ဝါရင့် လီဗာပူးသတင်းထောက်ဖြစ်သူ ဂျိမ်းပီရက်စ်က အသင်းရဲ့ လူစာရင်းဟာ ရာသီသစ် စတင်ဖို့အတွက်လည်း တောင့်တင်းမှုရှိတယ်လို့ ယုံကြည်ပေမယ့် နှစ်နေရာစာအတွက် စိုးရိမ်မိတယ်လို့ ပြောပါတယ်။

လီဗာပူးဟာ ကွင်းလယ်မှာ အယ်ကန်တာရာကို ခေါ်ယူဖို့ စဉ်းစား လုပ်ဆောင်နေမှုတွေ ရှိသော်လည်း စပိန်သားကို ခေါ်ယူဖို့က ဝိုက်နယ်ဒမ် ထွက်ခွာသွားမှာပဲ ဖြစ်နိုင်မှာပါ။ တကယ်တမ်းကတော့ လီဗာပူးကွင်းလယ်ဟာ ကစားသမား အလုံအလာက်ရှိကာ အရမ်းကြီး စိတ်ပူရမယ့် အနေအထားမှာ မပါသေးပါဘူး။ အခြားသော နေရာတွေက ကွင်းလယ်ထက် ပိုလိုအပ်နေဦးမှာဖြစ်တယ်။

ဒါကိုလည်း ဂျိမ်းပီရက်စ်က ” အသင်းက ရော်ဘတ်ဆန်နေရာကို အရန်အဖြစ် ကာဗာပေးဖို့ရာ အဆုံးမှာတော့ ကိုစတက်ကို ခေါ်ယူနိုင်ခဲ့တာက သိပ်ကောင်းတဲ့ အင်အားဖြည့်နိုင်မှုဖြစ်တယ်လို့ ကျနော် ထင်ပါတယ်။ ဒါပေမယ့်လို့ လီဗာပူးက လိုဗရန်နေရာကို အင်အားမဖြည့်နိုင်သေးတာက ကျနော်ကို စိတ်ပူစေပါတယ်။

လက်ရှိ လီဗာပူးအသင်းမှာ စတုတ္ထမြောက် စီနီယာခံစစ်မှူး မရှိထားပါဘူး။ လီဗာပူးအသင်းက တိုက်စစ်ပိုင်းမှာလည်း ထိပ်တန်း ကစားသမားတစ်ဦး အင်အားဖြည့်ဖို့ လိုအပ်နေမှာဖြစ်တယ်။ အထူးသဖြင့် မာနေးနေရာကို အင်အားဖြည့်ပေးနိုင်မယ့် ဘယ်ခြမ်း တိုက်စစ်သမားတစ်ဦးလောက်က လိုအပ်နေပါတယ် ” လို့ သုံးသပ်ခဲ့တယ်။

မာဆေးဆိုဒ် အခြေစိုက် သတင်းဌာနတွေက ထွက်ပေါ်လာတဲ့ သတင်းအရတော့ လီဗာပူးဟာ စတုတ္ထမြောက် ခံစစ်မှူးအဖြစ် ကစားသမားတစ်ဦးကို ခေါ်ယူတာမျိုးကို လုပ်ဖို့ အလျင်မလိုဘူးလို့ ဆိုတယ်။ အဲ့အစား ကွင်းလယ်လူ ဖာဘင်ညိုကိုပဲ ဗဟိုခံစစ်မှူးနေရာအတွက် အရေးပေါ် အခြေအနေတွေမှာ သုံးဖို့ စီစဉ်ထားတာဖြစ်တယ်။

အသင်းဟာ တိုက်စစ်အတွက်လည်း ဝတ်ဖိုဒ့်က ဆာနဲ့ သတင်းထွက်ပေမယ့် တရားဝင် လှုပ်ရှားမယ့် အရိပ်အယောင် မပြသေးပါဘူး။ ပီရက်စ်ကတော့ အဲ့အတွက် စိတ်ပူမိတယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

