လီဗာပူးအသင်းဟာ ဒီအပတ်မှာတော့ အိမ်ကွင်းပွဲအဖြစ် အန်ဖီးကွင်းမှာပဲ တန်းဆင်းဇုန် အန္တရာယ်ကနေ လွတ်မြောက်ဖို့ ကြိုးစားနေတဲ့ ဘုန်းမောက်ကို ဧည့်ခံ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

လီဗာပူးဟာ နောက်ဆုံး ယှဉ်ပြိုင်ထားတဲ့ တီကို၊ ဝတ်ဖိုဒ့်နဲ့ ချယ်ဆီး အစရှိတဲ့ အဝေးကွင်းပွဲတွေကို ဆက်တိုက် အရေးနိမ့်ထားပြီး ဒီအခြေအနေကို ကုစားဖို့ အိမ်ကွင်းပွဲမှာ အနိုင်ရလဒ်ကို ရယူဖို့ ကြိုးစားလာမှာဖြစ်တယ်။ ဒီပွဲပြီးရင် ချန်ပီယံလိဂ် ၁၆ သင်းအဖြစ် အက်သလက်တီကို ကို အိမ်ကွင်းမှာ ဧည့်ခံဦးမှာဖြစ်လို့ ပွဲကို အမြန်ဆုံး အပြတ်ဖြတ်နိုင်ဖို့ အားသွန်းကစားလာမယ်လို့ ယုံကြည်ရပါတယ်။

အိုဝင်က ” လီဗာပူးရဲ့ ရှည်လျားလှတဲ့ ပရီးမီးယားလိဂ် ရံှူးပွဲမရှိ စံချိန်ဟာ အရင်အပတ်က ဝတ်ဖိုဒ့်ကို အရေးနိမ့်မှုနဲ့အတူ ကျိုးပဲ့သွားရပြီဖြစ်ပါတယ်။ အသင်းသား အချို့ ကြံ့ခိုင်မှု ပြန်ကောင်းလာခြင်းနဲ့အတူ ဘုန်းမောက်ကို ရင်ဆိုင်ကစားတဲ့ပွဲမှာ လီဗာပူးဟာ အနိုင်ရလဒ်တွေကို ပြန်လည် ရယူဖို့ ကြိုးစားလာမှာ ဖြစ်ပါတယ်။

နောက်ဆုံး ၅ ကြိမ် တွေ့ဆုံထားမှုအရ လီဗာပူးက ဘုန်းမောက်ကို အကြိမ်တိုင်း အနိုင်ရထားပြီး သွင်းဂိုးကလည်း ၁၇ ဂိုးထိ သွင်းထားကာ ဂိုးပြတ်ပေးရခြင်း မရှိပါဘူး။ အန်ဖီးကွင်းမှာ ယုံကြည်မှုရှိရှိ အနိုင်ရလဒ်နဲ့အတူ အရင်ပွဲတွေလိုပဲ သွင်းဂိုးတွေ အများအပြား သွင်းယူသွားလိမ့်မယ်လို့ ထင်ပါတယ် ” လို့ ဆိုလိုက်တာဖြစ်တယ်။

အန်ဖီးကွင်းက လီဗာပူးနဲ့ ဘုန်းမောက်ပွဲအတွက် မိုင်ကယ်အိုဝင်ရဲ့ ရလဒ် ခန့်မှန်းကတော့ သွင်းဂိုးဟာ ၃.၅ ကို ကျော်လွန်ပြီး ဂိုးအများ ဖြစ်လိမ့်မယ်လို့ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ဒီအပတ္မွာေတာ့ အိမ္ကြင္းပြဲအျဖစ္ အန္ဖီးကြင္းမွာပဲ တန္းဆင္းဇုန္ အႏၱရာယ္ကေန လြတ္ေျမာက္ဖို႔ ၾကိဳးစားေနတဲ့ ဘုန္းေမာက္ကို ဧည့္ခံ ယွဥ္ျပိဳင္ရမွာျဖစ္ပါတယ္။

လီဗာပူးဟာ ေနာက္ဆုံး ယွဥ္ျပိဳင္ထားတဲ့ တီကို၊ ဝတ္ဖိုဒ့္နဲ႔ ခ်ယ္ဆီး အစရွိတဲ့ အေဝးကြင္းပြဲေတြကို ဆက္တိုက္ အေရးနိမ့္ထားျပီး ဒီအေျခအေနကို ကုစားဖို႔ အိမ္ကြင္းပြဲမွာ အႏုိင္ရလဒ္ကို ရယူဖို႔ ၾကိဳးစားလာမွာျဖစ္တယ္။ ဒီပြဲျပီးရင္ ခ်န္ပီယံလိဂ္ ၁၆ သင္းအျဖစ္ အက္သလက္တီကို ကို အိမ္ကြင္းမွာ ဧည့္ခံဦးမွာျဖစ္လို႔ ပြဲကို အျမန္ဆံုး အျပတ္ျဖတ္ႏုိင္ဖို႔ အားသြန္းကစားလာမယ္လို႔ ယံုၾကည္ရပါတယ္။

အိုဝင္က ” လီဗာပူးရဲ႕ ရွည္လ်ားလွတဲ့ ပရီးမီးယားလိဂ္ ရံွဴးပြဲမရွိ စံခ်ိန္ဟာ အရင္အပတ္က ဝတ္ဖိုဒ့္ကို အေရးနိမ့္မႈနဲ႔အတူ က်ိဳးပဲ့သြားရျပီျဖစ္ပါတယ္။ အသင္းသား အခ်ိဳ႕ ၾကံ႕ခိုင္မႈ ျပန္ေကာင္းလာျခင္းနဲ႔အတူ ဘုန္းေမာက္ကို ရင္ဆုိင္ကစားတဲ့ပြဲမွာ လီဗာပူးဟာ အႏိုင္ရလဒ္ေတြကို ျပန္လည္ ရယူဖို႔ ၾကိဳးစားလာမွာ ျဖစ္ပါတယ္။

ေနာက္ဆံုး ၅ ၾကိမ္ ေတြ႔ဆံုထားမႈအရ လီဗာပူးက ဘုန္းေမာက္ကို အၾကိမ္တိုင္း အႏုိင္ရထားျပီး သြင္းဂိုးကလည္း ၁၇ ဂိုးထိ သြင္းထားကာ ဂိုးျပတ္ေပးရျခင္း မရွိပါဘူး။ အန္ဖီးကြင္းမွာ ယံုၾကည္မႈရွိရွိ အႏုိင္ရလဒ္နဲ႔အတူ အရင္ပြဲေတြလိုပဲ သြင္းဂိုးေတြ အမ်ားအျပား သြင္းယူသြားလိမ့္မယ္လို႔ ထင္ပါတယ္ ” လို႔ ဆိုလိုက္တာျဖစ္တယ္။

အန္ဖီးကြင္းက လီဗာပူးနဲ႔ ဘုန္းေမာက္ပြဲအတြက္ မုိင္ကယ္အိုဝင္ရဲ႕ ရလဒ္ ခန္႔မွန္းကေတာ့ သြင္းဂိုးဟာ ၃.၅ ကို ေက်ာ္လြန္ျပီး ဂိုးအမ်ား ျဖစ္လိမ့္မယ္လို႔ ျဖစ္ပါတယ္။