ဒီအပတ် စနေနေ့ည မြန်မာစံတော်ချိန် ည ၁၁ နာရီမှာတော့ အန်ဖီးကွင်းမှာ လီဗာပူးက လိဒ်ယူနိုက်တက်ကို ဧည့်ခံ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

လီဗာပူးဟာ မနှစ်တုန်းက ဘောလုံးရာသီမှာ ချန်ပီယံရှစ် ချန်ပီယံကို အန်ဖီးကွင်းမှာ ဧည့်ခံခြင်းဖြင့် ရာသီသစ်ကို စဖွင့်ခဲ့သလို ဒီနှစ်ရဲ့ ပထမဆုံးသော ပရီးမီးယားလိဂ် အဖွင့်ပွဲမှာလည်း ချန်ပီယံရှစ် ချန်ပီယံ လိဒ်ယူနိုက်တက်ကို အန်ဖီးကွင်းမှာ ယှဉ်ပြိုင်ရဦးမှာဖြစ်တယ်။

လိဒ်ယူနိုက်တက်ဟာ လီဗာပူးအတွက်တော့ ပြိုင်ဘက်ဟောင်းဖြစ်ပြီး နှစ်သင်းဟာ သမိုင်းမှာတော့ အကျိတ်အနယ် ယှဉ်ပြိုင်ခဲ့တဲ့ ကာလတွေ ရှိထားခဲ့ပါတယ်။ လိဒ်ယူနိုက်တက် မန်နေဂျာ ဘီယဲလ်ဆာက လီဗာပူးအသင်းကို အထင်ကြီးသလို မန်နေဂျာကလော့ပ်ကလည်း ဘီယဲလ်ဆာရဲ့ ကစားဟန်ကို အတော်လေး သဘောကျရင်းစွဲ ရှိထားပါတယ်။

ဒီပွဲနဲ့ပက်သက်လို့ ပရီးမီးယားလိဂ် ဘောလုံးပွဲ ခန့်မှန်းသူ မိုင်ကယ်အိုဝင်က သုံးသပ်ခန့်မှန်းမှုတစ်ခု ပြုလုပ်ခဲ့ပါသေးတယ်။

အိုဝင်က ” ပရီးမီးယားလိဂ် ချန်ပီယံ လီဗာပူးအသင်းက ချန်ပီယံရှစ် ချန်ပီယံအဖြစ် တန်းတက်လာတဲ့ လိဒ်ယူနိုက်တက်ကို ဧည့်ခံကစားသွားမှာ ဖြစ်ပါတယ်။ ရာသီအစ အဖွင့်ပွဲတွေက အမြဲတမ်း အလှည့်အပြောင်းများပါတယ်။ ဒါပေမယ့် ဒီအတွဲအဘက်မှာတော့ ဧည့်သည်အသင်းက လီဗာပူးကို စိုးရိမ်ထိတ်လန့်ရမှုတွေ အများကြီး ပေးနိုင်စွမ်းရှိမယ်လို့ မထင်ပါဘူး။

ဒီရာသီမှာ လိဒ်ယူနိုက်တက်ရဲ့ ကစားဟန်ကို တကယ်ကိုပဲ ကျနော် စောင့်ကြည့်လိုတယ်။ ဘီယဲလ်ဆာရဲ့ အသင်းက ဖျော်ဖြေမှုပေးနိုင်တယ်ဆိုတဲ့ အချက်တစ်ချက်အပေါ်မှာတော့ ကျနေ်ာတို့ အာမခံချက် ရနိုင်ပါတယ်။ ပြိုင်ဘက်ဟောင်းတွေရဲ့ ထိပ်တိုက်တွေ့မှုက ဖျော်ဖြေမှုပေးနိုင်တဲ့ ပွဲကောင်းတစ်ပွဲ ဖြစ်လာမယ်လို့ ယူဆပေမယ့် အန်ဖီးကွင်းမှာတော့ လီဗာပူးကပဲ ၃-၁ နဲ့ အနိုင်ရသွားပါလိမ့်မယ် ” လို့ ခန့်မှန်းသွားတာဖြစ်ပါတယ်။

ZAWGYI

ဒီအပတ္ စေနေန႔ည ျမန္မာစံေတာ္ခ်ိန္ ည ၁၁ နာရီမွာေတာ့ အန္ဖီးကြင္းမွာ လီဗာပူးက လိဒ္ယူႏုိက္တက္ကို ဧည့္ခံ ယွဥ္ျပိဳင္ရမွာျဖစ္ပါတယ္။

