လီဗာပူးအသင်းရဲ့ အိမ်ကွင်းဂျာစီ၊ အဝေးကွင်းဂျာစီတွေကို ထုတ်ပြန်ရာမှာ အရောင်နဲ့ အခြေခံဒီဇိုင်းကို ရွေးချယ်ရခြင်း အကြောင်းတွေကို Nike က ဖော်ပြခဲ့ပြီးပါပြီ။

ဒီကနေ့မှာတော့ တတိယဂျာစီကိုလည်း တရားဝင် ထုတ်ပြခဲ့ပြီဖြစ်ကာ အဆိုပါ ဒီဇိုင်းကို ရွေးချယ်ရခြင်းက သမိုင်းကြောင်း ကြီးမားခဲ့တဲ့ လီဗာပူးရဲ့ ချန်ပီယံလိဂ် အောင်မြင်မှုကို အခြေခံပြီး ပုံဖော်ထားခြင်းဖြစ်တယ်လို့ Nike ဘက်က ရှင်းပြပါတယ်။ အဓိကအားဖြင့် အန်ဖီးကွင်းက လီဗာပူးပရိသတ်တွေရဲ့ အလံတွေကို အတုယူပြီး ဒီဇိုင်းသစ် ဖန်တီးခဲ့ခြင်းဖြစ်တယ်။

လီဗာပူးဟာ ဥရောပပြိုင်ပွဲ ညတွေမှာတော့ အဖြူနဲ့ အနီရောင် အကွက်တွေပါတဲ့ အလံကို ပုံမှန် လွှင့်ထူလေ့ရှိကာ ဖြူနီကွက်တွေပါတဲ့ ပဝါကတော့ မပါမဖြစ် အသုံးအဆောင်တစ်ခုဖြစ်ပါတယ်။ တတိယဂျာစီအတွက် ကျားကွက်ပုံစံ ဒီဇိုင်းက အန်ဖီးကွင်းက ဥရောပပွဲတွေတိုင်း လီဗာပူးပရိသတ်တွေ လွှင့်ထူလေ့ရှိတဲ့ အဆိုပါ အလံတွေနဲ့ ပဝါတွေကို တုပထားခြင်းပဲဖြစ်တယ်။

တတိယဂျာစီကို ထုတ်လုပ်ဖို့ မာဆေးဆိုဒ်အခြေစိုက် လီဗာပူးဒေသခံအဖွဲ့ Spion Kop 1906 ရဲ့ ပါဝင်ပက်သက်မှု ကြီးခဲ့သလို မာဆေးဆိုဒ်က ဒေသခံ ဒီဇိုင်နာဖြစ်တဲ့ Nadia Atique ကလည်း ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခွင့်ရခဲ့ပါတယ်။ the Kop တွေ မွေးထုတ်ခဲ့တဲ့ လီဗာပူးအသင်းရဲ့ နာမည်ကျော် အလံနဲ့ ပဝါတွေကို တတိယဂျာစီမှာ ပါဝင်ဖို့အတွက် ၎င်းတို့နဲ့ Nike တို့ ပူးပေါင်း ခဲ့ကြခြင်းဖြစ်ကြောင်း လီဗာပူးအသင်းက ဖော်ပြခဲ့တယ်။

Nike ဘက်က အကြီးအကဲဖြစ်သူ စကော့ မန်ဆန်က “ လီဗာပူးအသင်းရဲ့ တတိယဂျာစီဟာ ကလပ်ရဲ့ ကာလရှည် အစဉ်အလာကို လေ့လာပြီး ဖန်တီးခဲ့တာပါ။ ဥရောပညတွေမှာ လီဗာပူးပရိသတ်တွေရဲ့ အားပေးမှုတွေကို ဆင့်ပွှား ဖန်တီးထားခြင်းဖြစ်တယ်။ အဲ့တာကိုမှ နာမည်ကျော် Air Max ကာလာပုံစံနဲ့ ပေါင်းစပ် ဖန်တီးထားတာ ဖြစ်ပါတယ်။ ” လို့ ရှင်းပြခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းရဲ႕ အိမ္ကြင္းဂ်ာစီ၊ အေဝးကြင္းဂ်ာစီေတြကို ထုတ္ျပန္ရာမွာ အေရာင္နဲ႔ အေျခခံဒီဇိုင္းကို ေရြးခ်ယ္ရျခင္း အေၾကာင္းေတြကို Nike က ေဖာ္ျပခဲ့ျပီးပါျပီ။

