လိဒ်ယူနိုက်တက်နဲ့ပွဲကြို မီဒီယာတွေ့ဆုံပွဲမှာ ဝိုက်နယ်ဒမ်၊ သီယေဂို၊ ဘရူးစတားတို့နဲ့ ပက်သက်ပြီး ကလော့ပ် ဖြေဆိုပေးတဲ့ အပိုင်းဖြစ်ပါတယ်။

ဂီနီနဲ့ စကားပြောထားတဲ့ ကိစ္စ

လီဗာပူးကို ဂီနီရောက်လာကတည်းက အကြိမ် ၅၀၀၊ ၆၀၀ လောက်ထိ စကားပြောခဲ့တာပဲလေ။ ဟုတ်ပါတယ် လက်ရွေးစင်ကနေ သူပြန်ရောက်လာတော့ ငါနဲ့ သူ့ကြား စကားပြောထားပါတယ်။ အခြေအနေက အဲ့တာအကုန်ပါပဲ။

ဂီနီနဲ့ ကိစ္စတွေအားလုံး အဆင်ပြေလားဆိုရင် ပြေပါတယ်။ ငါတို့ ပါဝင်နေသေးတဲ့ ကာလအထိတော့ အနာဂတ်က တကယ်ကို အဆင်ပြေပါတယ်။ ဒီအခြေအနေထိတော့ အားလုံး ကောင်းပါတယ်။ ငါရယ် ဂီနီရယ် ကလပ်ကြားမှာလည်း သိပ်ကောင်းတယ်။ သတင်းမီဒီယာတွေကို ကြေညာတာကလွဲလို့ အဆင်ပြေပါတယ်။

သီယေဂိုကိစ္စ

ဒီလို ကောလဟာလသတင်းတွေကို အဆုံးသတ်ပေးနိုင်တဲ့ စကားလုံးတစ်လုံးသာ တီထွင်နိုင်ခဲ့မယ်ဆိုရင် ငါ သူဌေးတောင် ဖြစ်နေလောက်ပါပြီ။ သီယေဂိုက အရမ်းကောင်းတဲ့ ကစားသမားလို့ ငါပြောခဲ့သေးတယ်နော်။ သူနဲ့ အပြောင်းအရွှေ့ သတင်းထွက်တာ သိပ်ကောင်းပါတယ်၊ သူက ကစားသမားကောင်းလေ၊ လီဗာပူးကလည်း အသင်းကြီးပါ။ ဒီသတင်းတွေကို ငါအဆုံးမသတ်ပေးနိုင်တာက မင်းတို့ အတွက်လည်း သိပ်ကောင်းမှာပါ။ (ဆက်ပြီး ရေးသား ပြောဆိုကြလို့ ရနေသေးတယ်ဆိုတဲ့ သဘော)

ဘရူးစတားရဲ့ အနာဂတ်

ပြောစရာ မရှိသေးပါဘူး။ ဘရူးစတားက ငါတို့ ကစားသမားပါ။ ရာသီကြိုမှာ ဂိုးတွေသွင်းထားတဲ့ အံ့သြသင့်စရာ ကောင်းလေးပါ။ သူ့ရဲ့ တိုးတက်မှုတွေကို အကောင်းဆုံး လုပ်ပေးဖို့ စဉ်းစားနေတယ်။ လောလောဆယ်ထိတော့ ပြောစရာ မရှိသေးဘူး။ ဘယ်သူ့ကို ဘယ်နေရာတွေကို အငှားချမယ်ဆိုတဲ့ ကိစ္စတွေအတွက် အခုထိတော့ ပြောပြနိုင်စရာ မရှိသေးပါဘူး။

အပြောင်းအရွှေ့ ပိတ်မယ့်ရက်ကိစ္စ

ပုံမှန်ဆိုရင် ဈေးကွက်အားလုံး တစ်ပြိုင်နက် ပိတ်သွားတာကို ပိုကြိုက်တာပေါ့။ ရာသီမစခင် ဈေးကွက် ပိတ်နိုင်ခဲ့ရင် ပိုကောင်းတာပေါ့။ ဒီရာသီကတော့ အခြားရာသိတွေနဲ့ မတူပါဘူး။ အခြားနိုင်ငံတွေ ပိတ်တာနဲ့ နီးနီးစပ်စပ်တွေပဲ ပိတ်မှာပါ။ ငါတို့ ကိုင်တွယ်နိုင်သလောက်တော့ အခြေအနေတွေကို ဖြေရှင်းသွားမှာပါ။ အခြားနိုင်ငံတွေ မပိတ်ခင် အရင်ပိတ်တာမျိုးက သိပ်မကောင်းပါဘူး။

