ဖေဖော်ဝါရီလအတွက် ပရီးမီးယားလိဂ် အကောင်းဆုံးမန်နေဂျာ ဆန်ကာတင်စာရင်းမှာ မန်နေဂျာ ယာဂင်ကလော့ပ်က ဆန်ကာတင်စာရင်းတောင် မပါလာပါဘူး။ ဒါက ဒီရာသီအတွက် ပထမဆုံးအကြိမ် ဆန်ကာတင်စာရင်းထဲ မပါဝင်နိုင်တာ ဖြစ်ပါတယ်။

အီတလီသတင်းတွေမှာ ဂျူဗင်တပ်အသင်း ကွင်းလယ်တိုက်စစ်သမား ဖယ်ဒရီကို ကို လီဗာပူးဘက်က ကမ်းလှမ်းလိုတယ်ဆိုတဲ့ သတင်းတွေ ဖော်ပြနေပါတယ်။ လီဗာပူးသတင်းထောက်တွေကတော့ အသက် ၂၆ နှစ်အရွယ် ကွင်းလယ်လူနဲ့ ပက်သက်ပြီး ဘာသတင်းမှ ထုတ်ပြန်ထားခြင်း မရှိပါဘူး။

အန်ဖီးကွင်းမှာ ယှဉ်ပြိုင်ကစားမယ့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့မှာ တီကိုက ခံစစ်ပဲ ကစားနေမှာ မဟုတ်ဘူးလို့ တီကိုကစားသမား ကိုကီက ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ဘက်ဆစ်တက်ထံ အငှားချထားတဲ့ ဂိုးသမား ကားရီးယက်ကို လီဗာပူးက အန်းဒါးလက်အသင်းထံ ရောင်းချနိုင်တယ်လို့ သိရပါတယ်။ ဂျာမနီဂိုးသမားဟာ အန်ဖီးမှာတော့ အနာဂတ် မရှိနိုင်သလို တူရကီကလပ်ကလည်း အပြီးသတ် ခေါ်ယူမှာ မဟုတ်တာကြောင့် ဘယ်ဂျီယံကလပ်ထံ ရောင်းချသွားနိုင်တာပါ။

ဆန်ချိုအတွက် ဒေါ့မွန်ကတော့ ဈေးတွေ ခေါ်နေဆဲဖြစ်ပြီး နွေမှာ ပေါင် သန်း ၁၂၀ နဲ့ ရောင်းထုတ်ဖို့ အမြင့်ဆုံး သက်မှတ်လိုက်တယ်လို့ ဂျာမနီသတင်းဌာန Bild က ဒီကနေ့မှာပဲ ဖော်ပြသွားပါတယ်။

တိုက်စစ်သမား မီနာမီနိုက လီဗာပူးမှာ အသားကျဖို့ သူ ကြိုးစားနေရပြီး အသင်းအတွက် ခြေစွမ်းပြ ကစားနိုင်ခြင်း မရှိသေးတာကို မုန်းတီး ဒေါသထွက်မိတယ်လို့ ဝန်ခံစကား ပြောဆိုလိုက်ပါတယ်။

၂၀၁၅ ခုနှစ်မှာ လီဗာပူးအသင်းကို ဂိုးမက်စ် ရောက်လာပြီးနောက်ပိုင်း အင်္ဂလန်လက်ရွေးစင်ဟာ ဗဟိုခံစစ်မှူးအဖြစ် ကစားတဲ့ ပွဲတွေမှာ လီဗာပူးက တစ်ကြိမ်မှ အရေးနိမ့်ဖူးခြင်း မရှိပါဘူး။ ဘယ်အစွန်နဲ့ ညာအစွန်တွေမှာ ကစားတဲ့ပွဲတွေမှာ အရေးနိမ့်တာတွေ ရှိပေမယ့် ဗဟိုခံစစ်သမားအဖြစ် ကစားရာမှာတော့ ရံှူးပွဲမရှိတာ ဖြစ်ပါတယ်။

