အာဆင်နယ်ဂန္တဝင်ကြီး မာတင်ကီယွန်ကတော့ လီဗာပူးအသင်း ရံှူးပွဲတွေ့ပြီး ဒီရာသီ ရွှေဖလားရဖို့ မဖြစ်နိုင်တော့တဲ့အပေါ် အောင်ပွဲခံနေကြမှုကို ဝေဖန်စကားတစ်ခွန်း ပြောဆိုလိုက်ပါတယ်။
အင်္ဂလန်မှာ ဘယ်အသင်းကမှ အနိုင်ယူနိုင်ဖွယ် မရှိဘူးလို့ ထင်ကြေးပေးရလောက်အောင် ထူးချွန်နေတဲ့ လီဗာပူးက အံ့အားသင့်စရာအဖြစ် ဝတ်ဖိုဒ့်ကို ၃-၀ နဲ့ အရေးနိမ့်ခဲ့တာပါ။ ဒီရံှူးပွဲက အင်္ဂလန်တစ်ဝန်းတင်မကပဲ ဥရောပကိုပါ ရိုက်ခတ်ခဲ့ပြီး များစွာသော လှောင်ပြောင်မှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။
လီဗာပူးအသင်းသားတွေနဲ့ မန်နေဂျာယာဂင်ကလော့ပ်ကတော့ ဒီရံှူးပွဲအတွက် ကောင်းမွန်တဲ့ တုန့်ပြန်မှုကို ပေးခဲ့ကြပြီး အသင်းက လိုအပ်ချက်များခဲ့တယ်လို့ ဝန်ခံခဲ့တယ်။ လီဗာပူးရဲ့ အရံှူးအတွက် အောင်ပွဲခံမှုတွေထဲမှာ နဗီးရဲ့ ရှန်ပိန်ဖောက်ပြီး အောင်ပွဲခံမှုကတော့ လူသိများတဲ့ ကိစ္စလည်း ဖြစ်ခဲ့ပါတယ်။
မာတင် ကီယွန်က ” ကျနော်ကတော့ သူ့ထက်ပိုပြီး လူကြီးလူကောင်းဆန်တဲ့ အပြုအမှုကို ပြသဖို့ ကြိုးစားမှာပါ။ တစ်စုံတစ်ယောက်ရဲ့ ကျရံှူးသွားမှုကို အကျိုးအမြတ်ကြီးအဖြစ် ခံယူနေမှာ မဟုတ်ပါဘူး။ ကျနေ်ာတို့ နိုင်ခဲ့တာက နိုင်ခဲ့တာပဲလေ ဘယ်သူကမှ ဒါကို ဆွဲထုတ်သွားလို့မှ မရတာပဲ။
ကြည့်ရင်တော့ အားလုံးက စနောက်တာပါ။ နဗီးက နည်းနည်း ရယ်ဖို့ကောင်းအောင် လုပ်တာမျိုးလည်း ဖြစ်မှာပါ။ ဒါပေမယ့် တစ်စုံတစ်ယောက်ရဲ့ ကျဆုံးမှုကို ကျနေ်ာတို့က ဘာလို့ အောင်ပွဲခံနေရမလဲဆိုတာ နားမလည်နိုင်အောင်ပဲ။ ကျနော်ကတော့ ကိုယ်နိုင်နေချိန်ပဲ အောင်ပွဲခံပါတယ်။ ကိုယ်အသင်း အနိုင်ရဖို့ပဲ ကြိုးစားခဲ့တယ်။ အခြားသူတွေရဲ့ နိုင်ပွဲ ရပ်သွားလို့နဲ့တော့ အောင်ပွဲ မခံပါဘူး ” လို့ ဆိုသွားခဲ့တာဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ပွဲစဉ် ၁၀ ပွဲ ကစားဖို့ ကျန်ရှိချိန်မှာ လီဗာပူးက အမှတ်ပေးလိဂ်ကို ရမှတ် ၂၂ မှတ်ဖြတ်ပြီး ဦးဆောင်ထားဆဲပါ။ ဒီရာသီအတွက် ချန်ပီယံဖြစ်ဖို့ နီးစပ်နေတဲ့ အသင်းဟာ လက်ကျန်ပွဲတွေကိုပဲ အာရုံစိုက် ယှဉ်ပြိုင်သွားဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
ZAWGYI
အာဆင်နယ်ဂန္တဝင်ကြီး မာတင်ကီယွန်ကတော့ လီဗာပူးအသင်း ရှူံးပွဲတွေ့ပြီး ဒီရာသီ ရွှေဖလားရဖို့ မဖြစ်နိုင်တော့တဲ့အပေါ် အောင်ပွဲခံနေကြမှုကို ဝေဖန်စကားတစ်ခွန်း ပြောဆိုလိုက်ပါတယ်။
လီဗာပူးအသင်းသားတွေနဲ့ မန်နေဂျာယာဂင်ကလော့ပ်ကတော့ ဒီရှူံးပွဲအတွက် ကောင်းမွန်တဲ့ တုန့်ပြန်မှုကို ပေးခဲ့ကြပြီး အသင်းက လိုအပ်ချက်များခဲ့တယ်လို့ ဝန်ခံခဲ့တယ်။ လီဗာပူးရဲ့ အရှူံးအတွက် အောင်ပွဲခံမှုတွေထဲမှာ နဗီးရဲ့ ရှန်ပိန်ဖောက်ပြီး အောင်ပွဲခံမှုကတော့ လူသိများတဲ့ ကိစ္စလည်း ဖြစ်ခဲ့ပါတယ်။