ZAWGYI

လိဒ္ယူႏုိက္တက္နဲ႔ပြဲၾကိဳ မီဒီယာေတြ႔ဆံုပြဲမွာ ဝိုက္နယ္ဒမ္၊ သီေယဂို၊ ဘရူးစတားတို႔နဲ႔ ပက္သက္ျပီး ကေလာ့ပ္ ေျဖဆိုေပးတဲ့ အပိုင္းျဖစ္ပါတယ္။

ဂီနီနဲ႔ စကားေျပာထားတဲ့ ကိစၥ

လီဗာပူးကို ဂီနီေရာက္လာကတည္းက အၾကိမ္ ၅၀၀၊ ၆၀၀ ေလာက္ထိ စကားေျပာခဲ့တာပဲေလ။ ဟုတ္ပါတယ္ လက္ေရြးစင္ကေန သူျပန္ေရာက္လာေတာ့ ငါနဲ႔ သူ႔ၾကား စကားေျပာထားပါတယ္။ အေျခအေနက အဲ့တာအကုန္ပါပဲ။

ဂီနီနဲ႔ ကိစၥေတြအားလံုး အဆင္ေျပလားဆိုရင္ ေျပပါတယ္။ ငါတုိ႔ ပါဝင္ေနေသးတဲ့ ကာလအထိေတာ့ အနာဂတ္က တကယ္ကို အဆင္ေျပပါတယ္။ ဒီအေျခအေနထိေတာ့ အားလံုး ေကာင္းပါတယ္။ ငါရယ္ ဂီနီရယ္ ကလပ္ၾကားမွာလည္း သိပ္ေကာင္းတယ္။ သတင္းမီဒီယာေတြကို ေၾကညာတာကလြဲလို႔ အဆင္ေျပပါတယ္။

သီေယဂိုကိစၥ

ဒီလို ေကာလဟာလသတင္းေတြကို အဆံုးသတ္ေပးႏုိင္တဲ့ စကားလံုးတစ္လံုးသာ တီထြင္ႏုိင္ခဲ့မယ္ဆိုရင္ ငါ သူေဌးေတာင္ ျဖစ္ေနေလာက္ပါျပီ။ သီေယဂိုက အရမ္းေကာင္းတဲ့ ကစားသမားလို႔ ငါေျပာခဲ့ေသးတယ္ေနာ္။ သူနဲ႔ အေျပာင္းအေရႊ႔ သတင္းထြက္တာ သိပ္ေကာင္းပါတယ္၊ သူက ကစားသမားေကာင္းေလ၊ လီဗာပူးကလည္း အသင္းၾကီးပါ။ ဒီသတင္းေတြကို ငါအဆံုးမသတ္ေပးႏုိင္တာက မင္းတို႔ အတြက္လည္း သိပ္ေကာင္းမွာပါ။ (ဆက္ျပီး ေရးသား ေျပာဆိုၾကလို႔ ရေနေသးတယ္ဆိုတဲ့ သေဘာ)

ဘရူးစတားရဲ႕ အနာဂတ္

ေျပာစရာ မရွိေသးပါဘူး။ ဘရူးစတားက ငါတုိ႔ ကစားသမားပါ။ ရာသီၾကိဳမွာ ဂိုးေတြသြင္းထားတဲ့ အံ့ၾသသင့္စရာ ေကာင္းေလးပါ။ သူ႔ရဲ႕ တိုးတက္မႈေတြကို အေကာင္းဆံုး လုပ္ေပးဖို႔ စဥ္းစားေနတယ္။ ေလာေလာဆယ္ထိေတာ့ ေျပာစရာ မရွိေသးဘူး။ ဘယ္သူ႔ကို ဘယ္ေနရာေတြကို အငွားခ်မယ္ဆိုတဲ့ ကိစၥေတြအတြက္ အခုထိေတာ့ ေျပာျပႏုိင္စရာ မရွိေသးပါဘူး။

အေျပာင္းအေရႊ႔ ပိတ္မယ့္ရက္ကိစၥ

ပံုမွန္ဆိုရင္ ေစ်းကြက္အားလံုး တစ္ျပိဳင္နက္ ပိတ္သြားတာကို ပိုၾကိဳက္တာေပါ့။ ရာသီမစခင္ ေစ်းကြက္ ပိတ္ႏုိင္ခဲ့ရင္ ပိုေကာင္းတာေပါ့။ ဒီရာသီကေတာ့ အျခားရာသိေတြနဲ႔ မတူပါဘူး။ အျခားႏုိင္ငံေတြ ပိတ္တာနဲ႔ နီးနီးစပ္စပ္ေတြပဲ ပိတ္မွာပါ။ ငါတို႔ ကိုင္တြယ္ႏုိင္သေလာက္ေတာ့ အေျခအေနေတြကို ေျဖရွင္းသြားမွာပါ။ အျခားႏုိင္ငံေတြ မပိတ္ခင္ အရင္ပိတ္တာမ်ိဳးက သိပ္မေကာင္းပါဘူး။