လီဗာပူးခံစစ်မှူး ဗန်ဒိုက်က ဒီကနေ့ည ယှဉ်ပြိုင်ကစားမယ့် အက်သလက်တီကိုနဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ကို ပြင်းပြမှုအပြည့်နဲ့ ကြိုးစားကစားကြမယ်လို့ အသင်းဖော်တွေကို တိုက်တွန်းလိုက်ပါတယ်။

ဗန်ဒိုက်က ” ဘာစီလိုနာကို ရင်ဆိုင်ကစားခဲ့တုန်းက ဘယ်လို အခွင့်အရေးမှ ကျနေ်ာတို့ မပေးခဲ့ဘူး။ တီကိုနဲ့ ပွဲကိုလည်း တူညီတဲ့ ခံယူချက်တွေနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ ပွဲကောင်းတစ်ပွဲကို ကစားပြီး အနိုင်ရဖို့ မျှော်လင့်ထားတယ်။ ဒါပေမယ့် အရေးကြီးဆုံးနဲ့ အရေးပါဆုံးအဖြစ် ပြင်းပြမှုတွေနဲ့ ကြိုးစားမှုတွေကို ပြသလိုပါတယ်။

ပွဲရဲ့ ပထမဆုံး စက္ကန့်မှသည် နောက်ဆုံး စက္ကန့်အထိ အားလုံးက ကြိုးစားရမှာပါ။ ကိစ္စတွေက ဖြစ်လာနိုင်ပြီး တီကိုကလည်း ပိုကောင်းတဲ့အသင်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့်လို့ နောက်တစ်ဆင့်ကို တက်ရောက်ဖို့ လုံလောက်တဲ့ အရည်အချင်းနဲ့ ထိုက်တန်မှုတွေ ရှိတာကို ကျနေ်ာတို ပြသလိုပါတယ်။

အက်သလက်တီကိုက ခက်ခဲပြီး သူတို့က ထူးချွန်တဲ့ အသင်းတစ်သင်းပါ။ သူတို့ပုံစံအတိုင်း ကစားနိုင်ချိန်မှာ အကောင်းဆုံး အသင်းလည်းဖြစ်တယ်။ တီကိုဟာ ရန်လိုစိတ်အပြည့်နဲ့ ကစားနိုင်ပြီး ကျနေ်ာတို့ကို ဒုက္ခပေးနိုင်တဲ့ တိုက်စစ်သမားတွေကိုလည်း ပိုင်ဆိုင်ထားပါတယ်။ ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

လီဗာပူးဟာ ဝတ်ဖိုဒ့်၊ တီကိုနဲ့ ချယ်ဆီးတို့ကို ဆက်တိုက် အရေးနိမ့်ခဲ့တဲ့နောက် ပြင်ပဖိအားတွေကို ရင်ဆိုင်လာရတာပါ။ ဗန်ဒိုက်ကတော့ ဒီအခြေအနေကို ရဲရဲ ရင်ဆိုင်နိုင်ရမယ်လို့ မြင်ပါတယ်။

” ဖိအားတွေက အမြဲတမ်း ရှိနေပါတယ်။ ကိုယ်က ရလဒ်မကောင်းရင် ဖိအားတွေ ရှိမှာပါပဲ။ ပြင်ပကမ္ဘာကြီးက ကျနေ်ာတို့က တန်းဆင်းဇုန်တိုက်ပွဲကို ဆင်နွဲနေရသလိုကို ပြောဆိုနိုင်ပါတယ်။ ဒါကို ကျနေ်ာတို့တွေ ကိုင်တွယ်နိုင်ရမယ်။ ယောက်ကျားကြီးတွေအဖြစ် ရင့်ကျက်လာရမှာဖြစ်ပြီး ဖိအားတွေကို ကိုင်တွယ်ကာ လီဗာပူးက အခု ရောက်နေတဲ့ နေရာမှာ ရှိဖို့ ဘာလို့ ထိုက်တန်သလိုဆိုတာနဲ့ ချန်ပီယံလိဂ်မှာ ဆက်လက် ယှဉ်ပြိုင်ဖို့ ဘာလို့များ ထိုက်တန်သလဲဆိုတာကို ပြသရပါမယ်။

ပွဲထွက်လူစာရင်းမှာ ဘယ်သူပဲ ပါဝင်ရသည်ဖြစ်စေ ရာနှုန်းပြည့် ပေးဆပ်ကြမယ်ဆိုတာကို သေချာ ပြောရဲပါတယ်။ အသင်းသားတိုင်းက ဒီပွဲအတွက် အာရုံစိုက်နေတာဖြစ်ပြီး လူတိုင်းက နောက်တစ်ဆင့်ကို တက်ရောက်သွားလိုပါတယ်။ ဒီပွဲက မယုံနိုင်လောက်အောင် ခက်ခဲမယ်ဆိုတာကို သိထားပါတယ် ” လို့ ဗန်ဒိုက်က ဆက်လက် ပြောဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးခံစစ္မွဴး ဗန္ဒိုက္က ဒီကေန႔ည ယွဥ္ျပိဳင္ကစားမယ့္ အက္သလက္တီကိုနဲ႔ ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္ ဒုတိယအေက်ာ့ကို ျပင္းျပမႈအျပည့္နဲ႔ ၾကိဳးစားကစားၾကမယ္လို႔ အသင္းေဖာ္ေတြကို တိုက္တြန္းလိုက္ပါတယ္။

