ပရီးမီးယားလိဂ် အဖွင့်ပွဲအဖြစ် လီဗာပူးနဲ့ လိဒ်ယူနိုက်တက်ဟာ မနက်ဖြန်ဖြစ်တဲ့ စက်တင်ဘာလ ၁၂ ရက်၊ စနေနေ့ ည ၁၁ နာရီမှာ အန်ဖီးကွင်းအတွင်း ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ချန်ပီယံဆုကို ကာကွယ်ဖို့ လီဗာပူးအသင်းရဲ့ ပထမဆုံးပွဲ ဖြစ်လာမှာဖြစ်ကာ လိဒ်ယူနိုက်တက်အတွက်ကလည်း ၁၆ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ်ပွဲ ကစားရမှာဖြစ်တယ်။ ဒါကြောင့် ဒီထိပ်တိုက်တွေ့မှုဟာ ချန်ပီယံတွေ ထိပ်တိုက်တွေ့ခြင်း၊ ပြိုင်ဘက်ဟောင်းတွေ ထိပ်တိုက်တွေ့ခြင်းနဲ့အတူ စိတ်လှုပ်ရှားစရာ ပွဲကောင်းတစ်ပွဲ ဖြစ်လာပါမယ်။

အဆိုပါပွဲအတွက် ဘောလုံးခန့်မှန်းသူ လော်ရိုးကတော့ ” လိဒ်ယူနိုက်တက်က ချန်ပီယံရှစ်မှာ ကျနော် မကြာခဏ စောင့်ကြည့်ဖြစ်ခဲ့တဲ့ အသင်း ဖြစ်ပါတယ်။ အင်္ဂလန်ရဲ့ အဆင့်မြင့်တန်းမှာ သူတို့ ဘယ်လိုတိုက်ခိုက်မယ် ဆိုတာကို ကျနော် စောင့်ကြည့်လိုပါတယ်။ သူတို့ရဲ့ ကစားဟန်ကို အတော်လေးလည်း သဘောကျပါတယ်။

သူတို့ရဲ့ ဖိအားပေး ကစားပုံက လီဗာပူးနဲ့ ဆင်တူမှုရှိတယ်။ အဖွင့်ပွဲက ခက်ခဲမယ့် အနေအထား ရှိတယ်ဆိုပေမယ့်လည်း လီဗာပူးကို ရင်ဆိုင်ကစားရတာအတွက် သူတို့ အများကြီး ရုန်းကန်ရမယ်လို့ မထင်ပါဘူး။ လိဒ်ယူနိုက်တက်ရဲ့ တိုက်စစ်မှူးသစ် ရိုဒရီဂိုကိုလည်း ကျနော် စောင့်ကြည့်သွားလိုပါတယ်။

လိဒ်ယူနိုက်တက် ကွင်းလယ်လူ ပါဘလို ဟာနန်ဒက်စ်ကလည်း စောင့်ကြည့်ရမယ့် ကွင်းလယ်လူပါ။ အရင်နှစ်တွေတုန်းက ဆွမ်ဆီးအသင်းမှာ သူခြေစွမ်းပြခဲ့တာကို ခင်ဗျားတို့ အမှတ်ရမှာပါ။ သူက အသက် ၃၅ နှစ်ရှိနေပါပြီ ပွဲတွေအများကြီးတော့ မကစားနိုင်တော့ဘူး။ ဒါပေမယ့် အရန်ခုံကနေ လူစားဝင်လာကစားတိုင်း ထူးထူးချွန်ချွန် ကစားပြနိုင်သူပါ။ အခြားသူတွေ မမြင်နိုင်တဲ့ အမြင်ကောင်းတွေကိုလည်း ရှိသူဖြစ်ပါတယ် ” လို့ ဆိုသွားခဲ့တာပါ။

လော်ရိုးက လီဗာပူးဟာ လိဒ်ယူနိုက်တက်ကို ၂-၀ နဲ့ အနိုင်ရမယ့် ခန့်မှန်းသွားခဲ့ပြီး သူ့ရဲ့ သုံးသပ်နဲ့ ခန့်မှန်းမှာတော့ လီဗာပူးနိုင်မယ်လို့ ဆိုတာကလွဲလို့ လီဗာပူးအကြောင်း တစ်ခုမှ ထည့်ပြောခဲ့ခြင်း မရှိပါဘူး။

