စပါးမန်နေဂျာ မော်ရင်ညိုဟာ လီဗာပူးကို ရင်ဆိုင်ကစားရမယ့် ပွဲမတိုင်ခင် သူ့အသင်းသားတွေကို လီဗာပူးလို အသင်းကို ရင်ဆိုင်ဖို့ဆိုရင် သေချာလုပ်ဖို့ လိုအပ်ကြောင်း သတိပေးခဲ့တာကို All or Nothing စီးရီးမှာ မြင်တွေ့ရပါမယ်။

အန်းဒါးလက်အသင်း စီအီးအိုက ၎င်းတို့အသင်း တိုက်စစ်သမား ဒိုကူနဲ့ လီဗာပူးကြား အပြောင်းအရွှေ့ သတင်းတွေက ဘယ်ဂျီယံမှာ နာမည်အကြီးဆုံး သတင်းဖြစ်လာခဲ့ပြီလို့ ထုတ်ပြောသွားပါတယ်။

လိဒ်ယူနိုက်တက်နဲ့ ပက်သက်လို့ ကလော့ပ်က ” လိဒ်ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် အသင်းတစ်သင်းပါ။ သူတို့မှာ ကမ္ဘာအဆင့် မန်နေဂျာနဲ့ ထိပ်တန်း အရည်အသွေးတွေ ရှိထားပါတယ်။ ပြင်းထန်တဲ့ ဘောလုံးကိုလည်း ကစားတယ်။ သူတို့နဲ့ပွဲအတွက် ငါတို့ အဆင်သင့် ဖြစ်နေပါပြီ။ ကျန်တဲ့ တစ်ရာသီလုံး ကိစ္စတွေကိုတော့ အရမ်းကြီး မစဉ်းစားထားပါဘူး။ ” ဆိုပြီး ပြောပါတယ်။

ဝိုက်နယ်ဒမ်၊ သီယေဂို၊ ဘရူးစတားတို့ရဲ့ အပြောင်းအရွှေ့နဲ့ စာချုပ်ကိစ္စတွေက လမ်းဖွင့်ထားဆဲ အခြေအနေဖြစ်ကာ တစ်ခုမှ အတည်ပြု ပြောနိုင်တဲ့ အခြေအနေမှာ ရှိမနေကြောင်း ကလော့ပ်ရဲ့ ပြောဆိုမှုအရ ကောက်ချက်ချနိုင်ပါတယ်။

လီဗာပူးအသင်းရဲ့ တတိယဂျာစီကိုလည်း တရားဝင် ထုတ်ပြခဲ့ပြီဖြစ်ကာ အဆိုပါ ဒီဇိုင်းကို ရွေးချယ်ရခြင်းက သမိုင်းကြောင်း ကြီးမားခဲ့တဲ့ လီဗာပူးရဲ့ ချန်ပီယံလိဂ် အောင်မြင်မှုကို အခြေခံပြီး ပုံဖော်ထားခြင်းဖြစ်တယ်လို့ Nike ဘက်က ရှင်းပြပါတယ်။

လော်ရိုးက လီဗာပူးဟာ လိဒ်ယူနိုက်တက်ကို ၂-၀ နဲ့ အနိုင်ရမယ့် ခန့်မှန်းသွားခဲ့ပြီး လိဒ်ယူနိုက်တက်က စောင့်ကြည့်ရမယ့် အသင်းကောင်းတစ်သင်းအဖြစ်လည်း ညွှန်းဆိုသွားပါတယ်။

ကလော့ပ်နဲ့ ပက်သက်ပြီးလည်း ဘီယဲလ်ဆာဟာ “ ကလော့ပ်က နေရာ အနှံ့မှာ အကောင်းဆုံး လုပ်ခဲ့တယ်။ သူက နေရာတိုင်းမှာ တောက်ပဖို့ အခွင့်အရေး ရခဲ့ပါတယ်။ သူနဲ့ ပက်သက်ပြီး ပြောလိုတာက သူ့ရဲ့ အောင်မြင်မှုတွေအတွက် ဂုဏ်ယူမိကြောင်း ထပ်ပြောလိုပါတယ် ” လို့ ပြောပါတယ်။

ကြံ့ခိုင်မှုနဲ့ ပက်သက်လို့ မေးခွန်းတွေအတွက် ထရန့်က ” အားလုံး အဆင်ပြေနေပါတယ် ” လို့ လီဗာပူးအသင်း ဝဘ်ဆိုဒ်ကနေ ပြုံးပြုံးရွှင်ရွှင် ထုတ်ပြောခဲ့ပါတယ်။

