လီဗာပူးနဲ့ လိဒ်ယူနိုက်တက်တို့ဟာ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီ အဖွင့်ပွဲအဖြစ် ဒီအပတ် စနေနေ့ အန်ဖီးကွင်းမှာ ထိပ်တိုက်တွေ့ကြမှာ ဖြစ်ပါတယ်။

ပွဲကြို အင်တာဗျူးတစ်ခုအဖြစ် လီဗာပူးကစားဟန်က မက်တဲလ်အကြမ်စား ဖြစ်မလားဆိုတဲ့ အမေးကို ” ဂီတက ကျနော် မသိတဲ့ နယ်ပယ်ဖြစ်လို့ လီဗာပူး ကစားဟန်က ဟဲဗီးမက်တဲလ်ဖြစ်မလား မသိပါဘူး ” လို့ ဘီယဲလ်ဆာက ပြောပါတယ်။

လိဒ်ယူနိုက်တက်နဲ့ သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့တဲ့ ဘီယဲလ်ဆာဟာ ချန်ပီယံရှစ်မှာ နာမည်ကြီး မန်နေဂျာတစ်ဦး ဖြစ်ခဲ့ပြီး လီဗာပူးရဲ့ ဟဲဗီးမက်တဲလ် ပရိသတ်လားဆိုတဲ့ အမေးကို အထက်ပါအတိုင်း ပြန်ဖြေတယ်။ ဒါပေမယ့်လို့ သူက လီဗာပူးနဲ့ မန်နေဂျာယာဂင်ကလော့ပ်တို့ လုပ်ဆောင်နေတဲ့ နည်းစနစ်ကို သဘောကျကြောင်း ပြောသလို ချန်ပီယံတွေကို ဘယ်လို ရင်ဆိုင်မလဲအတွက်ပါ အဖြေပေးပါသေးတယ်။

ဘီယဲလ်ဆာက “ အရမ်းကိုကောင်းတဲ့ ပွဲဖြစ်လာမှာပါ။ မနှစ်ကနဲ့ ခြားနားတဲ့ ပွဲတစ်ပွဲလည်း ဖြစ်ပါလိမ့်မယ်။ လီဗာပူးက တည်ငြိမ်လွန်းတဲ့ ကစားဟန်နဲ့အတူ ချန်ပီယံဖြစ်လာခဲ့တယ်။ ကမ္ဘာအကောင်းဆုံး အသင်းတစ်သင်းဆိုတာလည်း ယုံမှားသံသယရှိစရာ မလိုပါဘူး။

လီဗာပူးက အရမ်းကောင်းတဲ့ ကစားသမားတွေနဲ့အတူ သိပ်ကောင်းတဲ့ စနစ်တစ်ခုကိုလည်း ဖော်ဆောင်ခဲ့တယ်။ ပရီးမီးယားလိဂ်ဆိုတာ ကမ္ဘာအကောင်းဆုံး လိဂ်ပြိုင်ပွဲတစ်ခုပါ။ ဒီမှာ ကစားဖို့ အကောင်းဆုံး အဆင့်မှာ ရှိနေဖို့လည်း လိုပါတယ်။

ပရီးမီးယားလိဂ်မှာ ကျနေ်ာတို့တွေ ဘယ်လို အခြေခိုင်စွာ ကစားကြမလဲဆိုတာက တွက်ချက်ဖို့ ခက်ခဲပါတယ်။ အဲ့အတွက် ပြင်ဆင်ထားတယ်။ ဒါကိုလည်း ကွင်းထဲမှာ သက်သေပြမှာပါ။ လိဒ်ကစားသမားတွေကလည်း သူတို့က အဆင့်မြင့်ဆုံးသော ပြိုင်ပွဲကြီးမှာ ပါဝင်ကစားနိုင်သူတွေ ဆိုတာကို သက်သေပြလိုစိတ်တွေ ရှိနေကြပါတယ် ” လို့ ဆိုခဲ့တယ်။

ကလော့ပ်နဲ့ ပက်သက်ပြီးလည်း ဘီယဲလ်ဆာဟာ “ ကလော့ပ်က နေရာ အနှံ့မှာ အကောင်းဆုံး လုပ်ခဲ့တယ်။ သူက နေရာတိုင်းမှာ တောက်ပဖို့ အခွင့်အရေး ရခဲ့ပါတယ်။ သူနဲ့ ပက်သက်ပြီး ပြောလိုတာက သူ့ရဲ့ အောင်မြင်မှုတွေအတွက် ဂုဏ်ယူမိကြောင်း ထပ်ပြောလိုပါတယ် ” လို့ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးနဲ႔ လိဒ္ယူႏုိက္တက္တို႔ဟာ ၂၀၂၀-၂၀၂၁ ေဘာလံုးရာသီ အဖြင့္ပြဲအျဖစ္ ဒီအပတ္ စေနေန႔ အန္ဖီးကြင္းမွာ ထိပ္တိုက္ေတြ႔ၾကမွာ ျဖစ္ပါတယ္။

