ဒီကနေ့ည ယှဉ်ပြိုင်ကစားမယ့် အန်ဖီးကွင်းမှာ အသင်းကို အကောင်းဆုံး အားပေးမှုတွေ လုပ်ပေးဖို့ ပရိသတ်တွေကို အသင်းခေါင်းဆောင် ဟန်ဒါဆန်က တောင်းဆိုလိုက်ပါတယ်။

နွေအတွက် မန်နေဂျာကလော့ပ် အလိုရှိတဲ့ ကစားသမားတွေက ထိပ်တန်း တိုက်စစ်သမား တစ်ဦး၊ ဘယ်အစွန်လူတစ်ဦး၊ ပေါက်ကွဲအားကောင်းတဲ့ ကွင်းလယ်လူတစ်ဦးနဲ့ လိုဗရန်ကို ရောင်းထုတ်ခဲ့ပြီးရင် အစားထိုးဖို့ ဗဟိုခံစစ်မှူး တစ်ဦးတို့ဖြစ်ကြောင်း ဂျိမ်းပီယာ့စ်က ထုတ်ဖော်လိက်ပါတယ်။

မန်နေဂျာကလော့ပ်က “ ဘုန်းမောက်နဲ့ပွဲမှာ ကျနေ်ာတို့တွေ အားပေးမှု ပုံစံကောင်းကို ဖန်တီးဖို့လိုပြီး အသုံးပြုဖို့လည်း လိုတယ်။ လူတိုင်းက မှန်ကန်တဲ့ စိတ်ဓါတ်တွေ ရှိဖို့လိုပြီး အားပေးမှုကောင်းတွေနဲ့ တကယ်ကို တိုက်ခိုက်ရမယ် ” လို့ နိူးဆော်လိုက်ပါတယ်။

မနေ့တုန်းက မနက်ပိုင်းမှာ ရှာကွီရီဟာ မဲဝုဒ်ကို ပြန်လည် ရောက်ရှိလာပါတယ်။ သူက ပြန်လည် ထူထောင်ရေး လုပ်ငန်းစဉ်တွေကို စတင် လုပ်ဆောင်ဖွယ်ရှိပြီး ပွဲထွက်မှု ပြန်လုပ်နိုင်ဖို့ စတင် ကြိုးစားရတော့မှာပါ။

ဒီရာသီ လီဗာပူးအသင်းရဲ့ အကောင်းဆုံး ဘောလုံးပိုင်ဆိုင်မှုနဲ့ ရယူခဲ့တဲ့ သွင်းဂိုးက ဘုန်းမောက်ကို အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင်စဉ်ဖြစ်ပြီး ဘောလုံးပိုင်ဆိုင်မှု ၄၄ စက္ကန့်မှာ ထိချက် ၁၈ ချက်ဖြင့် ကီတာက သွင်းယူခဲ့တာဖြစ်ပါတယ်။

ဂိုးသမားအတ်ဒရီယန်ဟာ ပရီးမီးယားလိဂ်မှာ ၁၀ ပွဲ ဂိုးဖမ်းခဲ့ပြီး ၁၀ ပွဲလုံး အနိုင်ရရှိခဲ့ပါတယ်။ သူဟာ ဒီကနေ့ညမှာတော့ ပထမဂိုးသမား အယ်လီဆန်အစား လီဗာပူးဂိုးပေါက်ကို ကာကွယ်ရဖွယ် ရှိနေတာပါ။

လီဗာပူးအသင်းဟာ တစ်နှစ်ကို ပေါင် ၃၁၀ သန်းနဲ့ ကစားသမား လုပ်ခပေးချေမှု အမြင့်ဆုံးရဲ့ နံပါတ် ၅ နေရာကို ရောက်လာခဲ့ပါပြီ။ ဒါဟာ စပိန်ကလပ် ရီးရဲလ်မက်ဒရစ်ထက် ၂ သန်းပဲ လျော့နည်းတာ ဖြစ်ပါတယ်။

အယ်လီဆန်ဘက်ကာဟာ ဘုန်းမောက်ပွဲတင် မကပဲ အက်သလက်တီကိုနဲ့ ပွဲကိုပါ သေချာပေါက် လွဲချော်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ ဘရာဇီး လက်ရွေးစင်ကနေလည်း နုတ်ထွက်ထားရတာဖြစ်ပါတယ်။

ZAWGYI

ဒီကေန႔ည ယွဥ္ျပိဳင္ကစားမယ့္ အန္ဖီးကြင္းမွာ အသင္းကို အေကာင္းဆံုး အားေပးမႈေတြ လုပ္ေပးဖို႔ ပရိသတ္ေတြကို အသင္းေခါင္းေဆာင္ ဟန္ဒါဆန္က ေတာင္းဆိုလိုက္ပါတယ္။

