မန်စီးတီးမန်နေဂျာ ဂွာဒီယိုလာက ပရီးမီးယားလိဂ် ပွဲတွေကို အီတလီနဲ့ စပိန်တွေမှာလို ကွင်းပိတ်ကန်ဖို့ ဆုံးဖြတ်လာခဲ့ရင် အဲ့လို လုပ်မယ့်အစား ရပ်နားထားဖို့ကို ပိုမို ဆန္ဒရှိပါတယ်လို့ ထုတ်ဖော်ပြောဆိုမှု လုပ်လာခဲ့ပါတယ်။

လက်တလောဖြစ်ပေါ်နေတဲ့ ကိုရိုနာ ပျံ့နှံ့မှုအပေါ် ထိန်းချုပ်မှုနဲ့ ပက်သက်ပြီး ဂွာဒီယိုလာက ” အီတလီမှာတော့ ပွဲရပ်နားမှုက စတင်ကာ ဖြစ်ပွားနေပြီဖြစ်ပါတယ်။ နောက်ပြီး စပိန်မှာတော့ ပွဲတွေကို ကွင်းပိတ်ကန်နေပါပြီ။ ဒီမှာလည်း စတင်ဖြစ်လာတော့မယ်လို့ ထင်ပါတယ်။ ” လို့ မှတ်ချက်ပေးပါတယ်။

သူကပဲ ဆက်လက်ပြီး ” အားပေးသူတွေ မပါဝင်ပဲ ဘောလုံးကစားရမယ်ဆိုရင် ကျနော်မှာ မေးခွန်းထုတ်စရာ ရှိလာပါတယ်။ ပရိသတ်တွေက ကွင်းထဲမှာ ဘောလုံးပွဲတွေ လာကြည့်ခွင့် မရဘူးဆိုတာက အဓိပ္ပာယ် မရှိပါဘူး။ ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်အပြင် ဖလားပွဲတွေကို ပရိသတ်မပါပဲ ကျနော်ကတော့ မကစားချင်ပါဘူး။

ကျနေ်ာတို့က ကွင်းထဲမှာ ကစားနေတယ်ဆိုတာ ပရိသတ်တွေအတွက်ပါ။ တစ်ပွဲ၊ နှစ်ပွဲလောက်က ပြဿနာ မရှိပေမယ့် ပိုကြာလာရင်တော့ မကောင်းပါဘူး။ ကျနေ်ာတို့ ဒါတွေကို ပရိသတ်တွေအတွက် လုပ်နေတာပါ။ ကွင်းထဲမှာ ပရိသတ်တွေမပါပဲ ကျနော်ကတော့ မကစားချင်ပါဘူး ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

မန်စီးတီးနဲ့ အာဆင်နယ်တို့ဟာ ဒီညမှာ ပွဲကစားရဖို့ ရှိနေပေမယ့် အာဆင်နယ်အသင်းသားတွေနဲ့ ပွေ့ဖက်မှုတွေ လုပ်ခဲ့ဖူးတဲ့ အိုလံပီယာကိုစ့် အသင်းပိုင်ရှင်ဟာ ကိုရိုနာ ရှိနေကြောင်း ဆေးစစ်ချက် ထွက်ပေါ်လာလို့ ပွဲစဉ်ကို ဖြတ်သိမ်းမှု လုပ်ထားတာဖြစ်တယ်။ လောလောဆယ်မှာတော့ အာဆင်နယ် အသင်းသားတွေကို နေအိမ်တွေမှာ စောင့်ကြည့်မှု လုပ်မယ်ဆိုတာကလွဲလို့ ပရီးမီးယားလိဂ်ဘက်က ကွင်းပိတ်ကန်မယ့် အကြောင်းကိုလည်း ထုတ်ပြောလာခြင်း မရှိသေးတာ ဖြစ်ပါတယ်။