ဗန္ဒိုက္က ” ဘာစီလိုနာကို ရင္ဆုိင္ကစားခဲ့တုန္းက ဘယ္လို အခြင့္အေရးမွ က်ေန္ာတို႔ မေပးခဲ့ဘူး။ တီကိုနဲ႔ ပြဲကိုလည္း တူညီတဲ့ ခံယူခ်က္ေတြနဲ႔ ယွဥ္ျပိဳင္ကစားရမွာျဖစ္ပါတယ္။ ပြဲေကာင္းတစ္ပြဲကို ကစားျပီး အႏုိင္ရဖို႔ ေမွ်ာ္လင့္ထားတယ္။ ဒါေပမယ့္ အေရးၾကီးဆံုးနဲ႔ အေရးပါဆံုးအျဖစ္ ျပင္းျပမႈေတြနဲ႔ ၾကိဳးစားမႈေတြကို ျပသလိုပါတယ္။

ပြဲရဲ႕ ပထမဆံုး စကၠန္႔မွသည္ ေနာက္ဆံုး စကၠန္႔အထိ အားလံုးက ၾကိဳးစားရမွာပါ။ ကိစၥေတြက ျဖစ္လာႏုိင္ျပီး တီကိုကလည္း ပိုေကာင္းတဲ့အသင္း ျဖစ္ႏုိင္ပါတယ္။ ဒါေပမယ့္လို႔ ေနာက္တစ္ဆင့္ကို တက္ေရာက္ဖို႔ လံုေလာက္တဲ့ အရည္အခ်င္းနဲ႔ ထိုက္တန္မႈေတြ ရွိတာကို က်ေန္ာတုိ ျပသလိုပါတယ္။

အက္သလက္တီကိုက ခက္ခဲျပီး သူတို႔က ထူးခၽြန္တဲ့ အသင္းတစ္သင္းပါ။ သူတို႔ပံုစံအတိုင္း ကစားႏုိင္ခ်ိန္မွာ အေကာင္းဆံုး အသင္းလည္းျဖစ္တယ္။ တီကိုဟာ ရန္လိုစိတ္အျပည့္နဲ႔ ကစားႏုိင္ျပီး က်ေန္ာတို႔ကို ဒုကၡေပးႏုိင္တဲ့ တိုက္စစ္သမားေတြကိုလည္း ပိုင္ဆုိင္ထားပါတယ္။ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

လီဗာပူးဟာ ဝတ္ဖိုဒ့္၊ တီကိုနဲ႔ ခ်ယ္ဆီးတို႔ကို ဆက္တိုက္ အေရးနိမ့္ခဲ့တဲ့ေနာက္ ျပင္ပဖိအားေတြကို ရင္ဆုိင္လာရတာပါ။ ဗန္ဒိုက္ကေတာ့ ဒီအေျခအေနကို ရဲရဲ ရင္ဆိုင္ႏုိင္ရမယ္လို႔ ျမင္ပါတယ္။

” ဖိအားေတြက အျမဲတမ္း ရွိေနပါတယ္။ ကိုယ္က ရလဒ္မေကာင္းရင္ ဖိအားေတြ ရွိမွာပါပဲ။ ျပင္ပကမၻာၾကီးက က်ေန္ာတုိ႔က တန္းဆင္းဇုန္တိုက္ပြဲကို ဆင္ႏြဲေနရသလိုကို ေျပာဆိုႏုိင္ပါတယ္။ ဒါကို က်ေန္ာတုိ႔ေတြ ကိုင္တြယ္ႏုိင္ရမယ္။ ေယာက္က်ားၾကီးေတြအျဖစ္ ရင့္က်က္လာရမွာျဖစ္ျပီး ဖိအားေတြကို ကိုင္တြယ္ကာ လီဗာပူးက အခု ေရာက္ေနတဲ့ ေနရာမွာ ရွိဖို႔ ဘာလို႔ ထိုက္တန္သလိုဆိုတာနဲ႔ ခ်န္ပီယံလိဂ္မွာ ဆက္လက္ ယွဥ္ျပိဳင္ဖို႔ ဘာလို႔မ်ား ထိုက္တန္သလဲဆိုတာကို ျပသရပါမယ္။

ပြဲထြက္လူစာရင္းမွာ ဘယ္သူပဲ ပါဝင္ရသည္ျဖစ္ေစ ရာႏႈန္းျပည့္ ေပးဆပ္ၾကမယ္ဆိုတာကို ေသခ်ာ ေျပာရဲပါတယ္။ အသင္းသားတိုင္းက ဒီပြဲအတြက္ အာရံုစိုက္ေနတာျဖစ္ျပီး လူတိုင္းက ေနာက္တစ္ဆင့္ကို တက္ေရာက္သြားလိုပါတယ္။ ဒီပြဲက မယံုႏုိင္ေလာက္ေအာင္ ခက္ခဲမယ္ဆိုတာကို သိထားပါတယ္ ” လို႔ ဗန္ဒိုက္က ဆက္လက္ ေျပာဆိုခဲ့တာျဖစ္ပါတယ္။