ZAWGYI

ပရီးမီးယားလိဂ္ အဖြင့္ပြဲအျဖစ္ လီဗာပူးနဲ႔ လိဒ္ယူႏုိက္တက္ဟာ မနက္ျဖန္ျဖစ္တဲ့ စက္တင္ဘာလ ၁၂ ရက္၊ စေနေန႔ ည ၁၁ နာရီမွာ အန္ဖီးကြင္းအတြင္း ယွဥ္ျပိဳင္ကစားၾကမွာျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ ခ်န္ပီယံဆုကို ကာကြယ္ဖို႔ လီဗာပူးအသင္းရဲ႕ ပထမဆံုးပြဲ ျဖစ္လာမွာျဖစ္ကာ လိဒ္ယူႏုိက္တက္အတြက္ကလည္း ၁၆ ႏွစ္အတြင္း ပထမဆံုးအၾကိမ္အျဖစ္ ပရီးမီးယားလိဂ္ပြဲ ကစားရမွာျဖစ္တယ္။ ဒါေၾကာင့္ ဒီထိပ္တိုက္ေတြ႔မႈဟာ ခ်န္ပီယံေတြ ထိပ္တိုက္ေတြ႔ျခင္း၊ ျပိဳင္ဘက္ေဟာင္းေတြ ထိပ္တိုက္ေတြ႔ျခင္းနဲ႔အတူ စိတ္လႈပ္ရွားစရာ ပြဲေကာင္းတစ္ပြဲ ျဖစ္လာပါမယ္။

အဆိုပါပြဲအတြက္ ေဘာလံုးခန္႔မွန္းသူ ေလာ္ရိုးကေတာ့ ” လိဒ္ယူႏုိက္တက္က ခ်န္ပီယံရွစ္မွာ က်ေနာ္ မၾကာခဏ ေစာင့္ၾကည့္ျဖစ္ခဲ့တဲ့ အသင္း ျဖစ္ပါတယ္။ အဂၤလန္ရဲ႕ အဆင့္ျမင့္တန္းမွာ သူတို႔ ဘယ္လိုတိုက္ခိုက္မယ္ ဆိုတာကို က်ေနာ္ ေစာင့္ၾကည့္လိုပါတယ္။ သူတို႔ရဲ႕ ကစားဟန္ကို အေတာ္ေလးလည္း သေဘာက်ပါတယ္။

သူတို႔ရဲ႕ ဖိအားေပး ကစားပံုက လီဗာပူးနဲ႔ ဆင္တူမႈရွိတယ္။ အဖြင့္ပြဲက ခက္ခဲမယ့္ အေနအထား ရွိတယ္ဆိုေပမယ့္လည္း လီဗာပူးကို ရင္ဆိုင္ကစားရတာအတြက္ သူတို႔ အမ်ားၾကီး ရုန္းကန္ရမယ္လို႔ မထင္ပါဘူး။ လိဒ္ယူႏုိက္တက္ရဲ႕ တိုက္စစ္မွဴးသစ္ ရိုဒရီဂိုကိုလည္း က်ေနာ္ ေစာင့္ၾကည့္သြားလိုပါတယ္။

လိဒ္ယူႏုိက္တက္ ကြင္းလယ္လူ ပါဘလို ဟာနန္ဒက္စ္ကလည္း ေစာင့္ၾကည့္ရမယ့္ ကြင္းလယ္လူပါ။ အရင္ႏွစ္ေတြတုန္းက ဆြမ္ဆီးအသင္းမွာ သူေျခစြမ္းျပခဲ့တာကို ခင္ဗ်ားတို႔ အမွတ္ရမွာပါ။ သူက အသက္ ၃၅ ႏွစ္ရွိေနပါျပီ ပြဲေတြအမ်ားၾကီးေတာ့ မကစားႏုိင္ေတာ့ဘူး။ ဒါေပမယ့္ အရန္ခံုကေန လူစားဝင္လာကစားတိုင္း ထူးထူးခၽြန္ခၽြန္ ကစားျပႏုိင္သူပါ။ အျခားသူေတြ မျမင္ႏုိင္တဲ့ အျမင္ေကာင္းေတြကိုလည္း ရွိသူျဖစ္ပါတယ္ ” လို႔ ဆိုသြားခဲ့တာပါ။

ေလာ္ရိုးက လီဗာပူးဟာ လိဒ္ယူႏုိက္တက္ကို ၂-၀ နဲ႔ အႏုိင္ရမယ့္ ခန္႔မွန္းသြားခဲ့ျပီး သူ႔ရဲ႕ သံုးသပ္နဲ႔ ခန္႔မွန္းမွာေတာ့ လီဗာပူးႏုိင္မယ္လို႔ ဆိုတာကလြဲလို႔ လီဗာပူးအေၾကာင္း တစ္ခုမွ ထည့္ေျပာခဲ့ျခင္း မရွိပါဘူး။