတာဖြစ်တယ်။ ဒါပေမယ့်လို့ ကလော့ပ်က ဖန်တီးနိုင်စွမ်းမြင့်တဲ့ ကွင်းလယ်လူမျိုးထက် ပေါက်ကွဲအားကောင်းတဲ့ ကွင်းလယ်လူသစ်ကိုပဲ ခေါ်ယူလိုနေတယ်လို့ ပီယာစ့်က ဖွင့်ဟလိုက်တယ်။

လီဗာပူးဟာ ကွင်းလယ်အတွက် အသက် ၂၁ နှစ်အောက် ကစားသမား သုံးဦးကို အလေးအနက်ထား စောင့်ကြည့်နေပြီး ထိပ်တန်း ပစ်မှတ် မဟုတ်ပေမယ့် နော်ဝစ်ကွင်းလယ်လူ ကန့်ဝဲလ်ကိုလည်း စောင့်ကြည့်နေဆဲဖြစ်တယ်။ ယူ-၂၃ အသင်း ကွင်းလယ်လူ ကာတစ်ဂျုံးကိုလည်း စီနီယာအသင်းထံ ခေါ်ယူဖို့ စီစဉ်ထားပါတယ်။

ZAWGYI

ဒီရက္ေတြမွာ စပိန္အေျခစိုက္ သတင္းဌာနေတြက လီဗာပူးဟာ ဘာစီလိုနာ ကြင္းလယ္လူ ေကာ္တင္ညိဳကို ေခၚယူဖို႔ စိတ္ဝင္စားေနဆဲဆိုတဲ့ သတင္းေတြကို ဆက္လက္ ေဖာ္ျပခဲ့ျပန္ပါတယ္။

ဘိုင္ယန္ျမဴးနစ္ကို အငွားခ်ထားတဲ့ ကြင္းလယ္လူဟာ ရာသီကုန္မွာေတာ့ ဘာစီလိုနာကိုပဲ ျပန္သြားရမွာပါ။ ဘာစီလိုနာကလည္း အေျပာင္းအေရႊ႔မွာ ေကာ္တင္ညိဳကို ျပန္အသံုးခ်ဖို႔ ျပင္ဆင္ေနျပီး အသံုးစရိတ္ရရွိေအာင္ ေရာင္းထုတ္ျခင္း (သို႔) ေနမာအတြက္ ပီအက္ဂ်ီကို အလိုက္ေပးမႈမွာ ထည့္သြင္းျခင္းေတြကို လုပ္ေဆာင္လိုေနတာျဖစ္တယ္။

ပီအက္ဂ်ီဘက္က ေနမာကို အျပီးသတ္ ေျပာင္းေရႊ႔ေၾကးနဲ႔ပဲ လက္ခံဖြယ္ရွိေနတာေၾကာင့္ ဘာစီလိုနာက ေကာ္တင္ညိဳကို ေရာင္းထုတ္ႏုိင္ဖို႔ နည္းလမ္းရွာလာခဲ့တာျဖစ္တယ္။ အသက္ ၂၇ ႏွစ္အရြယ္ ကြင္းလယ္ဖန္တီးရွင္ဟာ ဘိုင္ယန္ျမဴးနစ္အတြက္ ဒီရာသီမွာ ၉ ဂိုးသြင္းျပီး ဂိုးေထာက္ပံ့မႈ ၈ ၾကိမ္ထိ ျပဳလုပ္ထားႏုိင္တာျဖစ္ပါတယ္။ ဒါေပမယ့္ သူ႔ကို လီဗာပူးမွာ ျပန္ျမင္ရဖို႔က မျဖစ္ႏုိင္ေၾကာင္း ပီယာ့စ္ရဲ႕ ေျပာဆိုမႈအရ သိရပါတယ္။

လီဗာပူးသတင္းေထာက္ ပီယာ့စ္ကေတာ့ ဒီေႏြမွာ လီဗာပူးက ကစားသမား ေခၚယူမႈေတြ ျပဳလုပ္မွာျဖစ္ျပီး မႏွစ္ကနဲ႔ ျခားနားတဲ့ အေနအထားေတြကို ျမင္ရမယ္လို႔ ဆိုပါတယ္။ ေႏြမွာ ခ်ီရီဗီလာ၊ လယ္လာနာ တို႔ကို လက္လြတ္ရမွာ ျဖစ္သလို ဝိုက္နယ္ဒမ္ စာခ်ဳပ္သစ္ မေသခ်ာပဲ ရွာကီြရီကို ေရာင္းထုတ္ဖို႔လည္း ရွိေနတာပါ။ ဒါေၾကာင့္ ကြင္းလယ္ပိုင္းကို အားျဖည့္ဖို႔လည္း စီစဥ္လာတာျဖစ္တယ္။

မန္ေနဂ်ာယာဂင္ကေလာ့ပ္က ေႏြအတြက္ ေနရာ ၄ ေနရာကို အင္အားျဖည့္ဖို႔ ရည္ရြယ္ထားျပီး အဆိုပါ ေနရာထဲ ကြင္းလယ္လည္း ပါဝင္ေနတာျဖစ္တယ္။ ဒါေပမယ့္လို႔ ကေလာ့ပ္က ဖန္တီးႏုိင္စြမ္းျမင့္တဲ့ ကြင္းလယ္လူမ်ိဳးထက္ ေပါက္ကြဲအားေကာင္းတဲ့ ကြင္းလယ္လူသစ္ကိုပဲ ေခၚယူလိုေနတယ္လို႔ ပီယာစ့္က ဖြင့္ဟလိုက္တယ္။

လီဗာပူးဟာ ကြင္းလယ္အတြက္ အသက္ ၂၁ ႏွစ္ေအာက္ ကစားသမား သံုးဦးကို အေလးအနက္ထား ေစာင့္ၾကည့္ေနျပီး ထိပ္တန္း ပစ္မွတ္ မဟုတ္ေပမယ့္ ေနာ္ဝစ္ကြင္းလယ္လူ ကန္႔ဝဲလ္ကိုလည္း ေစာင့္ၾကည့္ေနဆဲျဖစ္တယ္။ ယူ-၂၃ အသင္း ကြင္းလယ္လူ ကာတစ္ဂ်ံဳးကိုလည္း စီနီယာအသင္းထံ ေခၚယူဖို႔ စီစဥ္ထားပါတယ္။