ရာသီသစ်မှာတော့ မန်နေဂျာကလော့ပ်က တိုက်စစ်သမား ဆာလက်ကို အများကြီး မျှော်လင့်ထားတဲ့ သဘော ပြောဆိုခဲ့ပါတယ်။

ဆာလက်ဟာ လီဗာပူးအသင်းနဲ့အတူ မှတ်တမ်းတွေ အားလုံးကို ချိုးဖျက်ခဲ့သူဖြစ်ကာ ရွှေဖိနပ်ဆုကို နှစ်ရာသီတိုင် ဆက်တိုက် အနိုင်ရခဲ့သူပါ။ ကလော့ပ်ကတော့ လိုအင်ဆန္ဒ ပြင်းပြမှုတွေနဲ့အတူ ရာသီသစ်မှာတော့ ဆာလက်ထံက မှတ်တမ်းတွေ ထိပ်ချိုးမယ့် ခြေစွမ်းတွေကို မြင်ရမယ်လို့ ယုံကြည်နေပါတယ်။

မန်နေဂျာကလော့ပ်က ” နောက်ထပ် မှတ်တမ်းတွေကို သူချိုးဖျက်ဦးမယ်ဆိုရင် ကျနော်ကတော့ အံ့သြမိမှာပဲ။ ရှိသမျှမှတ်တမ်းတွေ အားလုံးကို သူချိုးထားခဲ့ပြီးပြီလို့ ကျနော်ထင်တယ်။ မင်းတို့တွေ ပြောကြတာ ရာနှုန်းပြည့် မှန်ပါတယ်။ သူက မယုံနိုင်လောက်အောင်ကို အရေးပါတယ်။ ကျနေ်ာတို့ရဲ့ တိုးတက်မှုအတွက် သိပ်ကို အရေးပါတဲ့ ကစားသမားဖြစ်ပါတယ်။

ကွင်းပြင်မှာကော ကွင်းပြင်ပမှာပါ ကျနေ်ာတို့ ကစားတဲ့ ဘယ်နည်းလမ်းက သူ့အတွက် အကူအညီဖြစ်စေမလဲဆိုတာကိုလည်း တွေးတောပါတယ်။ ဒါပေမယ့် ကျနေ်ာတို့က အားလုံးအတွက် စဉ်းစားပေးပါတယ်။ အခွင့်အရေးတွေမှာ ကျနေ်ာတို့ လုပ်ဆောင်နေသလို နည်းလမ်းတွေကိုလည်း ဘယ်သူကမှ လုပ်နိုင်မှာတောင် မဟုတ်ပါဘူး။

ကျနေ်ာတို့တင် မဟုတ်ဘဲ ကမ္ဘာကြီးက လူတိုင်းက အတူတူပါပဲ။ အရမ်းကောင်းတဲ့ မျှော်လင့်ချက်တွေ ပုံအပ်ထားခြင်း ခံရပြီဆိုရင် အဲ့တာကို တိုးတက်ဖို့အတွက်ပဲ ကျနေ်ာတို့ လက်ခံယူပါတယ်။ ကျနေ်ာကတော့ အဲ့လိုမျိုးကို မရခဲ့ပါဘူး ဒါပေမယ့် အဲ့လို အားလုံးရဲ့ မျှော်လင့်ခြင်းကို ခံရတဲ့ ကစားသမားဆိုတာ သိပ်ကောင်းတာကို ကျနော် နားလည်ပါတယ်။

အခြားတစ်ဘက်မှာတော့ ဆာလက်အတွက်က တူတူပါပဲ။ သာမာန် ခံစားချက်နဲ့ သူဂိုးမသွင်းနိုင်ပါဘူး။ သူက အထူး စပယ်ရှယ် ခံစားချက်တွေရှိလာပြီဆိုရင် ဂိုးတွေသွင်းပါတယ်။ အဲ့ခံစားချက်ကို ကျနေ်ာတို့ လိုပါတယ်။ ဆာလောင်စိတ်တွေ၊ တိုက်ခိုက်လိုစိတ်တွေ အဲ့စိတ်တွေ အားလုံး လိုပါတယ်။ အဲ့လို စိတ်အားထက်သတန်မှုတွေကပဲ သူ့ကို အခုလို ကစားသမားနဲ့ ကုန်ခဲ့တဲ့ နှစ်တွေမှာ ပြသခဲ့သလို ကစားသမား ဖြစ်လာစေခဲ့တယ်။ အချိန်တွေ အကြာကြီး ဆက်ရှိနေဦးမှာပါ။

စနေနေ့မှာ ကျနေ်ာတို့ ဆာလက်ကို လိုပါတယ်။ ဆာလက်တင် မဟုတ်ဘဲ ဆာဒီယို၊ ဘော်ဘီနဲ့ ကွင်းထဲကို ဝင်ကစားကြမယ့် အသင်းသားအားလုံး ဒီလို စိတ်ဓါတ်တွေ ရှိနေဖို့ လိုပါတယ်။ အဲ့တာက အရမ်းကို အရေးကြီးပါတယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

ရာသီသစ္မွာေတာ့ မန္ေနဂ်ာကေလာ့ပ္က တိုက္စစ္သမား ဆာလက္ကို အမ်ားၾကီး ေမွ်ာ္လင့္ထားတဲ့ သေဘာ ေျပာဆိုခဲ့ပါတယ္။

