လိဒ်ယူနိုက်တက်နဲ့ ပက်သက်လို့ ကလော့ပ်ရဲ့ ပြောဆိုမှု

လိဒ်ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် အသင်းတစ်သင်းပါ။ သူတို့မှာ ကမ္ဘာအဆင့် မန်နေဂျာနဲ့ ထိပ်တန်း အရည်အသွေးတွေ ရှိထားပါတယ်။ ပြင်းထန်တဲ့ ဘောလုံးကိုလည်း ကစားတယ်။ သူတို့နဲ့ပွဲအတွက် ငါတို့ အဆင်သင့် ဖြစ်နေပါပြီ။ ကျန်တဲ့ တစ်ရာသီလုံး ကိစ္စတွေကိုတော့ အရမ်းကြီး မစဉ်းစားထားပါဘူး။

ဘီယဲလ်ဆာကို ငါ အထင်ကြီးပါတယ်။ ငါက စပိန်စကားကို ဘီယာမှာတာကလွဲလို့ သိပ်မပြောနိုင်တော့ သူနဲ့ စကားပြောနိုင်ပါ့မလား မသေချာဘူး။ သူ့အသင်းက သိပ်ကောင်းပါတယ်။ လိဒ်ပွဲတွေကို ငါနည်းနည်းကြည့်ပြီး သုံးသပ်မှု လုပ်ထားတယ်။ ခြားနားတဲ့ ချဉ်းကပ်ပုံနဲ့ပေါ့။ သူ့အကြောင်း ကောင်းကောင်းမသိပေမယ့် သူ့ကိုငါ သဘောကျပါတယ်။ ငါတို့အားလုံး ခက်ခက်ခဲခဲ ကြိုးစားရမှာပါ။

ဒဏ်ရာရ ကစားသမားတွေနဲ့ ပက်သက်လို့

ပွဲနေ့အတွက် ဆုံးဖြတ်ချက် မလုပ်ရသေးပါဘူး။ သူတို့အားလုံး လေ့ကျင့်ရေးမှာ သိပ်ကောင်းပြီး ရွေးချယ်လို့ ရနေပါတယ်။ လေ့ကျင့်ရေးမှာ ကစားသမား အများအပြားက ရွေးလို့ရတာကို ပြသထားတယ်။ ရွေးလို့ရရင်တောင် အားလုံးတော့ ရွေးခံရမှာ မဟုတ်ပါဘူး။

အမှတ်ပေးဖလား ကာကွယ်ဖို့အပေါ်

တစ်စုံတစ်ယောက်က ချန်ပီယံဆုကို ခုခံဖို့လိုတယ်လို့ ငါ့ကို ပြောခဲ့တယ်။ မနှစ်တုန်းက အမှတ်ပေးဖလားအတွက် ငါတို့ တိုက်ခိုက်ပြခဲ့တယ်။ အဲ့လိုတိုက်ခိုက်ပြလို့ ဒီရာသီမှာလည်း အမှတ်ပေးဖလားကို ငါတို့ အနိုင်ရမယ် မဆိုလိုပါဘူး ဒါပေမယ့် ငါတို့ကတော့ တိုက်ခိုက်မှာပါ။ ဒါက ငါနားလည်ထားတာပါပဲ။ ပွဲမကစားရဘဲတော့ အမှတ်မရပါဘူး။ ပွဲတွေကို ယှဉ်ပြိုင်ကစားရအောင်ပါ။

ချန်ပီယံလိဂ်ကနေ ထွက်ခွာရမှုနဲ့ ပက်သက်လို့

ငါတို့ ချန်ပီယံလိဂ်ကို နိုင်ခဲ့ပြီးပြီဆိုတာကြောင့် ထွက်ခဲ့တာ မဟုတ်ပါဘူး။ ငါတို့ထွက်ခဲ့တာ အသင်းကောင်းတစ်သင်းကို ယှဉ်ပြိုင်ပြီး အရေးနိမ့်ခဲ့လို့ပါ။ ဒီရာသီမှာ ငါတို့ အစွမ်းကုန် ဆက်ပြီး ကြိုးစားသွားမှာ ဖြစ်ပါတယ်။

