မန်နေဂျာ ယာဂင်ကလော့ပ်က ကပ်ဘေးကာလ အလွန်မှာ လီဗာပူးရဲ့ အတိုးတက်ဆုံး ကစားသမား သုံးဦးရှိကြောင်း ထုတ်ပြောလာခဲ့ပါတယ်။

မန်နေဂျာပြောတဲ့ သုံးဦးကတော့ ကိတ်တာ၊ ဂျုံးနဲ့ မီနာမီနိုတို့ဖြစ်တယ်။ သူတို့ သုံးဦးဟာ ရာသီကြိုမှာလည်း ပရိသတ်တွေ နှစ်သက်ခြင်းတွေ ခံခဲ့ရပါသေးတယ်။ မီနာမီနိုက ရာသီကြိုမှာ ၂ ဂိုး သွင်းယူထားခဲ့ပြီး ကိတ်တာကလည်း အကောင်းဆုံး ခြေစွမ်းတွေ ပြသထားနိုင်တယ်။ ဂျုံးကတော့ တိုးတက်မှု ပုံစံတွေတင် မကဘဲ စိတ်ဓါတ် မာကျောမှုတွေကိုလည်း ဆက်တိုက် ပြသထားပါတယ်။

ကလော့ပ်က “ အသင်းလူစာရင်းကို တိုးတက်လာဖို့ ကျနော်တို အမြဲတမ်း ဆန္ဒရှိတယ် ဒါပေမယ့် ခြားနားတဲ့ နည်းလမ်းနဲ့ ဖြစ်ပါတယ်။ တစ်နည်းက ကစားသမားသစ်တွေ လက်မှတ်ထိုးဖို့ဖြစ်ပြီး ကျန်တစ်နည်းကတော့ အတူတကွ အလုပ်လုပ်ဆောင်ဖို့ ဖြစ်ပါတယ်။ မကောင်းတဲ့ အပိုင်းတွေကို ကောင်းလာအောင် လုပ်ရမှာဖြစ်ပြီး ကောင်းတဲ့ အပိုင်းတွေကိုတော့ ပိုကောင်းလာအောင် လုပ်ရမှာဖြစ်တယ် ။

ဒါက ဘောလုံးပါပဲ။ ဘယ်သူကမှ လေ့ကျင့်ရေးမှ တိုးတက်မှုရှာဖို့ဆိုပြီး မပြောလိုဘူး၊ ကစားသမားသစ် ခေါ်ယူပါဆိုတဲ့ လက်မှတ်ထိုးမှုအကြောင်းပဲ ပြောလိုကြတယ်။ လော့ဒေါင်းကာလအပြီး ခြေစွမ်း အတည်ငြိမ်ဆုံး ကစားသမားက နာဘီ ကိတ်တာဖြစ်ပါတယ်။ သူ ဒဏ်ရာမရှိတဲ့ ဒီကာလတွေက အရမ်းလည်း အရေးပါခဲ့တယ်။

ကာတစ်ဂျုံးနဲ့ ပက်သက်ပြီး ဖိအားပေးတာတွေ မလုပ်ချင်ပါဘူး။ ဒါပေမယ့် သူက အသင်းအတွက် တကယ်ကို အလားအလာရှိတဲ့ ကစားသမား ဖြစ်ပါတယ်။ တာကီအတွက် အချိန်လိုခဲ့တယ်ဆိုတာကလည်း မြင်သာခဲ့ပြီး အခုချိန်မှာတော့ သူက ခြားနားတဲ့ ကစားသမား ဖြစ်လာနေခဲ့ပါပြီ ” လို့ ပြောခဲ့တာဖြစ်ပါတယ်။

ဒီကစားသမား သုံးဦးဟာ ရာသီသစ်အတွက် လီဗာပူးမှာ အရေးပါသူတွေ ဖြစ်လာမှာပါ။ ဂျုံးဟာ လယ်လာနာနေရာ အစားထိုးမှု ဖြစ်လာမှာဖြစ်ကာ ကီတာနဲ့ မီနာမီနိုကတော့ အသင်းရဲ့ တိုက်စစ်ပိုင်းအတွက် ခြားနားတဲ့ ဖန်တီးမှုပိုင်းတွေကို ယူဆောင်ပေးလာကြမှာပဲ ဖြစ်ပါတယ်။