ပြဲၾကိဳ အင္တာဗ်ဴးတစ္ခုအျဖစ္ လီဗာပူးကစားဟန္က မက္တဲလ္အၾကမ္စား ျဖစ္မလားဆိုတဲ့ အေမးကို ” ဂီတက က်ေနာ္ မသိတဲ့ နယ္ပယ္ျဖစ္လို႔ လီဗာပူး ကစားဟန္က ဟဲဗီးမက္တဲလ္ျဖစ္မလား မသိပါဘူး ” လို႔ ဘီယဲလ္ဆာက ေျပာပါတယ္။

လိဒ္ယူႏုိက္တက္နဲ႔ သက္တမ္းတိုးစာခ်ဳပ္ ခ်ဳပ္ဆိုခဲ့တဲ့ ဘီယဲလ္ဆာဟာ ခ်န္ပီယံရွစ္မွာ နာမည္ၾကီး မန္ေနဂ်ာတစ္ဦး ျဖစ္ခဲ့ျပီး လီဗာပူးရဲ႕ ဟဲဗီးမက္တဲလ္ ပရိသတ္လားဆိုတဲ့ အေမးကို အထက္ပါအတိုင္း ျပန္ေျဖတယ္။ ဒါေပမယ့္လို႔ သူက လီဗာပူးနဲ႔ မန္ေနဂ်ာယာဂင္ကေလာ့ပ္တို႔ လုပ္ေဆာင္ေနတဲ့ နည္းစနစ္ကို သေဘာက်ေၾကာင္း ေျပာသလို ခ်န္ပီယံေတြကို ဘယ္လို ရင္ဆိုင္မလဲအတြက္ပါ အေျဖေပးပါေသးတယ္။

ဘီယဲလ္ဆာက “ အရမ္းကိုေကာင္းတဲ့ ပြဲျဖစ္လာမွာပါ။ မႏွစ္ကနဲ႔ ျခားနားတဲ့ ပြဲတစ္ပြဲလည္း ျဖစ္ပါလိမ့္မယ္။ လီဗာပူးက တည္ျငိမ္လြန္းတဲ့ ကစားဟန္နဲ႔အတူ ခ်န္ပီယံျဖစ္လာခဲ့တယ္။ ကမၻာအေကာင္းဆံုး အသင္းတစ္သင္းဆိုတာလည္း ယံုမွားသံသယရွိစရာ မလိုပါဘူး။

လီဗာပူးက အရမ္းေကာင္းတဲ့ ကစားသမားေတြနဲ႔အတူ သိပ္ေကာင္းတဲ့ စနစ္တစ္ခုကိုလည္း ေဖာ္ေဆာင္ခဲ့တယ္။ ပရီးမီးယားလိဂ္ဆိုတာ ကမၻာအေကာင္းဆံုး လိဂ္ျပိဳင္ပြဲတစ္ခုပါ။ ဒီမွာ ကစားဖို႔ အေကာင္းဆံုး အဆင့္မွာ ရွိေနဖို႔လည္း လိုပါတယ္။

ပရီးမီးယားလိဂ္မွာ က်ေန္ာတို႔ေတြ ဘယ္လို အေျခခိုင္စြာ ကစားၾကမလဲဆိုတာက တြက္ခ်က္ဖို႔ ခက္ခဲပါတယ္။ အဲ့အတြက္ ျပင္ဆင္ထားတယ္။ ဒါကိုလည္း ကြင္းထဲမွာ သက္ေသျပမွာပါ။ လိဒ္ကစားသမားေတြကလည္း သူတို႔က အဆင့္ျမင့္ဆံုးေသာ ျပိဳင္ပြဲၾကီးမွာ ပါဝင္ကစားႏုိင္သူေတြ ဆိုတာကို သက္ေသျပလိုစိတ္ေတြ ရွိေနၾကပါတယ္ ” လို႔ ဆိုခဲ့တယ္။

ကေလာ့ပ္နဲ႔ ပက္သက္ျပီးလည္း ဘီယဲလ္ဆာဟာ “ ကေလာ့ပ္က ေနရာ အႏွံ႔မွာ အေကာင္းဆံုး လုပ္ခဲ့တယ္။ သူက ေနရာတိုင္းမွာ ေတာက္ပဖို႔ အခြင့္အေရး ရခဲ့ပါတယ္။ သူနဲ႔ ပက္သက္ျပီး ေျပာလိုတာက သူ႔ရဲ႕ ေအာင္ျမင္မႈေတြအတြက္ ဂုဏ္ယူမိေၾကာင္း ထပ္ေျပာလိုပါတယ္ ” လို႔ ျဖစ္ပါတယ္။