ZAWGYI

ေဖေဖာ္ဝါရီလအတြက္ ပရီးမီးယားလိဂ္ အေကာင္းဆံုးမန္ေနဂ်ာ ဆန္ကာတင္စာရင္းမွာ မန္ေနဂ်ာ ယာဂင္ကေလာ့ပ္က ဆန္ကာတင္စာရင္းေတာင္ မပါလာပါဘူး။ ဒါက ဒီရာသီအတြက္ ပထမဆံုးအၾကိမ္ ဆန္ကာတင္စာရင္းထဲ မပါဝင္ႏုိုင္တာ ျဖစ္ပါတယ္။

အီတလီသတင္းေတြမွာ ဂ်ဴဗင္တပ္အသင္း ကြင္းလယ္တိုက္စစ္သမား ဖယ္ဒရီကို ကို လီဗာပူးဘက္က ကမ္းလွမ္းလိုတယ္ဆိုတဲ့ သတင္းေတြ ေဖာ္ျပေနပါတယ္။ လီဗာပူးသတင္းေထာက္ေတြကေတာ့ အသက္ ၂၆ ႏွစ္အရြယ္ ကြင္းလယ္လူနဲ႔ ပက္သက္ျပီး ဘာသတင္းမွ ထုတ္ျပန္ထားျခင္း မရွိပါဘူး။

အန္ဖီးကြင္းမွာ ယွဥ္ျပိဳင္ကစားမယ့္ ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္ ဒုတိယအေက်ာ့မွာ တီကိုက ခံစစ္ပဲ ကစားေနမွာ မဟုတ္ဘူးလို႔ တီကိုကစားသမား ကိုကီက ထုတ္ေဖာ္ ေျပာဆိုလိုက္ပါတယ္။

ဘက္ဆစ္တက္ထံ အငွားခ်ထားတဲ့ ဂိုးသမား ကားရီးယက္ကို လီဗာပူးက အန္းဒါးလက္အသင္းထံ ေရာင္းခ်ႏုိင္တယ္လုိ႔ သိရပါတယ္။ ဂ်ာမနီဂိုးသမားဟာ အန္ဖီးမွာေတာ့ အနာဂတ္ မရွိႏုိင္သလို တူရကီကလပ္ကလည္း အျပီးသတ္ ေခၚယူမွာ မဟုတ္တာေၾကာင့္ ဘယ္ဂ်ီယံကလပ္ထံ ေရာင္းခ်သြားႏုိင္တာပါ။

ဆန္ခ်ိဳအတြက္ ေဒါ့မြန္ကေတာ့ ေစ်းေတြ ေခၚေနဆဲျဖစ္ျပီး ေႏြမွာ ေပါင္ သန္း ၁၂၀ နဲ႔ ေရာင္းထုတ္ဖို႔ အျမင့္ဆံုး သက္မွတ္လိုက္တယ္လုိ႔ ဂ်ာမနီသတင္းဌာန Bild က ဒီကေန႔မွာပဲ ေဖာ္ျပသြားပါတယ္။

တိုက္စစ္သမား မီနာမီႏိုက လီဗာပူးမွာ အသားက်ဖို႔ သူ ၾကိဳးစားေနရျပီး အသင္းအတြက္ ေျခစြမ္းျပ ကစားႏုိင္ျခင္း မရွိေသးတာကို မုန္းတီး ေဒါသထြက္မိတယ္လို႔ ဝန္ခံစကား ေျပာဆိုလိုက္ပါတယ္။

၂၀၁၅ ခုႏွစ္မွာ လီဗာပူးအသင္းကို ဂိုးမက္စ္ ေရာက္လာျပီးေနာက္ပိုင္း အဂၤလန္လက္ေရြးစင္ဟာ ဗဟိုခံစစ္မွဴးအျဖစ္ ကစားတဲ့ ပြဲေတြမွာ လီဗာပူးက တစ္ၾကိမ္မွ အေရးနိမ့္ဖူးျခင္း မရွိပါဘူး။ ဘယ္အစြန္နဲ႔ ညာအစြန္ေတြမွာ ကစားတဲ့ပြဲေတြမွာ အေရးနိမ့္တာေတြ ရွိေပမယ့္ ဗဟိုခံစစ္သမားအျဖစ္ ကစားရာမွာေတာ့ ရံွဴးပြဲမရွိတာ ျဖစ္ပါတယ္။