မန်နေဂျာ ယာဂင်ကလော့ပ်က ဒီကနေ့ည ယှဉ်ပြိုင်ကစားမယ့် ချန်ပီယံလိဂ်ပွဲမှာ ပြိုင်ဘက် အက်သလက်တီကိုအသင်းမှ တိုက်စစ်သမား ဖီလစ်ကို အတေ်ာလေး အထင်ကြီးကြောင်း ထုတ်ဖော် ချီးကျူးလိုက်ပါတယ်။

မနှစ်ကနွေမှာ ဘင်ဖီကာကနေ အက်သလက်တီကိုအသင်းထံ ယူရို ၁၂၆ သန်းနဲ့ ပြောင်းရွှေ့ခဲ့တဲ့ ဖီလစ်ဟာ ကမ္ဘာဘောလုံးသမိုင်းမှာ ဈေးအကြီးဆုံး ကစားသမားတွေထဲက တစ်ဦးလည်း ဖြစ်ပါတယ်။ အသက် ၂၀ အရွယ်ပဲ ရှိသေးပြီး သူဟာ ဒီရာသီမှာ အက်သလက်တီကိုအတွက် ပြိုင်ပွဲစုံ ၂၇ ပွဲအတွင်း ကိုယ်တိုင် ၆ ဂိုးသွင်းပြီး ဂိုးထောက်ပံ့မှု ၂ ကြိမ် ပြုလုပ်ပေးထားတာ ဖြစ်ပါတယ်။

မန်နေဂျာကလော့ပ်က ” ဖီလစ်က ခံစစ်ပိုင်း ကာကွယ်မှုမှာ ဘယ်လောက်ကောင်းတယ်ဆိုတာ ကျနော် မသိပေမယ့် တိုက်စစ်ပိုင်းမှာတော့ အတော်လေးကို ကောင်းမွန်သူဖြစ်ပါတယ်။ ဖီလစ်က စူပါ ကစားသမားပါ။ ငယ်ရွယ်တယ်၊ စကေး သိပ်ကောင်းတယ်။ အရမ်းကောင်းတဲ့ ပေါင်းစပ်မှုလည်း ဖြစ်ပါတယ်။

အခြေအနေကိုတော့ မသိသေးပါဘူး။ မိုရာတာကတော့ ဒဏ်ရာ အသေးစား ရထားတယ်လို့ ကြားထားရပါတယ်။ ဖီလစ်ကတော့ ကစားလို့ ရနိုင်ပါတယ်။ နောက်ဆုံးပွဲမှာ သူကစားခဲ့တာလည်း မြင်ခဲ့ရပြီး ကာလရှည် အနားယူရာကနေ ပြန်ကစားရတာက သူ့အတွက်တော့ စိန်ခေါ်မှုကြီး ဖြစ်နေပါတယ်။

ဒီပွဲက ပွဲကောင်းတစ်ပွဲ ဖြစ်မှာပါ။ ကျနေ်ာတို့ကလည်း တီကိုဘက်က မကစားလိုတဲ့ နေရာတွေမှာ ကစားဖို့နဲ့ အထူးသဖြင့် သူတို့အသင်း တိုက်စစ်သမားတွေကို သူတို့ မကစားလိုတဲ့နေရာ ပို့ဖို့ ကျနေ်ာတို့ လုပ်ဆောင်သွားရမှာပါ။ ဖီလစ်က ဘယ်လို လျှင်မြန်မှုကို ပိုင်ဆိုင်ထားလဲ၊ ဖန်တီးနိုင်မှု၊ ဘောလုံးဉာဏ်ရည် ရှိသလဲဆိုတာကို ကျနော် သိပါတယ်။ ဒါကို ဂရုမစိုက်ဘူးဆိုရင် ကျနေ်ာတို့အတွက် ပြဿနာတွေ ဖြစ်သွားနိုင်ပါတယ် ” လို့ ဆိုသွားခဲ့တာဖြစ်ပါတယ်။