ဒီကေန႔မွာေတာ့ တတိယဂ်ာစီကိုလည္း တရားဝင္ ထုတ္ျပခဲ့ျပီျဖစ္ကာ အဆိုပါ ဒီဇိုင္းကို ေရြးခ်ယ္ရျခင္းက သမိုင္းေၾကာင္း ၾကီးမားခဲ့တဲ့ လီဗာပူးရဲ႕ ခ်န္ပီယံလိဂ္ ေအာင္ျမင္မႈကို အေျခခံျပီး ပံုေဖာ္ထားျခင္းျဖစ္တယ္လို႔ Nike ဘက္က ရွင္းျပပါတယ္။ အဓိကအားျဖင့္ အန္ဖီးကြင္းက လီဗာပူးပရိသတ္ေတြရဲ႕ အလံေတြကို အတုယူျပီး ဒီဇိုင္းသစ္ ဖန္တီးခဲ့ျခင္းျဖစ္တယ္။

လီဗာပူးဟာ ဥေရာပျပိဳင္ပြဲ ညေတြမွာေတာ့ အျဖဴနဲ႔ အနီေရာင္ အကြက္ေတြပါတဲ့ အလံကို ပံုမွန္ လႊင့္ထူေလ့ရွိကာ ျဖဴနီကြက္ေတြပါတဲ့ ပဝါကေတာ့ မပါမျဖစ္ အသံုးအေဆာင္တစ္ခုျဖစ္ပါတယ္။ တတိယဂ်ာစီအတြက္ က်ားကြက္ပံုစံ ဒီဇိုင္းက အန္ဖီးကြင္းက ဥေရာပပြဲေတြတိုင္း လီဗာပူးပရိသတ္ေတြ လႊင့္ထူေလ့ရွိတဲ့ အဆိုပါ အလံေတြနဲ႔ ပဝါေတြကို တုပထားျခင္းပဲျဖစ္တယ္။

တတိယဂ်ာစီကို ထုတ္လုပ္ဖို႔ မာေဆးဆိုဒ္အေျခစိုက္ လီဗာပူးေဒသခံအဖြဲ႔ Spion Kop 1906 ရဲ႕ ပါဝင္ပက္သက္မႈ ၾကီးခဲ့သလို မာေဆးဆိုဒ္က ေဒသခံ ဒီဇိုင္နာျဖစ္တဲ့ Nadia Atique ကလည္း ကိုယ္တိုင္ကိုယ္က် ပါဝင္ခြင့္ရခဲ့ပါတယ္။ the Kop ေတြ ေမြးထုတ္ခဲ့တဲ့ လီဗာပူးအသင္းရဲ႕ နာမည္ေက်ာ္ အလံနဲ႔ ပဝါေတြကို တတိယဂ်ာစီမွာ ပါဝင္ဖို႔အတြက္ ၄င္းတို႔နဲ႔ Nike တို႔ ပူးေပါင္း ခဲ့ၾကျခင္းျဖစ္ေၾကာင္း လီဗာပူးအသင္းက ေဖာ္ျပခဲ့တယ္။

Nike ဘက္က အၾကီးအကဲျဖစ္သူ စေကာ့ မန္ဆန္က “ လီဗာပူးအသင္းရဲ႕ တတိယဂ်ာစီဟာ ကလပ္ရဲ႕ ကာလရွည္ အစဥ္အလာကို ေလ့လာျပီး ဖန္တီးခဲ့တာပါ။ ဥေရာပညေတြမွာ လီဗာပူးပရိသတ္ေတြရဲ႕ အားေပးမႈေတြကို ဆင့္ပႊား ဖန္တီးထားျခင္းျဖစ္တယ္။ အဲ့တာကိုမွ နာမည္ေက်ာ္ Air Max ကာလာပံုစံနဲ႔ ေပါင္းစပ္ ဖန္တီးထားတာ ျဖစ္ပါတယ္။ ” လို႔ ရွင္းျပခဲ့တာ ျဖစ္ပါတယ္။