ZAWGYI

လိဒ္ယူႏုိက္တက္နဲ႔ ပက္သက္လို႔ ကေလာ့ပ္ရဲ႕ ေျပာဆိုမႈ

လိဒ္ယူႏုိက္တက္ဟာ ပရီးမီးယားလိဂ္ အသင္းတစ္သင္းပါ။ သူတို႔မွာ ကမၻာအဆင့္ မန္ေနဂ်ာနဲ႔ ထိပ္တန္း အရည္အေသြးေတြ ရွိထားပါတယ္။ ျပင္းထန္တဲ့ ေဘာလံုးကိုလည္း ကစားတယ္။ သူတို႔နဲ႔ပြဲအတြက္ ငါတို႔ အဆင္သင့္ ျဖစ္ေနပါျပီ။ က်န္တဲ့ တစ္ရာသီလံုး ကိစၥေတြကိုေတာ့ အရမ္းၾကီး မစဥ္းစားထားပါဘူး။

ဘီယဲလ္ဆာကို ငါ အထင္ၾကီးပါတယ္။ ငါက စပိန္စကားကို ဘီယာမွာတာကလြဲလို႔ သိပ္မေျပာႏုိင္ေတာ့ သူနဲ႔ စကားေျပာႏုိင္ပါ့မလား မေသခ်ာဘူး။ သူ႔အသင္းက သိပ္ေကာင္းပါတယ္။ လိဒ္ပြဲေတြကို ငါနည္းနည္းၾကည့္ျပီး သံုးသပ္မႈ လုပ္ထားတယ္။ ျခားနားတဲ့ ခ်ဥ္းကပ္ပံုနဲ႔ေပါ့။ သူ႔အေၾကာင္း ေကာင္းေကာင္းမသိေပမယ့္ သူ႔ကိုငါ သေဘာက်ပါတယ္။ ငါတို႔အားလံုး ခက္ခက္ခဲခဲ ၾကိဳးစားရမွာပါ။

ဒဏ္ရာရ ကစားသမားေတြနဲ႔ ပက္သက္လို႔

ပြဲေန႔အတြက္ ဆံုးျဖတ္ခ်က္ မလုပ္ရေသးပါဘူး။ သူတို႔အားလံုး ေလ့က်င့္ေရးမွာ သိပ္ေကာင္းျပီး ေရြးခ်ယ္လို႔ ရေနပါတယ္။ ေလ့က်င့္ေရးမွာ ကစားသမား အမ်ားအျပားက ေရြးလို႔ရတာကို ျပသထားတယ္။ ေရြးလို႔ရရင္ေတာင္ အားလံုးေတာ့ ေရြးခံရမွာ မဟုတ္ပါဘူး။

အမွတ္ေပးဖလား ကာကြယ္ဖို႔အေပၚ

တစ္စံုတစ္ေယာက္က ခ်န္ပီယံဆုကို ခုခံဖို႔လိုတယ္လို႔ ငါ့ကို ေျပာခဲ့တယ္။ မႏွစ္တုန္းက အမွတ္ေပးဖလားအတြက္ ငါတို႔ တိုက္ခိုက္ျပခဲ့တယ္။ အဲ့လုိတိုက္ခိုက္ျပလို႔ ဒီရာသီမွာလည္း အမွတ္ေပးဖလားကို ငါတို႔ အႏုိင္ရမယ္ မဆိုလိုပါဘူး ဒါေပမယ့္ ငါတို႔ကေတာ့ တိုက္ခိုက္မွာပါ။ ဒါက ငါနားလည္ထားတာပါပဲ။ ပြဲမကစားရဘဲေတာ့ အမွတ္မရပါဘူး။ ပြဲေတြကို ယွဥ္ျပိဳင္ကစားရေအာင္ပါ။

ခ်န္ပီယံလိဂ္ကေန ထြက္ခြာရမႈနဲ႔ ပက္သက္လို႔

ငါတို႔ ခ်န္ပီယံလိဂ္ကို ႏုိင္ခဲ့ျပီးျပီဆုိတာေၾကာင့္ ထြက္ခဲ့တာ မဟုတ္ပါဘူး။ ငါတို႔ထြက္ခဲ့တာ အသင္းေကာင္းတစ္သင္းကို ယွဥ္ျပိဳင္ျပီး အေရးနိမ့္ခဲ့လို႔ပါ။ ဒီရာသီမွာ ငါတို႔ အစြမ္းကုန္ ဆက္ျပီး ၾကိဳးစားသြားမွာ ျဖစ္ပါတယ္။