ZAWGYI

မန္ေနဂ်ာ ယာဂင္ကေလာ့ပ္က ကပ္ေဘးကာလ အလြန္မွာ လီဗာပူးရဲ႕ အတိုးတက္ဆံုး ကစားသမား သံုးဦးရွိေၾကာင္း ထုတ္ေျပာလာခဲ့ပါတယ္။

မန္ေနဂ်ာေျပာတဲ့ သံုးဦးကေတာ့ ကိတ္တာ၊ ဂ်ံဳးနဲ႔ မီနာမီႏိုတို႔ျဖစ္တယ္။ သူတို႔ သံုးဦးဟာ ရာသီၾကိဳမွာလည္း ပရိသတ္ေတြ ႏွစ္သက္ျခင္းေတြ ခံခဲ့ရပါေသးတယ္။ မီနာမီႏိုက ရာသီၾကိဳမွာ ၂ ဂိုး သြင္းယူထားခဲ့ျပီး ကိတ္တာကလည္း အေကာင္းဆံုး ေျခစြမ္းေတြ ျပသထားႏုိင္တယ္။ ဂ်ံဳးကေတာ့ တိုးတက္မႈ ပံုစံေတြတင္ မကဘဲ စိတ္ဓါတ္ မာေက်ာမႈေတြကိုလည္း ဆက္တိုက္ ျပသထားပါတယ္။

ကေလာ့ပ္က “ အသင္းလူစာရင္းကို တိုးတက္လာဖို႔ က်ေနာ္တုိ အျမဲတမ္း ဆႏၵရွိတယ္ ဒါေပမယ့္ ျခားနားတဲ့ နည္းလမ္းနဲ႔ ျဖစ္ပါတယ္။ တစ္နည္းက ကစားသမားသစ္ေတြ လက္မွတ္ထိုးဖို႔ျဖစ္ျပီး က်န္တစ္နည္းကေတာ့ အတူတကြ အလုပ္လုပ္ေဆာင္ဖို႔ ျဖစ္ပါတယ္။ မေကာင္းတဲ့ အပိုင္းေတြကို ေကာင္းလာေအာင္ လုပ္ရမွာျဖစ္ျပီး ေကာင္းတဲ့ အပိုင္းေတြကိုေတာ့ ပိုေကာင္းလာေအာင္ လုပ္ရမွာျဖစ္တယ္ ။

ဒါက ေဘာလံုးပါပဲ။ ဘယ္သူကမွ ေလ့က်င့္ေရးမွ တိုးတက္မႈရွာဖို႔ဆိုျပီး မေျပာလိုဘူး၊ ကစားသမားသစ္ ေခၚယူပါဆိုတဲ့ လက္မွတ္ထိုးမႈအေၾကာင္းပဲ ေျပာလိုၾကတယ္။ ေလာ့ေဒါင္းကာလအျပီး ေျခစြမ္း အတည္ျငိမ္ဆံုး ကစားသမားက နာဘီ ကိတ္တာျဖစ္ပါတယ္။ သူ ဒဏ္ရာမရွိတဲ့ ဒီကာလေတြက အရမ္းလည္း အေရးပါခဲ့တယ္။

ကာတစ္ဂ်ံဳးနဲ႔ ပက္သက္ျပီး ဖိအားေပးတာေတြ မလုပ္ခ်င္ပါဘူး။ ဒါေပမယ့္ သူက အသင္းအတြက္ တကယ္ကို အလားအလာရွိတဲ့ ကစားသမား ျဖစ္ပါတယ္။ တာကီအတြက္ အခ်ိန္လိုခဲ့တယ္ဆိုတာကလည္း ျမင္သာခဲ့ျပီး အခုခ်ိန္မွာေတာ့ သူက ျခားနားတဲ့ ကစားသမား ျဖစ္လာေနခဲ့ပါျပီ ” လို႔ ေျပာခဲ့တာျဖစ္ပါတယ္။

ဒီကစားသမား သံုးဦးဟာ ရာသီသစ္အတြက္ လီဗာပူးမွာ အေရးပါသူေတြ ျဖစ္လာမွာပါ။ ဂ်ံဳးဟာ လယ္လာနာေနရာ အစားထိုးမႈ ျဖစ္လာမွာျဖစ္ကာ ကီတာနဲ႔ မီနာမီႏိုကေတာ့ အသင္းရဲ႕ တိုက္စစ္ပိုင္းအတြက္ ျခားနားတဲ့ ဖန္တီးမႈပိုင္းေတြကို ယူေဆာင္ေပးလာၾကမွာပဲ ျဖစ္ပါတယ္။