ZAWGYI

မန္စီးတီးမန္ေနဂ်ာ ဂြာဒီယိုလာက ပရီးမီးယားလိဂ္ ပြဲေတြကို အီတလီနဲ႔ စပိန္ေတြမွာလို ကြင္းပိတ္ကန္ဖို႔ ဆံုးျဖတ္္လာခဲ့ရင္ အဲ့လို လုပ္မယ့္အစား ရပ္နားထားဖို႔ကို ပိုမို ဆႏၵရွိပါတယ္လို႔ ထုတ္ေဖာ္ေျပာဆိုမႈ လုပ္လာခဲ့ပါတယ္။

လက္တေလာျဖစ္ေပၚေနတဲ့ ကိုရိုနာ ပ်ံ႔ႏွံ႔မႈအေပၚ ထိန္းခ်ဳပ္မႈနဲ႔ ပက္သက္ျပီး ဂြာဒီယိုလာက ” အီတလီမွာေတာ့ ပြဲရပ္နားမႈက စတင္ကာ ျဖစ္ပြားေနျပီျဖစ္ပါတယ္။ ေနာက္ျပီး စပိန္မွာေတာ့ ပြဲေတြကို ကြင္းပိတ္ကန္ေနပါျပီ။ ဒီမွာလည္း စတင္ျဖစ္လာေတာ့မယ္လို႔ ထင္ပါတယ္။ ” လို႔ မွတ္ခ်က္ေပးပါတယ္။

သူကပဲ ဆက္လက္ျပီး ” အားေပးသူေတြ မပါဝင္ပဲ ေဘာလံုးကစားရမယ္ဆိုရင္ က်ေနာ္မွာ ေမးခြန္းထုတ္စရာ ရွိလာပါတယ္။ ပရိသတ္ေတြက ကြင္းထဲမွာ ေဘာလံုးပြဲေတြ လာၾကည့္ခြင့္ မရဘူးဆိုတာက အဓိပၸာယ္ မရွိပါဘူး။ ခ်န္ပီယံလိဂ္နဲ႔ ပရီးမီးယားလိဂ္အျပင္ ဖလားပြဲေတြကို ပရိသတ္မပါပဲ က်ေနာ္ကေတာ့ မကစားခ်င္ပါဘူး။

က်ေန္ာတို႔က ကြင္းထဲမွာ ကစားေနတယ္ဆိုတာ ပရိသတ္ေတြအတြက္ပါ။ တစ္ပြဲ၊ ႏွစ္ပြဲေလာက္က ျပႆနာ မရွိေပမယ့္ ပိုၾကာလာရင္ေတာ့ မေကာင္းပါဘူး။ က်ေန္ာတုိ႔ ဒါေတြကို ပရိသတ္ေတြအတြက္ လုပ္ေနတာပါ။ ကြင္းထဲမွာ ပရိသတ္ေတြမပါပဲ က်ေနာ္ကေတာ့ မကစားခ်င္ပါဘူး ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

မန္စီးတီးနဲ႔ အာဆင္နယ္တို႔ဟာ ဒီညမွာ ပြဲကစားရဖို႔ ရွိေနေပမယ့္ အာဆင္နယ္အသင္းသားေတြနဲ႔ ေပြ႔ဖက္မႈေတြ လုပ္ခဲ့ဖူးတဲ့ အိုလံပီယာကိုစ့္ အသင္းပိုင္ရွင္ဟာ ကိုရိုနာ ရွိေနေၾကာင္း ေဆးစစ္ခ်က္ ထြက္ေပၚလာလို႔ ပြဲစဥ္ကို ျဖတ္သိမ္းမႈ လုပ္ထားတာျဖစ္တယ္။ ေလာေလာဆယ္မွာေတာ့ အာဆင္နယ္ အသင္းသားေတြကို ေနအိမ္ေတြမွာ ေစာင့္ၾကည့္မႈ လုပ္မယ္ဆိုတာကလြဲလို႔ ပရီးမီးယားလိဂ္ဘက္က ကြင္းပိတ္ကန္မယ့္ အေၾကာင္းကိုလည္း ထုတ္ေျပာလာျခင္း မရွိေသးတာ ျဖစ္ပါတယ္။