လီဗာပူးညာအစွန်လူ ထရန့်ဟာ အသေးစာဒဏ်ရာ ပြဿနာကြောင့် သြစတြီးယား ရာသီကြိုကို ပူးပေါင်းနိုင်ခဲ့ခြင်း မရှိဘဲ မဲဝုဒ်မှာပဲ ကြံ့ခိုင်မှု တိုးတက်လာဖို့ ကြိုးစားခဲ့ရတယ်။

နိုင်ငံတကာ သီတင်းပတ်မှာတော့ ဒဏ်ရာက ပြန်သက်သာလာတဲ့ ထရန့်ဟာ လက်ရွေးစင်အသင်းအတွက် ရွေးချယ်ခံရပြီး ပွဲမိနစ်တွေကို ထိတွေ့ခွင့်ရခဲ့ပါတယ်။ ထရန့်ကတော့ အဆိုပါ ပွဲကစားခွင့်တွေကပဲ သူ့ရဲ့ ပုံစံကောင်း ပြန်ရဖို့ အကူအညီဖြစ်စေနိုင်ပြီး ရာသီသစ်အတွက် ဒဏ်ရာပြဿနာက ကင်းစင်နေပါပြီလို့ ထုတ်ပြောလိုက်ပါတယ်။

ကြံ့ခိုင်မှုနဲ့ ပက်သက်လို့ မေးခွန်းတွေအတွက် ထရန့်က ” အားလုံး အဆင်ပြေနေပါတယ် ” လို့ လီဗာပူးအသင်း ဝဘ်ဆိုဒ်ကနေ ပြုံးပြုံးရွှင်ရွှင် ထုတ်ပြောခဲ့ပါတယ်။

သူကပဲ “အရင်တစ်ရက်လောက်ကမှ အင်္ဂလန်အတွက် မိနစ် ၈၀-၈၅ မိနစ်လောက် ကစားပေးထားတာပါ။ ခံစားချက်က ကောင်းပါတယ်။ ကြံ့ခိုင်တယ်လို့ ခံစားရတယ်။ ဒဏ်ရာက တုန့်ပြန်လာမှု အခြေအနေတွေ မရှိတာကြောင့် ခံစားချက် ကောင်းပါတယ်။

ဒီနေ့မှာ လီဗာပူးနဲ့ လေ့ကျင့်ရေး ပြန်ဆင်းမှာပါ။ ဒီအပတ်အကုန်အတွက်လည်း အရမ်းကို စိတ်လှုပ်ရှားနေပါတယ်။ ခက်ခဲတဲ့ စမ်းသပ်မှု ဖြစ်လာမှာပါ။ ပထမဆုံးနေ့မှာတင် တန်းတက် အသင်းသစ်နဲ့ ရင်ဆိုင်ရတယ်ဆိုတာက နည်းနည်းတော့ ခက်ပါတယ်။ ဒါပေမယ့် အဲ့အတွက် အဆင်သင့်ဖြစ်နေအောင် ကျနေ်ာတို့ လုပ်ထားရမှာပါ။

ဘောလုံးကို အချိန်အနည်းငယ် မကစားထားရဘူးဆိုရင်တော့ ကိုယ်ရဲ့ ပုံမှန် ခြေစွမ်းတွေကို ဆုံးရံှူးမှာပါပဲ။ ထိချက်တွေလည်း နည်းနည်း ကျဆင်းနေနိုင်တယ်။ အဲ့အတွက် ပုံစံကောင်းကို အမြန်ဆုံး ပြန်ရနိုင်အောင် ကြိုးစားနိုင်ဖို့ လိုပါတယ်။

ဒါပေမယ့် ပွဲတွေ ရောက်လာပြီး ကစားချိန်တွေ ပြန်ရလာရင် အဆင်ပြေသွားပါလိမ့်မယ်။ လေ့ကျင့်ရေးတွေမှာ ပါဝင် ကြိုးစားရင်း ပွဲတွေကို ကစားရရင်ပေါ့။ အသင်းဖော်တွေကလည်း အဆင့်သင့်ဖြစ်နေပြီလို့ ထင်ပါတယ်။ ဖြစ်နိုင်သလောက် အမြန်ဆုံး ရာနှုန်းပြည့် ပုံစံတွေရဖို ကျနေ်ာတို့ ကြိုးစားသွားမှာ ဖြစ်ပါတယ် ” လို့ ပြောဆိုခဲ့ပါတယ်။