ဆာလက္ဟာ လီဗာပူးအသင္းနဲ႔အတူ မွတ္တမ္းေတြ အားလံုးကို ခ်ိဳးဖ်က္ခဲ့သူျဖစ္ကာ ေရႊဖိနပ္ဆုကို ႏွစ္ရာသီတိုင္ ဆက္တိုက္ အႏုိင္ရခဲ့သူပါ။ ကေလာ့ပ္ကေတာ့ လိုအင္ဆႏၵ ျပင္းျပမႈေတြနဲ႔အတူ ရာသီသစ္မွာေတာ့ ဆာလက္ထံက မွတ္တမ္းေတြ ထိပ္ခ်ိဳးမယ့္ ေျခစြမ္းေတြကို ျမင္ရမယ္လို႔ ယံုၾကည္ေနပါတယ္။

မန္ေနဂ်ာကေလာ့ပ္က ” ေနာက္ထပ္ မွတ္တမ္းေတြကို သူခ်ိဳးဖ်က္ဦးမယ္ဆိုရင္ က်ေနာ္ကေတာ့ အံ့ၾသမိမွာပဲ။ ရွိသမွ်မွတ္တမ္းေတြ အားလံုးကို သူခ်ိဳးထားခဲ့ျပီးျပီလို႔ က်ေနာ္ထင္တယ္။ မင္းတို႔ေတြ ေျပာၾကတာ ရာႏႈန္းျပည့္ မွန္ပါတယ္။ သူက မယံုႏုိင္ေလာက္ေအာင္ကို အေရးပါတယ္။ က်ေန္ာတို႔ရဲ႕ တိုးတက္မႈအတြက္ သိပ္ကို အေရးပါတဲ့ ကစားသမားျဖစ္ပါတယ္။

ကြင္းျပင္မွာေကာ ကြြင္းျပင္ပမွာပါ က်ေန္ာတုိ႔ ကစားတဲ့ ဘယ္နည္းလမ္းက သူ႔အတြက္ အကူအညီျဖစ္ေစမလဲဆိုတာကိုလည္း ေတြးေတာပါတယ္။ ဒါေပမယ့္ က်ေန္ာတို႔က အားလံုးအတြက္ စဥ္းစားေပးပါတယ္။ အခြင့္အေရးေတြမွာ က်ေန္ာတို႔ လုပ္ေဆာင္ေနသလို နည္းလမ္းေတြကိုလည္း ဘယ္သူကမွ လုပ္ႏိုင္မွာေတာင္ မဟုတ္ပါဘူး။

က်ေန္ာတို႔တင္ မဟုတ္ဘဲ ကမၻာၾကီးက လူတိုင္းက အတူတူပါပဲ။ အရမ္းေကာင္းတဲ့ ေမွ်ာ္လင့္ခ်က္ေတြ ပံုအပ္ထားျခင္း ခံရျပီဆိုရင္ အဲ့တာကို တိုးတက္ဖို႔အတြက္ပဲ က်ေန္ာတို႔ လက္ခံယူပါတယ္။ က်ေန္ာကေတာ့ အဲ့လိုမ်ိဳးကို မရခဲ့ပါဘူး ဒါေပမယ့္ အဲ့လို အားလံုးရဲ႕ ေမွ်ာ္လင့္ျခင္းကို ခံရတဲ့ ကစားသမားဆိုတာ သိပ္ေကာင္းတာကို က်ေနာ္ နားလည္ပါတယ္။

အျခားတစ္ဘက္မွာေတာ့ ဆာလက္အတြက္က တူတူပါပဲ။ သာမာန္ ခံစားခ်က္နဲ႔ သူဂိုးမသြင္းႏုိင္ပါဘူး။ သူက အထူး စပယ္ရွယ္ ခံစားခ်က္ေတြရွိလာျပီဆိုရင္ ဂိုးေတြသြင္းပါတယ္။ အဲ့ခံစားခ်က္ကို က်ေန္ာတို႔ လိုပါတယ္။ ဆာေလာင္စိတ္ေတြ၊ တိုက္ခိုက္လိုစိတ္ေတြ အဲ့စိတ္ေတြ အားလံုး လိုပါတယ္။ အဲ့လို စိတ္အားထက္သတန္မႈေတြကပဲ သူ႔ကို အခုလို ကစားသမားနဲ႔ ကုန္ခဲ့တဲ့ ႏွစ္ေတြမွာ ျပသခဲ့သလို ကစားသမား ျဖစ္လာေစခဲ့တယ္။ အခ်ိန္ေတြ အၾကာၾကီး ဆက္ရွိေနဦးမွာပါ။

စေနေန႔မွာ က်ေန္ာတို႔ ဆာလက္ကို လိုပါတယ္။ ဆာလက္တင္ မဟုတ္ဘဲ ဆာဒီယို၊ ေဘာ္ဘီနဲ႔ ကြင္းထဲကို ဝင္ကစားၾကမယ့္ အသင္းသားအားလံုး ဒီလို စိတ္ဓါတ္ေတြ ရွိေနဖို႔ လိုပါတယ္။ အဲ့တာက အရမ္းကို အေရးၾကီးပါတယ္ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။