စပါးမန်နေဂျာ မော်ရင်ညိုဟာ လီဗာပူးကို ရင်ဆိုင်ကစားရမယ့် ပွဲမတိုင်ခင် သူ့အသင်းသားတွေကို သေချာလုပ်ဖို့ သတိပေးခဲ့တာကို All or Nothing စီးရီးမှာ မြင်တွေ့ရပါမယ်။

မော်ရင်ညိုဟာ လီဗာပူးနဲ့ အတိတ်က ရေစက်ကြီးရှိခဲ့သူပါ။ ၂၀၀၄ မှာ သူကိုယ်တွယ်တဲ့ ချယ်ဆီးအသင်းဟာ ဂါစီယာရဲ့ ကျော်ကြားလှတဲ့ တစ္ဆေဂိုးကို ခွင့်ပြုရပြီး ချန်ပီယံလိဂ်က ထွက်ခွာခဲ့ရကာ အဆိုပါနှစ်မှာ လီဗာပူးက ကျော်ကြားတဲ့ အင်စတမ်ဘူးလ်ညကို ကစားခဲ့ကာ ချန်ပီယံလိဂ်ဖလား ရခဲ့တယ်။ မော်ရင်ညို ဦးဆောင်တဲ့ ချယ်ဆီးနဲ့ ဘင်နီတက်စ် ဦးဆောင်တဲ့ လီဗာပူးက ချန်ပီယံလိဂ်မှာ အကြိမ်ကြိမ် ထိပ်တိုက်တွေ့ခဲ့ကြပါသေးတယ်။

၂၀၁၄ မှာတော့ အန်ဖီးကွင်းမှာ သူ ဦးဆောင်လာတဲ့ ချယ်ဆီးက လီဗာပူးကို အနိုင်ယူပြီး မာဆေးဆိုဒ်သားတွေရဲ့ အမှတ်ပေးချန်ပီယံ အိပ်မက်ကို ရိုက်ချိုးခဲ့တယ်။ ရေစက်တွေက မကုန်နိုင်ခဲ့ဘဲ သူ့ကို ယူနိုက်တက်မန်နေဂျာဘဝက ထုတ်ပယ်ခံရစေတဲ့ ပွဲစဉ်က အန်ဖီးကွင်းမှာ လီဗာပူးကို အရေးနိမ့်ခဲ့တဲ့ ပွဲဖြစ်ပါတယ်။

ဇန်နဝါရီလတုန်းက စပါးကွင်းမှာ အမှတ်ပေးဇယား ဦးဆောင်သူ လီဗာပူးကို ရင်ဆိုင်ခဲ့ရစဉ် အတိတ်က မမေ့နိုင်တဲ့ ဖြစ်ရပ်တွေနဲ့ အသင်းကို ရင်ဆိုင်ရမယ့် ပွဲကြိုမှာ မော်ရင်ညိုက ” လီဗာပူးအသင်းကို ရင်ဆိုင်ကစားဖို့ဆိုတာ သာမာန်လို ပုံစံနဲ့ သွားပြီးတော့ ယှဉ်ပြိုင်လို့ မရဘူး ” ဆိုပြီး သူ့အသင်းသားတွေကို ပွဲကြို နိုးဆွနေတာကို Amazon Prime ရဲ့ All or Nothing: Tottenham Hotspur စီးရီးမှာ တွေ့မြင်ခဲ့ရတယ်။

မနှစ်က ဘောလုံးရာသီအတွင်း ရိုက်ကူခဲ့တဲ့ အဆိုပါ မှတ်တမ်းတင် စီးရီးမှာ သူကပဲ ” ငါတို့ရဲ့ ကစားသမားဘဝမှာ ရင်ဆိုင်ဖူးတဲ့ ကိစ္စတွေ ရှိကြတာပေါ့။ ငါကိုယ်တိုင်ရဲ့ ကစားသမား ဘဝမှာလည်း ဘယ်တော့မှ မမေ့နိုင်မယ့် ကောင်းတဲ့ကိစ္စတွေကော ဆိုးရွားတဲ့ ကိစ္စတွေပါ ရှိခဲ့ပါတယ်။ ငါ့ရဲ့ မန်နေဂျာဘဝမှာ ဒီ တစ္ဆေ သရဲလို ကိစ္စတွေကို ရင်ဆိုင်ရတဲ့ အခွင့်အရေးကို ကြုံလာချိန်မှာ ငါကတော့ ရင်ဆိုင်လိုက်တာပါပဲ။

