လီဗာပူးရဲ့ နောက်ပိုင်းပွဲတွေကို အရန်ခုံနောက်က ပွဲကြည့်စင်ကနေ ထိုင်ကြည့်နေတဲ့ ဟန်ဒါဆန်က အသင်းပရိသတ်တွေက အသင်းအတွက် ဘယ်လောက်တောင်မှ အရေးပါကြောင်းကို သူပို နားလည်လာခဲ့ပါပြီလို့ တီကိုပွဲကြိုမှာ အသိအမှတ်ပြုစကား ပြောဆိုပါတယ်။

မက်ဒရစ်ဟာ ကိုရိုနာ အခြေအနေကြောင့် ကွင်းပိတ်ကန်ရမှုတွေအပြင် ကျောင်းတွေ ပိတ်ထားမှုတွေပါ ရှိနေပေမယ့် ချန်ပီယံလိဂ်ပွဲအဖြစ် ဗြိတိန်က လီဗာပူးမြို့ကို ထောင်နဲ့ချီတဲ့ ပရိသတ်တွေ လာခွင့်ပေးတဲ့အပေါ် မေးခွန်းထုတ်ခံရမှုတွေ ရှိနေပါတယ်။

မန်စီးတီးမန်နေဂျာ ဂွာဒီယိုလာက ပရီးမီးယားလိဂ်ကို ကွင်းပိတ်ကန်တာထက် ပွဲကို ခေတ္တရပ်ဆိုင်းတာမျိုးကို ပိုနှစ်သက်တယ်လို့ အာဆင်နယ်ပွဲကြိုတုန်းက ထုတ်ပြောခဲ့ပါတယ်။ ပြိုင်ပွဲက လောလောဆယ်မှာ ကွင်းပိတ်ခံဖို့တွေထိ စီစဉ်ထားပေမယ့် ပရိသတ်မပါပဲ ကစားလိုခြင်း မရှိဘူးလို့ ဆိုခဲ့တာပါ။

ပရီးမီးယားလိဂ် ပရိသတ် အများအပြားက လက်ရှိရာသီကို ဒီအတိုင်းပဲ ဖြတ်သိမ်းလိုက်ပြီး လာမယ့်ရာသီမှ တူညီတဲ့ ကလပ်တွေနဲ့ ပြန်စဖို့ မှတ်ချက်ပေးနေကြပါတယ်။ အဆိုပါ ပရိသတ်တွေထဲ ထိပ်ဆုံးမှာတော့ အဲဗာတန်အသင်း ပရိသတ်တွေ ပါဝင်နေပါတယ်။

မန်နေဂျာကလော့ပ်က သတိထားရမယ့် အက်သလက်တီကို ကစားသမားအဖြစ် ဖီလစ်ကို ထိန်းဖို့ လိုအပ်မယ်လို့ ပွဲကြိုမှာ ထုတ်ပြောပါတယ်။

မက်ဒရစ်မှ သတင်းထောက်တစ်ဦးက စပိန်ကနေ လီဗာပူးကို ရောက်လာခဲ့ပြီး မန်နေဂျာကလော့ပ်ကို ပွဲကြိုမှာ ကိုရိုနာ အခြေအနေကို မေးခဲ့ပါတယ်။ ကလော့ပ်က သတင်းထောက်ရဲ့ မေးပုံကို သဘောမကျကြောင်း ဒေါသထွက်စွာ ဖြေဆိုခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ ပြဿနာကို လီဗာပူးအသင်းနဲ့ပဲ သက်ဆိုင်သလို အမေးမျိုး မလုပ်ဖို့ ပြင်းပြင်းထန်ထန် သတိပေးလိုက်ပါတယ်။

လီဗာပူးတိုက်စစ်သမားဟောင်းကြီး ဂျွန်ဘမ်းက ဆန်ချိုနဲ့ လီဗာပူးကြား အပြောင်းအရွှေ့ ကိစ္စ လုံးဝ မဖြစ်ဖို့ မျှော်လင့်နေပါတယ်။ သူကပဲ လူငယ်ကစားသမား တစ်ဦးကို စံချိန်တင်ကြေး ပေးပြီး ခေါ်ရမှာကို မနှစ်သက်သလို ပုံမှန်ပွဲထွက်ခွင့်ရမှာ မဟုတ်တဲ့ အသင်းကို လူငယ်တစ်ဦးက မပြောင်းသင့်ပဲ အမြဲတမ်း ပွဲထွက်ခွင့်ရနေတဲ့ အသင်းမှာ တိုးတက်မှု ရှာဖွေသင့်တယ်လို့ ထောက်ပြလိုက်ပါတယ်။

လီဗာပူးဟာ NIKE နဲ့ စာချုပ်အရ နွေမှာ တရုတ်ကို သွားဖို့ စီစဉ်ထားပါတယ်။ ဒါပေမယ့် ကမ္ဘာတစ်လွှားမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် ဆယ်စုနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် လာမယ့် နွေမှာတော့ ဥရောပမှာပဲ ရာသီကြို ပြင်ဆင်ဖွယ် ရှိနေတယ်။

ZAWGYI

လီဗာပူးရဲ႕ ေနာက္ပိုင္းပြဲေတြကို အရန္ခံုေနာက္က ပြဲၾကည့္စင္ကေန ထိုင္ၾကည့္ေနတဲ့ ဟန္ဒါဆန္က အသင္းပရိသတ္ေတြက အသင္းအတြက္ ဘယ္ေလာက္ေတာင္မွ အေရးပါေၾကာင္းကို သူပို နားလည္လာခဲ့ပါျပီလို႔ တီကိုပြဲၾကိဳမွာ အသိအမွတ္ျပဳစကား ေျပာဆိုပါတယ္။