လီဗာပူးဟာ မႏွစ္တုန္းက ေဘာလံုးရာသီမွာ ခ်န္ပီယံရွစ္ ခ်န္ပီယံကို အန္ဖီးကြင္းမွာ ဧည့္ခံျခင္းျဖင့္ ရာသီသစ္ကို စဖြင့္ခဲ့သလို ဒီႏွစ္ရဲ႕ ပထမဆံုးေသာ ပရီးမီးယားလိဂ္ အဖြင့္ပြဲမွာလည္း ခ်န္ပီယံရွစ္ ခ်န္ပီယံ လိဒ္ယူႏုိက္တက္ကို အန္ဖီးကြင္းမွာ ယွဥ္ျပိဳင္ရဦးမွာျဖစ္တယ္။

လိဒ္ယူႏုိက္တက္ဟာ လီဗာပူးအတြက္ေတာ့ ျပိဳင္ဘက္ေဟာင္းျဖစ္ျပီး ႏွစ္သင္းဟာ သမိုင္းမွာေတာ့ အက်ိတ္အနယ္ ယွဥ္ျပိဳင္ခဲ့တဲ့ ကာလေတြ ရွိထားခဲ့ပါတယ္။ လိဒ္ယူႏုိက္တက္ မန္ေနဂ်ာ ဘီယဲလ္ဆာက လီဗာပူးအသင္းကို အထင္ၾကီးသလို မန္ေနဂ်ာကေလာ့ပ္ကလည္း ဘီယဲလ္ဆာရဲ႕ ကစားဟန္ကို အေတာ္ေလး သေဘာက်ရင္းစြဲ ရွိထားပါတယ္။

ဒီပြဲနဲ႔ပက္သက္လုိ႔ ပရီးမီးယားလိဂ္ ေဘာလံုးပြဲ ခန္႔မွန္းသူ မိုင္ကယ္အိုဝင္က သုံးသပ္ခန္႔မွန္းမႈတစ္ခု ျပဳလုပ္ခဲ့ပါေသးတယ္။

အိုဝင္က ” ပရီးမီးယားလိဂ္ ခ်န္ပီယံ လီဗာပူးအသင္းက ခ်န္ပီယံရွစ္ ခ်န္ပီယံအျဖစ္ တန္းတက္လာတဲ့ လိဒ္ယူႏုိက္တက္ကို ဧည့္ခံကစားသြားမွာ ျဖစ္ပါတယ္။ ရာသီအစ အဖြင့္ပြဲေတြက အျမဲတမ္း အလွည့္အေျပာင္းမ်ားပါတယ္။ ဒါေပမယ့္ ဒီအတြဲအဘက္မွာေတာ့ ဧည့္သည္အသင္းက လီဗာပူးကို စိုးရိမ္ထိတ္လန္႔ရမႈေတြ အမ်ားၾကီး ေပးႏုိင္စြမ္းရွိမယ္လို႔ မထင္ပါဘူး။

ဒီရာသီမွာ လိဒ္ယူႏုိက္တက္ရဲ႕ ကစားဟန္ကို တကယ္ကိုပဲ က်ေနာ္ ေစာင့္ၾကည့္လိုတယ္။ ဘီယဲလ္ဆာရဲ႕ အသင္းက ေဖ်ာ္ေျဖမႈေပးႏုိင္တယ္ဆိုတဲ့ အခ်က္တစ္ခ်က္အေပၚမွာေတာ့ က်ေန္ာတုိ႔ အာမခံခ်က္ ရႏုိင္ပါတယ္။ ျပိဳင္ဘက္ေဟာင္းေတြရဲ႕ ထိပ္တိုက္ေတြ႔မႈက ေဖ်ာ္ေျဖမႈေပးႏုိင္တဲ့ ပြဲေကာင္းတစ္ပြဲ ျဖစ္လာမယ္လို႔ ယူဆေပမယ့္ အန္ဖီးကြင္းမွာေတာ့ လီဗာပူးကပဲ ၃-၁ နဲ႔ အႏုိင္ရသြားပါလိမ့္မယ္ ” လို႔ ခန္႔မွန္းသြားတာျဖစ္ပါတယ္။