မန်နေဂျာ ယာဂင်ကလော့ပ်က ကပ်ဘေးကာလ အလွန်မှာ လီဗာပူးရဲ့ အတိုးတက်ဆုံး ကစားသမား သုံးဦးရှိပြီး ၎င်းတို့က ကိတ်တာ၊ ဂျုံးနဲ့ မီနာမီနိုတို့ဖြစ်ကြောင်း ထုတ်ပြောလာခဲ့ပါတယ်။

အန်ဖီးကွင်းမှာ ယှဉ်ပြိုင်ရမှာ လိဒ်နဲ့ပွဲကို အိုဝင်က ” ပြိုင်ဘက်ဟောင်းတွေရဲ့ ထိပ်တိုက်တွေ့မှုက ဖျော်ဖြေမှုပေးနိုင်တဲ့ ပွဲကောင်းတစ်ပွဲ ဖြစ်လာမယ်လို့ ယူဆပေမယ့် အန်ဖီးကွင်းမှာတော့ လီဗာပူးကပဲ ၃-၁ နဲ့ အနိုင်ရသွားပါလိမ့်မယ် ” လို့ ခန့်မှန်းသွားပါတယ်။

လီဗာပူးအသင်းက ဒီနွေဈေးကွက်မှာ အန်းဒါးလက် လူငယ်တိုက်စစ်သမား ဒိုကူကို ခေါ်ယူဖို့ ပြန်ကမ်းလှမ်းမယ်ဆိုရင် ဘယ်ဂျီယံကလပ်က ရောင်းထုတ်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က သူ့အသင်းက လူဝယ်ချင်တိုင်း ဝယ်လို့ရအောင် ရေနံသူဌေးတွေနဲ့ ကမ္ဘာကျော်သူဌေးတွေ နောက်ခံထားတဲ့ ကလပ်မဟုတ်ဘူးလို့ ပွင့်ပွင့်လင်းလင်း ထုတ်ပြောလိုက်ပါတယ်။

လီဗာပူးအသင်းဟာ ဘရူးစတားကို အငှားချရေးကိစ္စ အဆင်မပြေဖြစ်နေတဲ့နောက် အပြီးသတ် ခေါ်ယူဖို့ ကမ်းလှမ်းနေတဲ့ အသင်းတွေကို ပြောင်းရွှေ့ကြေး ပေါင် ၂၅ သန်းနဲ့ ပြန်လည်ခေါ်ယူခွင့် သဘောတူညီချက်တွေကို တောင်းမှာဖြစ်ပါတယ်။

ဘရိုက်တန်ဟာ လီဗာပူးအသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူထားတဲ့ လယ်လာနာကို ရာသီသစ်ရဲ့ အဓိက ကစားသမားဖြစ်လာဖို့ မျှော်လင့်နေပါတယ်။

ရှက်ဖီးယူနိုက်တက် မန်နေဂျာဝိုင်ဒါက လာမယ့်ရက်ပိုင်းအတွင်း တိုက်စစ်သမား တစ်ဦးကို ခေါ်ယူနိုင်မယ်လို့ မျှော်လင့်ကြောင်း ဆိုပါတယ်။ ရှက်ဖီးဟာ လီဗာပူးတိုက်စစ်မှူး ဘရူးစတားကို ခေါ်ယူဖို့ အတော်လေး လှုပ်ရှားနေပြီး အငှားစာချုပ်ဖြစ်မယ်လို့ သိရပါတယ်။

ဝါရင့် လီဗာပူးသတင်းထောက်ဖြစ်သူ ဂျိမ်းပီရက်စ်က အသင်းရဲ့ လူစာရင်းဟာ ရာသီသစ် စတင်ဖို့အတွက်လည်း တောင့်တင်းမှုရှိတယ်လို့ ယုံကြည်ပေမယ့် ဗဟိုခံစစ်နဲ့ ဘယ်ခြမ်းတိုက်စစ်သမား နှစ်နေရာစာအတွက် စိုးရိမ်မိတယ်လို့ ပြောပါတယ်။

ဘာစီလိုနာ မန်နေဂျာကိုးမန်းက ကွင်းလယ်လူ ကော်တင်ညိုကို သူ့ရဲ့ ဘာစီလိုနာ အသင်းအတွက် အဓိက ကစားသမားအဖြစ် အသုံးပြုဖို့ ဆုံးဖြတ်ခဲ့ခြင်းကြောင့် ၂၀၁၈ ခုနှစ်တုန်းက သူ့ကို ဘာစီလိုနာထံ ရောင်းထုတ်ခဲ့စဉ် သဘောတူခဲ့တဲ့ ပေါင် ၁၄၂ သန်းတန် စာချုပ်ရဲ့ နောက်ဆုံးသော ပြောင်းရွှေ့ကြေး ပေါင် ၄.၈ သန်းကို အပြီးသတ်ရဖို့ နီးစပ်ခဲ့ပြီဖြစ်တယ်။

ZAWGYI

မန္ေနဂ်ာ ယာဂင္ကေလာ့ပ္က ကပ္ေဘးကာလ အလြန္မွာ လီဗာပူးရဲ႕ အတိုးတက္ဆံုး ကစားသမား သံုးဦးရွိျပီး ၄င္းတို႔က ကိတ္တာ၊ ဂ်ံဳးနဲ႔ မီနာမီႏိုတို႔ျဖစ္ေၾကာင္း ထုတ္ေျပာလာခဲ့ပါတယ္။