ZAWGYI

မန္ေနဂ်ာ ယာဂင္ကေလာ့ပ္က ဒီကေန႔ည ယွဥ္ျပိဳင္ကစားမယ့္ ခ်န္ပီယံလိဂ္ပြဲမွာ ျပိဳင္ဘက္ အက္သလက္တီကိုအသင္းမွ တုိက္စစ္သမား ဖီလစ္ကို အေတ္ာေလး အထင္ၾကီးေၾကာင္း ထုတ္ေဖာ္ ခ်ီးက်ဴးလိုက္ပါတယ္။

မႏွစ္ကေႏြမွာ ဘင္ဖီကာကေန အက္သလက္တီကိုအသင္းထံ ယူရို ၁၂၆ သန္းနဲ႔ ေျပာင္းေရႊ႔ခဲ့တဲ့ ဖီလစ္ဟာ ကမၻာေဘာလံုးသမိုင္းမွာ ေစ်းအၾကီးဆံုး ကစားသမားေတြထဲက တစ္ဦးလည္း ျဖစ္ပါတယ္။ အသက္ ၂၀ အရြယ္ပဲ ရွိေသးျပီး သူဟာ ဒီရာသီမွာ အက္သလက္တီကိုအတြက္ ျပိဳင္ပြဲစံု ၂၇ ပြဲအတြင္း ကိုယ္တိုင္ ၆ ဂိုးသြင္းျပီး ဂိုးေထာက္ပံ့မႈ ၂ ၾကိမ္ ျပဳလုပ္ေပးထားတာ ျဖစ္ပါတယ္။

မန္ေနဂ်ာကေလာ့ပ္က ” ဖီလစ္က ခံစစ္ပိုင္း ကာကြယ္မႈမွာ ဘယ္ေလာက္ေကာင္းတယ္ဆိုတာ က်ေနာ္ မသိေပမယ့္ တိုက္စစ္ပိုင္းမွာေတာ့ အေတာ္ေလးကို ေကာင္းမြန္သူျဖစ္ပါတယ္။ ဖီလစ္က စူပါ ကစားသမားပါ။ ငယ္ရြယ္တယ္၊ စေကး သိပ္ေကာင္းတယ္။ အရမ္းေကာင္းတဲ့ ေပါင္းစပ္မႈလည္း ျဖစ္ပါတယ္။

အေျခအေနကိုေတာ့ မသိေသးပါဘူး။ မိုရာတာကေတာ့ ဒဏ္ရာ အေသးစား ရထားတယ္လို႔ ၾကားထားရပါတယ္။ ဖီလစ္ကေတာ့ ကစားလို႔ ရႏုိင္ပါတယ္။ ေနာက္ဆံုးပြဲမွာ သူကစားခဲ့တာလည္း ျမင္ခဲ့ရျပီး ကာလရွည္ အနားယူရာကေန ျပန္ကစားရတာက သူ႔အတြက္ေတာ့ စိန္ေခၚမႈၾကီး ျဖစ္ေနပါတယ္။

ဒီပြဲက ပြဲေကာင္းတစ္ပြဲ ျဖစ္မွာပါ။ က်ေန္ာတုိ႔ကလည္း တီကိုဘက္က မကစားလိုတဲ့ ေနရာေတြမွာ ကစားဖို႔နဲ႔ အထူးသျဖင့္ သူတို႔အသင္း တိုက္စစ္သမားေတြကို သူတို႔ မကစားလိုတဲ့ေနရာ ပို႔ဖို႔ က်ေန္ာတို႔ လုပ္ေဆာင္သြားရမွာပါ။ ဖီလစ္က ဘယ္လို လွ်င္ျမန္မႈကို ပိုင္ဆုိင္ထားလဲ၊ ဖန္တီးႏုိင္မႈ၊ ေဘာလံုးဥာဏ္ရည္ ရွိသလဲဆိုတာကို က်ေနာ္ သိပါတယ္။ ဒါကို ဂရုမစိုက္ဘူးဆိုရင္ က်ေန္ာတို႔အတြက္ ျပႆနာေတြ ျဖစ္သြားႏုိင္ပါတယ္ ” လို႔ ဆိုသြားခဲ့တာျဖစ္ပါတယ္။