နယ်သာလန်အသင်းကနေ ပြန်လာတဲ့ ဝိုက်နယ်ဒမ်ဟာ သူ့ရဲ့ လီဗာပူး အနာဂတ်နဲ့ ပက်သက်ပြီး မန်နေဂျာကလော့ပ်နဲ့ ဆွေးနွေးခဲ့ရာက အကောင်းမြင်စရာ ပြောဆိုမှုတစ်ခု ဖြစ်ခဲ့တယ်လို့ စကိုင်းစပေါ့ရဲ့ ဖော်ပြမှုအရ သိရပါတယ်။

ဗုဒ္ဓဟူးနေ့က နှစ်ဦး သီးသန့် တွေ့ဆုံခဲ့ပြီး လီဗာပူးနဲ့ အနာဂတ်အပေါ် ဆွေးနွေးမှု လုပ်ဆောင်ခဲ့တာဖြစ်တယ်။ ဝိုက်နယ်ဒမ်ရဲ့ လက်ရှိ စာချုပ်ဟာ တစ်နှစ်ပဲ ကျန်ရှိတော့ကာ မနှစ်ကရာသီမှာ စာချုပ်သစ်စကားပြောမှု မအောင်မြင်တဲ့နောက် စာချုပ်ကိစ္စ ဆက်လက်ပြီး စကားပြောခဲ့ကြခြင်း မရှိပါဘူး။

ဘာစီလိုနာမန်နေဂျာအဖြစ် ကိုးမန်း တာဝန်ယူလာပြီးတဲ့နောက် နယ်သာလန်မန်နေဂျာက သူ့ရဲ့ ပထမဆုံး လက်မှတ်ထိုးမှုအဖြစ် ဝိုက်နယ်ဒမ်ကို ခေါ်ယူဖို့ ကမ်းလှမ်းလာတယ်။ ဝိုက်နယ်ဒမ်ကတော့ စပိန်မြေကို ပြောင်းရဖို့ ဦးစားပေး မဟုတ်ခဲ့ဘဲ လီဗာပူးမှာ ဆက်နေလို့ပေမယ့် သူကစားသမားဘဝ နောက်ဆုံးစာချုပ်ဖြစ်နိုင်တဲ့ စာချုပ်အတွက် စဉ်းစားရမယ့် အနေအထားကို ရောက်လာခဲ့ပါတယ်။

ဘာစီလိုနာက ဝိုက်နယ်ဒမ်ကို ခေါ်ယူလိုပေမယ့် ပေါင် ၁၅ သန်းထက် ပိုမပေးလိုဘူး။ လီဗာပူးကလည်း အဆိုပါ ကြေးနဲ့ဆိုရင် ဝိုက်နယ်ဒမ်ကို လက်လွတ်တာထက် ရာသီကုန်မှပဲ အလွတ်နဲ့ လက်လွတ်ခံလိုက်တာမျိုးကို ပိုနှစ်သက်မှုရှိတယ်။ မဖြစ်မနေ အစားထိုးရမယ်ဆိုရင်တော့ ဘိုင်ယန်မှ သီယေဂိုကို ကမ်းလှမ်းလိုကာ ဂျာမနီကလပ်ဘက်က ယူရို သန်း ၃၀ ကနေ ၃၅ သန်းထိ ဈေးမြင့်ထားပါတယ်။

ဒါကြောင့် လီဗာပူးဘက်က ကလော့ပ်နဲ့ ဝိုက်နယ်ဒမ်တို့ကို ထိပ်တိုက် စကားပြောစေပြီး ထွက်လာတဲ့ ရလဒ်အတိုင်း လုပ်ဆောင်ပေးဖို့ ပြင်ဆင်ခဲ့တယ်။ ဆွေးနွေးမှုက အပေါင်းလက္ခဏာဆောင်ခဲ့တယ်လို့ သိရကာ ဝိုက်နယ်ဒမ်က လီဗာပူးနဲ့ စာချုပ်သစ်ကိစ္စ ပြန်ဆွေးနွေးမယ့် အသံ ထွက်လာပါတယ်။

ဝိုက်နယ်ဒမ်ကော သီယေဂိုပါ အသက် ၂၉ နှစ်အရွယ်တွေဖြစ်ကာ နောက်ဆုံး စာချုပ်တစ်ခုတွေအတွက် အဖြေရှာနေတာပါ။ ဝိုက်နယ်ဒမ်က လီဗာပူးနဲ့ သက်တမ်းတိုးလိုက်မယ်ဆိုရင်တော့ အန်ဖီးကို သီယေဂို ဝင်ရောက်လာတော့မှာ မဟုတ်ပါဘူး။ အပြောင်းအရွှေ့ ကိစ္စနဲ့ စာချုပ်သစ်ကိစ္စတွေက ဈေးကွက်ပိတ်မယ့် အောက်တိုဘာလ ၅ ရက်မတိုင်ခင်မှာ တိကျတဲ့အဖြေ ထွက်ပေါ်မှာဖြစ်ပါတယ်။