အန္ဖီးကြင္းမွာ ယွဥ္ျပိဳင္ရမွာ လိဒ္နဲ႔ပြဲကို အိုဝင္က ” ျပိဳင္ဘက္ေဟာင္းေတြရဲ႕ ထိပ္တိုက္ေတြ႔မႈက ေဖ်ာ္ေျဖမႈေပးႏုိင္တဲ့ ပြဲေကာင္းတစ္ပြဲ ျဖစ္လာမယ္လို႔ ယူဆေပမယ့္ အန္ဖီးကြင္းမွာေတာ့ လီဗာပူးကပဲ ၃-၁ နဲ႔ အႏုိင္ရသြားပါလိမ့္မယ္ ” လို႔ ခန္႔မွန္းသြားပါတယ္။

လီဗာပူးအသင္းက ဒီေႏြေစ်းကြက္မွာ အန္းဒါးလက္ လူငယ္တိုက္စစ္သမား ဒိုကူကို ေခၚယူဖို႔ ျပန္ကမ္းလွမ္းမယ္ဆိုရင္ ဘယ္ဂ်ီယံကလပ္က ေရာင္းထုတ္ေပးသြားမွာျဖစ္တယ္လို႔ သိရပါတယ္။

လီဗာပူးမန္ေနဂ်ာ ယာဂင္ကေလာ့ပ္က သူ႔အသင္းက လူဝယ္ခ်င္တိုင္း ဝယ္လို႔ရေအာင္ ေရနံသူေဌးေတြနဲ႔ ကမၻာေက်ာ္သူေဌးေတြ ေနာက္ခံထားတဲ့ ကလပ္မဟုတ္ဘူးလို႔ ပြင့္ပြင့္လင္းလင္း ထုတ္ေျပာလိုက္ပါတယ္။

လီဗာပူးအသင္းဟာ ဘရူးစတားကို အငွားခ်ေရးကိစၥ အဆင္မေျပျဖစ္ေနတဲ့ေနာက္ အျပီးသတ္ ေခၚယူဖို႔ ကမ္းလွမ္းေနတဲ့ အသင္းေတြကို ေျပာင္းေရႊ႔ေၾကး ေပါင္ ၂၅ သန္းနဲ႔ ျပန္လည္ေခၚယူခြင့္ သေဘာတူညီခ်က္ေတြကို ေတာင္းမွာျဖစ္ပါတယ္။

ဘရိုက္တန္ဟာ လီဗာပူးအသင္းကေန အလြတ္ေျပာင္းေရႊ႔ေၾကးျဖင့္ ေခၚယူထားတဲ့ လယ္လာနာကို ရာသီသစ္ရဲ႕ အဓိက ကစားသမားျဖစ္လာဖို႔ ေမွ်ာ္လင့္ေနပါတယ္။

ရွက္ဖီးယူနုိက္တက္ မန္ေနဂ်ာဝိုင္ဒါက လာမယ့္ရက္ပိုင္းအတြင္း တိုက္စစ္သမား တစ္ဦးကို ေခၚယူႏုိင္မယ္လို႔ ေမွ်ာ္လင့္ေၾကာင္း ဆိုပါတယ္။ ရွက္ဖီးဟာ လီဗာပူးတိုက္စစ္မွဴး ဘရူးစတားကို ေခၚယူဖို႔ အေတာ္ေလး လႈပ္ရွားေနျပီး အငွားစာခ်ဳပ္ျဖစ္မယ္လို႔ သိရပါတယ္။

ဝါရင့္ လီဗာပူးသတင္းေထာက္ျဖစ္သူ ဂ်ိမ္းပီရက္စ္က အသင္းရဲ႕ လူစာရင္းဟာ ရာသီသစ္ စတင္ဖို႔အတြက္လည္း ေတာင့္တင္းမႈရွိတယ္လို႔ ယံုၾကည္ေပမယ့္ ဗဟိုခံစစ္နဲ႔ ဘယ္ျခမ္းတိုက္စစ္သမား ႏွစ္ေနရာစာအတြက္ စိုးရိမ္မိတယ္လို႔ ေျပာပါတယ္။

ဘာစီလိုနာ မန္ေနဂ်ာကိုးမန္းက ကြင္းလယ္လူ ေကာ္တင္ညိဳကို သူ႔ရဲ႕ ဘာစီလိုနာ အသင္းအတြက္ အဓိက ကစားသမားအျဖစ္ အသံုးျပဳဖို႔ ဆံုးျဖတ္ခဲ့ျခင္းေၾကာင့္ ၂၀၁၈ ခုႏွစ္တုန္းက သူ႔ကို ဘာစီလိုနာထံ ေရာင္းထုတ္ခဲ့စဥ္ သေဘာတူခဲ့တဲ့ ေပါင္ ၁၄၂ သန္းတန္ စာခ်ဳပ္ရဲ႕ ေနာက္ဆံုးေသာ ေျပာင္းေရႊ႔ေၾကး ေပါင္ ၄.၈ သန္းကို အျပီးသတ္ရဖို႔ နီးစပ္ခဲ့ျပီျဖစ္တယ္။