မင်းတို့တွေ ကိုယ်ဘာသာ ယုံကြည်နေဖို့လိုတယ်။ ပွဲကို ယှဉ်ပြိုင်ကစားဖို့ တကယ်ကို ပျော်ရွှင်နေဖို့ လိုတယ် ” လို့ သတိပေးခဲ့တယ်။

ပထမပိုင်းမှာတော့ ဖာမင်နိုရဲ့ သွင်းဂိုးကို ခွင့်ပြုပေးရတဲ့နောက် လီဗာပူးက ၁-၀ နဲ့ ဦးဆောင်ခဲ့တယ်။ အဝတ်လဲခန်းမှာတော့ မော်ရင်ညိုက ပွဲကို ရံှူးရင် ရံှူးပါစေ၊ နောင်တမရစေနဲ့ စိတ်ပျက်မှုကို ထိန်းပြီး အကောင်းဆုံး ယှဉ်ပြိုင်ကစားကြလို့ တိုက်တွန်းခဲ့တယ်။ ပရိသတ်တွေရဲ့ အားပေးမှုနဲ့အတူ လီဗာပူးကို အတတ်နိုင်ဆုံး တုန့်ပြန်ဖို့ သတိပေးခဲ့ပြီး ပွဲအပြီးမှာ နောင်တမရအောင် ကြိုးစားကြဖို့ တိုက်တွန်းခဲ့တာဖြစ်ပါတယ်။

ZAWGYI

စပါးမန္ေနဂ်ာ ေမာ္ရင္ညိဳဟာ လီဗာပူးကို ရင္ဆိုင္ကစားရမယ့္ ပြဲမတိုင္ခင္ သူ႔အသင္းသားေတြကို ေသခ်ာလုပ္ဖို႔ သတိေပးခဲ့တာကို All or Nothing စီးရီးမွာ ျမင္ေတြ႔ရပါမယ္။

ေမာ္ရင္ညိဳဟာ လီဗာပူးနဲ႔ အတိတ္က ေရစက္ၾကီးရွိခဲ့သူပါ။ ၂၀၀၄ မွာ သူကိုယ္တြယ္တဲ့ ခ်ယ္ဆီးအသင္းဟာ ဂါစီယာရဲ႕ ေက်ာ္ၾကားလွတဲ့ တေစၦဂိုးကို ခြင့္ျပဳရျပီး ခ်န္ပီယံလိဂ္က ထြက္ခြာခဲ့ရကာ အဆိုပါႏွစ္မွာ လီဗာပူးက ေက်ာ္ၾကားတဲ့ အင္စတမ္ဘူးလ္ညကို ကစားခဲ့ကာ ခ်န္ပီယံလိဂ္ဖလား ရခဲ့တယ္။ ေမာ္ရင္ညိဳ ဦးေဆာင္တဲ့ ခ်ယ္ဆီးနဲ႔ ဘင္နီတက္စ္ ဦးေဆာင္တဲ့ လီဗာပူးက ခ်န္ပီယံလိဂ္မွာ အၾကိမ္ၾကိမ္ ထိပ္တိုက္ေတြ႔ခဲ့ၾကပါေသးတယ္။

၂၀၁၄ မွာေတာ့ အန္ဖီးကြင္းမွာ သူ ဦးေဆာင္လာတဲ့ ခ်ယ္ဆီးက လီဗာပူးကို အႏုိင္ယူျပီး မာေဆးဆိုဒ္သားေတြရဲ႕ အမွတ္ေပးခ်န္ပီယံ အိပ္မက္ကို ရိုက္ခ်ိဳးခဲ့တယ္။ ေရစက္ေတြက မကုန္ႏုိင္ခဲ့ဘဲ သူ႔ကို ယူႏိုက္တက္မန္ေနဂ်ာဘဝက ထုတ္ပယ္ခံရေစတဲ့ ပြဲစဥ္က အန္ဖီးကြင္းမွာ လီဗာပူးကို အေရးနိမ့္ခဲ့တဲ့ ပြဲျဖစ္ပါတယ္။