ZAWGYI

စပါးမန္ေနဂ်ာ ေမာ္ရင္ညိဳဟာ လီဗာပူးကို ရင္ဆိုင္ကစားရမယ့္ ပြဲမတိုင္ခင္ သူ႔အသင္းသားေတြကို လီဗာပူးလို အသင္းကို ရင္ဆိုင္ဖုိ႔ဆိုရင္ ေသခ်ာလုပ္ဖို႔ လိုအပ္ေၾကာင္း သတိေပးခဲ့တာကို All or Nothing စီးရီးမွာ ျမင္ေတြ႔ရပါမယ္။

အန္းဒါးလက္အသင္း စီအီးအိုက ၄င္းတို႔အသင္း တိုက္စစ္သမား ဒိုကူနဲ႔ လီဗာပူးၾကား အေျပာင္းအေရႊ႔ သတင္းေတြက ဘယ္ဂ်ီယံမွာ နာမည္အၾကီးဆံုး သတင္းျဖစ္လာခဲ့ျပီလို႔ ထုတ္ေျပာသြားပါတယ္။

လိဒ္ယူႏုိက္တက္နဲ႔ ပက္သက္လို႔ ကေလာ့ပ္က ” လိဒ္ယူႏုိက္တက္ဟာ ပရီးမီးယားလိဂ္ အသင္းတစ္သင္းပါ။ သူတို႔မွာ ကမၻာအဆင့္ မန္ေနဂ်ာနဲ႔ ထိပ္တန္း အရည္အေသြးေတြ ရွိထားပါတယ္။ ျပင္းထန္တဲ့ ေဘာလံုးကိုလည္း ကစားတယ္။ သူတို႔နဲ႔ပြဲအတြက္ ငါတို႔ အဆင္သင့္ ျဖစ္ေနပါျပီ။ က်န္တဲ့ တစ္ရာသီလံုး ကိစၥေတြကိုေတာ့ အရမ္းၾကီး မစဥ္းစားထားပါဘူး။ ” ဆိုျပီး ေျပာပါတယ္။

ဝိုက္နယ္ဒမ္၊ သီေယဂိုုုုုု၊ ဘရူးစတားတို႔ရဲ႕ အေျပာင္းအေရႊ႔နဲ႔ စာခ်ဳပ္ကိစၥေတြက လမ္းဖြင့္ထားဆဲ အေျခအေနျဖစ္ကာ တစ္ခုမွ အတည္ျပဳ ေျပာႏုိင္တဲ့ အေျခအေနမွာ ရွိမေနေၾကာင္း ကေလာ့ပ္ရဲ႕ ေျပာဆိုမႈအရ ေကာက္ခ်က္ခ်ႏုိင္ပါတယ္။

လီဗာပူးအသင္းရဲ႕ တတိယဂ်ာစီကိုလည္း တရားဝင္ ထုတ္ျပခဲ့ျပီျဖစ္ကာ အဆိုပါ ဒီဇိုင္းကို ေရြးခ်ယ္ရျခင္းက သမိုင္းေၾကာင္း ၾကီးမားခဲ့တဲ့ လီဗာပူးရဲ႕ ခ်န္ပီယံလိဂ္ ေအာင္ျမင္မႈကို အေျခခံျပီး ပံုေဖာ္ထားျခင္းျဖစ္တယ္လို႔ Nike ဘက္က ရွင္းျပပါတယ္။

ေလာ္ရိုးက လီဗာပူးဟာ လိဒ္ယူႏုိက္တက္ကို ၂-၀ နဲ႔ အႏုိင္ရမယ့္ ခန္႔မွန္းသြားခဲ့ျပီး လိဒ္ယူႏုိက္တက္က ေစာင့္ၾကည့္ရမယ့္ အသင္းေကာင္းတစ္သင္းအျဖစ္လည္း ညႊန္းဆိုသြားပါတယ္။

ကေလာ့ပ္နဲ႔ ပက္သက္ျပီးလည္း ဘီယဲလ္ဆာဟာ “ ကေလာ့ပ္က ေနရာ အႏွံ႔မွာ အေကာင္းဆံုး လုပ္ခဲ့တယ္။ သူက ေနရာတိုင္းမွာ ေတာက္ပဖို႔ အခြင့္အေရး ရခဲ့ပါတယ္။ သူနဲ႔ ပက္သက္ျပီး ေျပာလိုတာက သူ႔ရဲ႕ ေအာင္ျမင္မႈေတြအတြက္ ဂုဏ္ယူမိေၾကာင္း ထပ္ေျပာလိုပါတယ္ ” လို႔ ေျပာပါတယ္။

ၾကံ႕ခိုင္မႈနဲ႔ ပက္သက္လို႔ ေမးခြန္းေတြအတြက္ ထရန္႔က ” အားလံုး အဆင္ေျပေနပါတယ္ ” လို႔ လီဗာပူးအသင္း ဝဘ္ဆိုဒ္ကေန ျပံဳးျပံဳးရႊင္ရႊင္ ထုတ္ေျပာခဲ့ပါတယ္။