ဝါရင့္ လီဗာပူးသတင္းေထာက္ျဖစ္သူ ဂ်ိမ္းပီရက္စ္က အသင္းရဲ႕ လူစာရင္းဟာ ရာသီသစ္ စတင္ဖို႔အတြက္လည္း ေတာင့္တင္းမႈရွိတယ္လို႔ ယံုၾကည္ေပမယ့္ ႏွစ္ေနရာစာအတြက္ စိုးရိမ္မိတယ္လို႔ ေျပာပါတယ္။

လီဗာပူးဟာ ကြင္းလယ္မွာ အယ္ကန္တာရာကို ေခၚယူဖို႔ စဥ္းစား လုပ္ေဆာင္ေနမႈေတြ ရွိေသာ္လည္း စပိန္သားကို ေခၚယူဖို႔က ဝိုက္နယ္ဒမ္ ထြက္ခြာသြားမွာပဲ ျဖစ္ႏုိင္မွာပါ။ တကယ္တမ္းကေတာ့ လီဗာပူးကြင္းလယ္ဟာ ကစားသမား အလံုအလာက္ရွိကာ အရမ္းၾကီး စိတ္ပူရမယ့္ အေနအထားမွာ မပါေသးပါဘူး။ အျခားေသာ ေနရာေတြက ကြင္းလယ္ထက္ ပိုလိုအပ္ေနဦးမွာျဖစ္တယ္။

ဒါကိုလည္း ဂ်ိမ္းပီရက္စ္က ” အသင္းက ေရာ္ဘတ္ဆန္ေနရာကို အရန္အျဖစ္ ကာဗာေပးဖို႔ရာ အဆံုးမွာေတာ့ ကိုစတက္ကို ေခၚယူႏုိင္ခဲ့တာက သိပ္ေကာင္းတဲ့ အင္အားျဖည့္ႏုိင္မႈျဖစ္တယ္လို႔ က်ေနာ္ ထင္ပါတယ္။ ဒါေပမယ့္လို႔ လီဗာပူးက လိုဗရန္ေနရာကို အင္အားမျဖည့္ႏုိင္ေသးတာက က်ေနာ္ကို စိတ္ပူေစပါတယ္။

လက္ရွိ လီဗာပူးအသင္းမွာ စတုတၳေျမာက္ စီနီယာခံစစ္မွဴး မရွိထားပါဘူး။ လီဗာပူးအသင္းက တိုက္စစ္ပိုင္းမွာလည္း ထိပ္တန္း ကစားသမားတစ္ဦး အင္အားျဖည့္ဖို႔ လိုအပ္ေနမွာျဖစ္တယ္။ အထူးသျဖင့္ မာေနးေနရာကို အင္အားျဖည့္ေပးႏုိင္မယ့္ ဘယ္ျခမ္း တိုက္စစ္သမားတစ္ဦးေလာက္က လိုအပ္ေနပါတယ္ ” လို႔ သံုးသပ္ခဲ့တယ္။

မာေဆးဆိုဒ္ အေျခစိုက္ သတင္းဌာနေတြက ထြက္ေပၚလာတဲ့ သတင္းအရေတာ့ လီဗာပူးဟာ စတုတၳေျမာက္ ခံစစ္မွဴးအျဖစ္ ကစားသမားတစ္ဦးကို ေခၚယူတာမ်ိဳးကို လုပ္ဖို႔ အလ်င္မလိုဘူးလို႔ ဆိုတယ္။ အဲ့အစား ကြင္းလယ္လူ ဖာဘင္ညိဳကိုပဲ ဗဟိုခံစစ္မွဴးေနရာအတြက္ အေရးေပၚ အေျခအေနေတြမွာ သံုးဖို႔ စီစဥ္ထားတာျဖစ္တယ္။

အသင္းဟာ တိုက္စစ္အတြက္လည္း ဝတ္ဖိုဒ့္က ဆာနဲ႔ သတင္းထြက္ေပမယ့္ တရားဝင္ လႈပ္ရွားမယ့္ အရိပ္အေယာင္ မျပေသးပါဘူး။ ပီရက္စ္ကေတာ့ အဲ့အတြက္ စိတ္ပူမိတယ္လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။