ZAWGYI

နယ္သာလန္အသင္းကေန ျပန္လာတဲ့ ဝိုက္နယ္ဒမ္ဟာ သူ႔ရဲ႕ လီဗာပူး အနာဂတ္နဲ႔ ပက္သက္ျပီး မန္ေနဂ်ာကေလာ့ပ္နဲ႔ ေဆြးေႏြးခဲ့ရာက အေကာင္းျမင္စရာ ေျပာဆိုမႈတစ္ခု ျဖစ္ခဲ့တယ္လို႔ စကိုင္းစေပါ့ရဲ႕ ေဖာ္ျပမႈအရ သိရပါတယ္။

ဗုဒၶဟူးေန႔က ႏွစ္ဦး သီးသန္႔ ေတြ႔ဆံုခဲ့ျပီး လီဗာပူးနဲ႔ အနာဂတ္အေပၚ ေဆြးေႏြးမႈ လုပ္ေဆာင္ခဲ့တာျဖစ္တယ္။ ဝိုက္နယ္ဒမ္ရဲ႕ လက္ရွိ စာခ်ဳပ္ဟာ တစ္ႏွစ္ပဲ က်န္ရွိေတာ့ကာ မႏွစ္ကရာသီမွာ စာခ်ဳပ္သစ္စကားေျပာမႈ မေအာင္ျမင္တဲ့ေနာက္ စာခ်ဳပ္ကိစၥ ဆက္လက္ျပီး စကားေျပာခဲ့ၾကျခင္း မရွိပါဘူး။

ဘာစီလိုနာမန္ေနဂ်ာအျဖစ္ ကိုးမန္း တာဝန္ယူလာျပီးတဲ့ေနာက္ နယ္သာလန္မန္ေနဂ်ာက သူ႔ရဲ႕ ပထမဆံုး လက္မွတ္ထိုးမႈအျဖစ္ ဝိုက္နယ္ဒမ္ကို ေခၚယူဖို႔ ကမ္းလွမ္းလာတယ္။ ဝိုက္နယ္ဒမ္ကေတာ့ စပိန္ေျမကို ေျပာင္းရဖို႔ ဦးစားေပး မဟုတ္ခဲ့ဘဲ လီဗာပူးမွာ ဆက္ေနလို႔ေပမယ့္ သူကစားသမားဘဝ ေနာက္ဆံုးစာခ်ဳပ္ျဖစ္ႏုိင္တဲ့ စာခ်ဳပ္အတြက္ စဥ္းစားရမယ့္ အေနအထားကို ေရာက္လာခဲ့ပါတယ္။

ဘာစီလိုနာက ဝိုက္နယ္ဒမ္ကို ေခၚယူလိုေပမယ့္ ေပါင္ ၁၅ သန္းထက္ ပိုမေပးလိုဘူး။ လီဗာပူးကလည္း အဆိုပါ ေၾကးနဲ႔ဆိုရင္ ဝိုက္နယ္ဒမ္ကို လက္လြတ္တာထက္ ရာသီကုန္မွပဲ အလြတ္နဲ႔ လက္လြတ္ခံလိုက္တာမ်ိဳးကို ပိုႏွစ္သက္မႈရွိတယ္။ မျဖစ္မေန အစားထိုးရမယ္ဆိုရင္ေတာ့ ဘိုင္ယန္မွ သီေယဂိုကို ကမ္းလွမ္းလိုကာ ဂ်ာမနီကလပ္ဘက္က ယူရို သန္း ၃၀ ကေန ၃၅ သန္းထိ ေစ်းျမင့္ထားပါတယ္။

ဒါေၾကာင့္ လီဗာပူးဘက္က ကေလာ့ပ္နဲ႔ ဝိုက္နယ္ဒမ္တို႔ကို ထိပ္တိုက္ စကားေျပာေစျပီး ထြက္လာတဲ့ ရလဒ္အတိုင္း လုပ္ေဆာင္ေပးဖို႔ ျပင္ဆင္ခဲ့တယ္။ ေဆြးေႏြးမႈက အေပါင္းလကၡဏာေဆာင္ခဲ့တယ္လို႔ သိရကာ ဝိုက္နယ္ဒမ္က လီဗာပူးနဲ႔ စာခ်ဳပ္သစ္ကိစၥ ျပန္ေဆြးေႏြးမယ့္ အသံ ထြက္လာပါတယ္။

ဝိုက္နယ္ဒမ္ေကာ သီေယဂိုပါ အသက္ ၂၉ ႏွစ္အရြယ္ေတြျဖစ္ကာ ေနာက္ဆံုး စာခ်ဳပ္တစ္ခုေတြအတြက္ အေျဖရွာေနတာပါ။ ဝိုက္နယ္ဒမ္က လီဗာပူးနဲ႔ သက္တမ္းတိုးလိုက္မယ္ဆိုရင္ေတာ့ အန္ဖီးကို သီေယဂို ဝင္ေရာက္လာေတာ့မွာ မဟုတ္ပါဘူး။ အေျပာင္းအေရႊ႔ ကိစၥနဲ႔ စာခ်ဳပ္သစ္ကိစၥေတြက ေစ်းကြက္ပိတ္မယ့္ ေအာက္တိုဘာလ ၅ ရက္မတိုင္ခင္မွာ တိက်တဲ့အေျဖ ထြက္ေပၚမွာျဖစ္ပါတယ္။