ေႏြအတြက္ မန္ေနဂ်ာကေလာ့ပ္ အလိုရွိတဲ့ ကစားသမားေတြက ထိပ္တန္း တိုက္စစ္သမား တစ္ဦး၊ ဘယ္အစြန္လူတစ္ဦး၊ ေပါက္ကြဲအားေကာင္းတဲ့ ကြင္းလယ္လူတစ္ဦးနဲ႔ လိုဗရန္ကို ေရာင္းထုတ္ခဲ့ျပီးရင္ အစားထိုးဖို႔ ဗဟိုခံစစ္မွဴး တစ္ဦးတို႔ျဖစ္ေၾကာင္း ဂ်ိမ္းပီယာ့စ္က ထုတ္ေဖာ္လိက္ပါတယ္။

မန္ေနဂ်ာကေလာ့ပ္က “ ဘုန္းေမာက္နဲ႔ပြဲမွာ က်ေန္ာတို႔ေတြ အားေပးမႈ ပံုစံေကာင္းကို ဖန္တီးဖို႔လိုျပီး အသံုးျပဳဖို႔လည္း လိုတယ္။ လူတိုင္းက မွန္ကန္တဲ့ စိတ္ဓါတ္ေတြ ရွိဖို႔လိုျပီး အားေပးမႈေကာင္းေတြနဲ႔ တကယ္ကို တိုက္ခုိက္ရမယ္ ” လို႔ ႏိူးေဆာ္လိုက္ပါတယ္။

မေန႔တုန္းက မနက္ပိုင္းမွာ ရွာကီြရီဟာ မဲဝုဒ္ကို ျပန္လည္ ေရာက္ရွိလာပါတယ္။ သူက ျပန္လည္ ထူေထာင္ေရး လုပ္ငန္းစဥ္ေတြကို စတင္ လုပ္ေဆာင္ဖြယ္ရွိျပီး ပြဲထြက္မႈ ျပန္လုပ္ႏုိင္ဖို႔ စတင္ ၾကိဳးစားရေတာ့မွာပါ။

ဒီရာသီ လီဗာပူးအသင္းရဲ႕ အေကာင္းဆံုး ေဘာလံုးပိုင္ဆုိင္မႈနဲ႔ ရယူခဲ့တဲ့ သြင္းဂိုးက ဘုန္းေမာက္ကို အေဝးကြင္းမွာ သြားေရာက္ ယွဥ္ျပိဳင္စဥ္ျဖစ္ျပီး ေဘာလံုးပိုင္ဆုိင္မႈ ၄၄ စကၠန္႔မွာ ထိခ်က္ ၁၈ ခ်က္ျဖင့္ ကီတာက သြင္းယူခဲ့တာျဖစ္ပါတယ္။

ဂိုးသမားအတ္ဒရီယန္ဟာ ပရီးမီးယားလိဂ္မွာ ၁၀ ပြဲ ဂိုးဖမ္းခဲ့ျပီး ၁၀ ပြဲလံုး အႏုိင္ရရွိခဲ့ပါတယ္။ သူဟာ ဒီကေန႔ညမွာေတာ့ ပထမဂိုးသမား အယ္လီဆန္အစား လီဗာပူးဂိုးေပါက္ကို ကာကြယ္ရဖြယ္ ရွိေနတာပါ။

လီဗာပူးအသင္းဟာ တစ္ႏွစ္ကို ေပါင္ ၃၁၀ သန္းနဲ႔ ကစားသမား လုပ္ခေပးေခ်မႈ အျမင့္ဆံုးရဲ႕ နံပါတ္ ၅ ေနရာကို ေရာက္လာခဲ့ပါျပီ။ ဒါဟာ စပိန္ကလပ္ ရီးရဲလ္မက္ဒရစ္ထက္ ၂ သန္းပဲ ေလ်ာ့နည္းတာ ျဖစ္ပါတယ္။

အယ္လီဆန္ဘက္ကာဟာ ဘုန္းေမာက္ပြဲတင္ မကပဲ အက္သလက္တီကိုနဲ႔ ပြဲကိုပါ ေသခ်ာေပါက္ လြဲေခ်ာ္မွာ ျဖစ္ပါတယ္။ ဒါ့အျပင္ သူဟာ ဘရာဇီး လက္ေရြးစင္ကေနလည္း ႏုတ္ထြက္ထားရတာျဖစ္ပါတယ္။