ZAWGYI

လီဗာပူးညာအစြန္လူ ထရန္႔ဟာ အေသးစာဒဏ္ရာ ျပႆနာေၾကာင့္ ၾသစၾတီးယား ရာသီၾကိဳကို ပူးေပါင္းႏုိင္ခဲ့ျခင္း မရွိဘဲ မဲဝုဒ္မွာပဲ ၾကံ႕ခိုင္မႈ တိုးတက္လာဖို႔ ၾကိဳးစားခဲ့ရတယ္။

ႏုိင္ငံတကာ သီတင္းပတ္မွာေတာ့ ဒဏ္ရာက ျပန္သက္သာလာတဲ့ ထရန္႔ဟာ လက္ေရြးစင္အသင္းအတြက္ ေရြးခ်ယ္ခံရျပီး ပြဲမိနစ္ေတြကို ထိေတြ႔ခြင့္ရခဲ့ပါတယ္။ ထရန္႔ကေတာ့ အဆိုပါ ပြဲကစားခြင့္ေတြကပဲ သူ႔ရဲ႕ ပံုစံေကာင္း ျပန္ရဖို႔ အကူအညီျဖစ္ေစႏုိင္ျပီး ရာသီသစ္အတြက္ ဒဏ္ရာျပႆနာက ကင္းစင္ေနပါျပီလို႔ ထုတ္ေျပာလိုက္ပါတယ္။

ၾကံ႕ခိုင္မႈနဲ႔ ပက္သက္လို႔ ေမးခြန္းေတြအတြက္ ထရန္႔က ” အားလံုး အဆင္ေျပေနပါတယ္ ” လို႔ လီဗာပူးအသင္း ဝဘ္ဆိုဒ္ကေန ျပံဳးျပံဳးရႊင္ရႊင္ ထုတ္ေျပာခဲ့ပါတယ္။

သူကပဲ “အရင္တစ္ရက္ေလာက္ကမွ အဂၤလန္အတြက္ မိနစ္ ၈၀-၈၅ မိနစ္ေလာက္ ကစားေပးထားတာပါ။ ခံစားခ်က္က ေကာင္းပါတယ္။ ၾကံ႕ခိုင္တယ္လို႔ ခံစားရတယ္။ ဒဏ္ရာက တုန္႔ျပန္လာမႈ အေျခအေနေတြ မရွိတာေၾကာင့္ ခံစားခ်က္ ေကာင္းပါတယ္။

ဒီေန႔မွာ လီဗာပူးနဲ႔ ေလ့က်င့္ေရး ျပန္ဆင္းမွာပါ။ ဒီအပတ္အကုန္အတြက္လည္း အရမ္းကို စိတ္လႈပ္ရွားေနပါတယ္။ ခက္ခဲတဲ့ စမ္းသပ္မႈ ျဖစ္လာမွာပါ။ ပထမဆံုးေန႔မွာတင္ တန္းတက္ အသင္းသစ္နဲ႔ ရင္ဆိုင္ရတယ္ဆိုတာက နည္းနည္းေတာ့ ခက္ပါတယ္။ ဒါေပမယ့္ အဲ့အတြက္ အဆင္သင့္ျဖစ္ေနေအာင္ က်ေန္ာတို႔ လုပ္ထားရမွာပါ။

ေဘာလံုးကို အခ်ိန္အနည္းငယ္ မကစားထားရဘူးဆိုရင္ေတာ့ ကိုယ္ရဲ႕ ပံုမွန္ ေျခစြမ္းေတြကို ဆံုးရံွဴးမွာပါပဲ။ ထိခ်က္ေတြလည္း နည္းနည္း က်ဆင္းေနႏုိင္တယ္။ အဲ့အတြက္ ပံုစံေကာင္းကို အျမန္ဆံုး ျပန္ရႏုိင္ေအာင္ ၾကိဳးစားႏုိင္ဖို႔ လိုပါတယ္။

ဒါေပမယ့္ ပြဲေတြ ေရာက္လာျပီး ကစားခ်ိန္ေတြ ျပန္ရလာရင္ အဆင္ေျပသြားပါလိမ့္မယ္။ ေလ့က်င့္ေရးေတြမွာ ပါဝင္ ၾကိဳးစားရင္း ပြဲေတြကို ကစားရရင္ေပါ့။ အသင္းေဖာ္ေတြကလည္း အဆင့္သင့္ျဖစ္ေနျပီလို႔ ထင္ပါတယ္။ ျဖစ္ႏိုင္သေလာက္ အျမန္ဆံုုး ရာႏႈန္းျပည့္ ပံုစံေတြရဖို က်ေန္ာတို႔ ၾကိဳးစားသြားမွာ ျဖစ္ပါတယ္ ” လို႔ ေျပာဆိုခဲ့ပါတယ္။