မက္ဒရစ္ဟာ ကိုရိုနာ အေျခအေနေၾကာင့္ ကြင္းပိတ္ကန္ရမႈေတြအျပင္ ေက်ာင္းေတြ ပိတ္ထားမႈေတြပါ ရွိေနေပမယ့္ ခ်န္ပီယံလိဂ္ပြဲအျဖစ္ ျဗိတိန္က လီဗာပူးျမိဳ႕ကို ေထာင္နဲ႔ခ်ီတဲ့ ပရိသတ္ေတြ လာခြင့္ေပးတဲ့အေပၚ ေမးခြန္းထုတ္ခံရမႈေတြ ရွိေနပါတယ္။

မန္စီးတီးမန္ေနဂ်ာ ဂြာဒီယိုလာက ပရီးမီးယားလိဂ္ကို ကြင္းပိတ္ကန္တာထက္ ပြဲကို ေခတၱရပ္ဆုိင္းတာမ်ိဳးကို ပိုႏွစ္သက္တယ္လို႔ အာဆင္နယ္ပြဲၾကိဳတုန္းက ထုတ္ေျပာခဲ့ပါတယ္။ ျပိဳင္ပြဲက ေလာေလာဆယ္မွာ ကြင္းပိတ္ခံဖို႔ေတြထိ စီစဥ္ထားေပမယ့္ ပရိသတ္မပါပဲ ကစားလိုျခင္း မရွိဘူးလို႔ ဆိုခဲ့တာပါ။

ပရီးမီးယားလိဂ္ ပရိသတ္ အမ်ားအျပားက လက္ရွိရာသီကို ဒီအတိုင္းပဲ ျဖတ္သိမ္းလိုက္ျပီး လာမယ့္ရာသီမွ တူညီတဲ့ ကလပ္ေတြနဲ႔ ျပန္စဖို႔ မွတ္ခ်က္ေပးေနၾကပါတယ္။ အဆိုပါ ပရိသတ္ေတြထဲ ထိပ္ဆံုးမွာေတာ့ အဲဗာတန္အသင္း ပရိသတ္ေတြ ပါဝင္ေနပါတယ္။

မန္ေနဂ်ာကေလာ့ပ္က သတိထားရမယ့္ အက္သလက္တီကို ကစားသမားအျဖစ္ ဖီလစ္ကို ထိန္းဖို႔ လိုအပ္မယ္လို႔ ပြဲၾကိဳမွာ ထုတ္ေျပာပါတယ္။

မက္ဒရစ္မွ သတင္းေထာက္တစ္ဦးက စပိန္ကေန လီဗာပူးကို ေရာက္လာခဲ့ျပီး မန္ေနဂ်ာကေလာ့ပ္ကို ပြဲၾကိဳမွာ ကိုရိုနာ အေျခအေနကို ေမးခဲ့ပါတယ္။ ကေလာ့ပ္က သတင္းေထာက္ရဲ႕ ေမးပံုကို သေဘာမက်ေၾကာင္း ေဒါသထြက္စြာ ေျဖဆိုခဲ့ျပီး ကမၻာလံုးဆိုင္ရာ ျပႆနာကို လီဗာပူးအသင္းနဲ႔ပဲ သက္ဆိုင္သလို အေမးမ်ိဳး မလုပ္ဖို႔ ျပင္းျပင္းထန္ထန္ သတိေပးလိုက္ပါတယ္။

လီဗာပူးတိုက္စစ္သမားေဟာင္းၾကီး ဂၽြန္ဘမ္းက ဆန္ခ်ိဳနဲ႔ လီဗာပူးၾကား အေျပာင္းအေရႊ႔ ကိစၥ လံုးဝ မျဖစ္ဖို႔ ေမွ်ာ္လင့္ေနပါတယ္။ သူကပဲ လူငယ္ကစားသမား တစ္ဦးကို စံခ်ိန္တင္ေၾကး ေပးျပီး ေခၚရမွာကို မႏွစ္သက္သလို ပံုမွန္ပြဲထြက္ခြင့္ရမွာ မဟုတ္တဲ့ အသင္းကို လူငယ္တစ္ဦးက မေျပာင္းသင့္ပဲ အျမဲတမ္း ပြဲထြက္ခြင့္ရေနတ့ဲ အသင္းမွာ တိုးတက္မႈ ရွာေဖြသင့္တယ္လို႔ ေထာက္ျပလိုက္ပါတယ္။

လီဗာပူးဟာ NIKE နဲ႔ စာခ်ဳပ္အရ ေႏြမွာ တ႐ုတ္ကို သြားဖို႔ စီစဥ္ထားပါတယ္။ ဒါေပမယ့္ ကမာၻတစ္လႊားမွာ ျဖစ္ေပၚေနတဲ့ အေျခအေနေတြေၾကာင့္ ဆယ္စုႏွစ္အတြင္း ပထမဆုံးအႀကိမ္အျဖစ္ လာမယ့္ ေႏြမွာေတာ့ ဥေရာပမွာပဲ ရာသီႀကိဳ ျပင္ဆင္ဖြယ္ ရွိေနတယ္။