ဇန္နဝါရီလတုန္းက စပါးကြင္းမွာ အမွတ္ေပးဇယား ဦးေဆာင္သူ လီဗာပူးကို ရင္ဆိုင္ခဲ့ရစဥ္ အတိတ္က မေမ့ႏုိင္တဲ့ ျဖစ္ရပ္ေတြနဲ႔ အသင္းကို ရင္ဆိုင္ရမယ့္ ပြဲၾကိဳမွာ ေမာ္ရင္ညိဳက ” လီဗာပူးအသင္းကို ရင္ဆိုင္ကစားဖို႔ဆိုတာ သာမာန္လို ပံုစံနဲ႔ သြားျပီးေတာ့ ယွဥ္ျပိဳင္လို႔ မရဘူး ” ဆိုျပီး သူ႔အသင္းသားေတြကို ပြဲၾကိဳ ႏိုးဆြေနတာကို Amazon Prime ရဲ႕ All or Nothing: Tottenham Hotspur စီးရီးမွာ ေတြ႔ျမင္ခဲ့ရတယ္။

မႏွစ္က ေဘာလံုးရာသီအတြင္း ရိုက္ကူခဲ့တဲ့ အဆိုပါ မွတ္တမ္းတင္ စီးရီးမွာ သူကပဲ ” ငါတို႔ရဲ႕ ကစားသမားဘဝမွာ ရင္ဆိုင္ဖူးတဲ့ ကိစၥေတြ ရွိၾကတာေပါ့။ ငါကိုယ္တုိင္ရဲ႕ ကစားသမား ဘဝမွာလည္း ဘယ္ေတာ့မွ မေမ့ႏုိင္မယ့္ ေကာင္းတဲ့ကိစၥေတြေကာ ဆိုးရြားတဲ့ ကိစၥေတြပါ ရွိခဲ့ပါတယ္။ ငါ့ရဲ႕ မန္ေနဂ်ာဘဝမွာ ဒီ တေစၦ သရဲလို ကိစၥေတြကို ရင္ဆိုင္ရတဲ့ အခြင့္အေရးကို ၾကံဳလာခ်ိန္မွာ ငါကေတာ့ ရင္ဆိုင္လိုက္တာပါပဲ။

မင္းတို႔ေတြ ကိုယ္ဘာသာ ယံုၾကည္ေနဖို႔လိုတယ္။ ပြဲကို ယွဥ္ျပိဳင္ကစားဖို႔ တကယ္ကို ေပ်ာ္ရႊင္ေနဖို႔ လိုတယ္ ” လို႔ သတိေပးခဲ့တယ္။

ပထမပိုင္းမွာေတာ့ ဖာမင္ႏိုရဲ႕ သြင္းဂိုးကို ခြင့္ျပဳေပးရတဲ့ေနာက္ လီဗာပူးက ၁-၀ နဲ႔ ဦးေဆာင္ခဲ့တယ္။ အဝတ္လဲခန္းမွာေတာ့ ေမာ္ရင္ညိဳက ပြဲကို ရံွဴးရင္ ရံွဴးပါေစ၊ ေနာင္တမရေစနဲ႔ စိတ္ပ်က္မႈကို ထိန္းျပီး အေကာင္းဆံုး ယွဥ္ျပိဳင္ကစားၾကလို႔ တိုက္တြန္းခဲ့တယ္။ ပရိသတ္ေတြရဲ႕ အားေပးမႈနဲ႔အတူ လီဗာပူးကို အတတ္ႏုိင္ဆံုး တုန္႔ျပန္ဖို႔ သတိေပးခဲ့ျပီး ပြဲအျပီးမွာ ေနာင္တမရေအာင္ ၾကိဳးစားၾကဖို႔ တိုက္တြန္းခဲ့တာျဖစ္ပါတယ္။