လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က အပြောင်းအရွှေ့မှာ ကစားသမားသစ်ခေါ်ယူဖို့ မသေချာတဲ့ အခြေအနေတွေကြောင့် ခက်ခဲနိုင်တယ်လို့ ထုတ်ပြောထာတယ်။

အဆိုပါသတင်းကို ဒေးလီးမေလ်းကပဲ ကလော့ပ်က အပြောင်းအရွှေ့အကြောင်း စကားပြောရာမှာ စိတ်ဆိုး ဒေါသထွက်နေတယ်။ သူဟာ လူသစ်မရလို့ ဒေါသထွက်နေတယ်ဆိုတဲ့ သဘောမျိုး ဆောင်းပါးကြီးနဲ့ ဖော်ပြခံခဲ့ရတယ်။ ကလော့ပ်ကတော့ လီဗာပူးကို သူစရောက်ကတည်းက လုပ်လာတဲ့ အပြောင်းအရွှေ ပုံစံတွေက အရင်ကတည်းက ဒီအတိုင်းပါပဲဆိုပြီး တိုက်ရိုက် တုန့်ပြန်စကား ပြောဆိုခဲ့ပါတယ်။

ယာဂင် ကလော့ပ်က ” ငါ လီဗာပူးကို ရောက်လာကတည်းက ‘ဒီကစားသမားကို မခေါ်နိုင်ခဲ့ရင် ရာသီသစ်ကို အကောင်းဆုံး စနိုင်မှာ မဟုတ်ဘူး’ ဆိုပြီး တွေးထင်နေတဲ့ အပြောင်းအရွှေ့ရာသီ တစ်ခုတောင် မရှိခဲ့ဘူး။ တစ်ကြိမ်မှကို မရှိတာနော်။ ကစားသမားသစ် ခေါ်နိုင်ခဲ့ရင်လည်း သူက ကစားသမားကောင်း ဖြစ်လိမ့်မယ်။ မခေါ်နိုင်ခဲ့ရင်လည်း ငါတို့မှာ ကစားသမားကောင်းရှိတယ်။ အဲ့လို စည်းစိမ်ရှိရှိ အနေအထားဖြစ်တယ်။

ဒီ အပြောင်းအရွှေ့ ဈေးကွက်မှာတော့ ငါတို့က ပရိသတ်တွေဖြစ်နေတာပေါ့။ ဒါပေမယ့် လီဗာပူးမန်နေဂျာဘဝမှာ အမြဲတမ်းပဲ တူညီစွာပဲ လုပ်ခဲ့တာပါ။ ငါတို့လုပ်တာ အမြဲမှန်တယ်လို့ မပြောဘူး၊ ငါတို့ လုပ်နိုင်တဲ့ အကောင်းဆုံးတွေကိုပဲ လုပ်ခဲ့တယ်လို့ ပြောနေတာ ဖြစ်တယ်။

အခြေအနေတွေက အများကြီးအပေါ် မူတည်ပါတယ်။ ကစားသမား ရှာရတယ်၊ ပြောင်းရွှေ့ကြေး ရှာရတယ်။ ဒါမျိုးတွေပေါ့။ ဒါပေမယ့် မနက်မိုးလင်းလာတော့ တစ်ယောက်ယောက်က အပြောင်းအရွှေ့အကြောင်း ငါစကားပြောတာ ဒေါသထွက်နေပုံပေါက်တယ် ပြောတယ်။ စိတ်ဝင်စားစရာပဲ ငါရဲ့ ခန္ဓာကိုယ် အပြုအမှုကအစ ဝေဖန်ခံနေရတာလား။

ပွဲတွေကို ရံှူးမှ ငါ့ရဲ့ ခန္ဓာကိုယ် အမူအရာကို စွပ်စွဲ ပြောခံရတယ် ထင်ထားတာ။ ပွဲတွေကို အနိုင်ရမယ်ဆိုရင် ပွဲပြီး တွေ့ဆုံမှုမှာ စကာားပြောနေတတ်တဲ့ ငါ့ကို ပျော်စရာကောင်းတဲ့ လူကြီးလို့ လူတွေက သဘောတွေ့ကျတယ်။ အခုတော့ ပွဲတောင်မဟုတ်ဘဲ ငါ့ရဲ့ အပြုအမှုကို ဝေဖန်မှုတွေပါ လုပ်ကုန်ကြပြီ။

လီဗာပူးကို ငါရောက်လာကတည်းက သုံးစွဲမှုတွေ လုပ်တယ်။ ဒီအတွက်လည်း ဘယ်လိုလုပ်ရမလဲ အမြဲတမ်း စဉ်းစားတယ်။ အခုမှလာပြီး ဘာတွေ အံ့သြတကြီး ဖြစ်နေကြတယ်ဆိုတာ နားမလည်နိုင်ဘူး။ ငါတို့ လုပ်နေတာတွေက အခုမှ အသစ်တွေလည်း မဟုတ်ဘူး။ အခြေအနေကောင်းတိုင်း ငါတို့ သုံးစွဲတာတွေ လုပ်နေခဲ့တာပဲ။ မကောင်းရင်တော့ ငါတို့ သုံးစွဲတာတွေ မလုပ်ဘူး ငွေကြေးတွေကို အလကား ဖြုန်းတီးတဲ့ ကိစ္စပဲ ဖြစ်သွားမှာပေါ့။

ငါတို့ရဲ့ အခြေအနေကို ပြောတဲ့အခါ လူတိုင်းက ဟုတ်ရဲ့လားတို့ ဘောလုံးက အဆင်ပြေနေတယ် မဟုတ်လားလို့ ပြန်ပြောကြတယ်။ ဟုတ်တယ် ဘောလုံးမှာလည်း ပြဿနာတွေရှိတယ်။ မသေချာမှုတွေကို ရင်ဆိုင်နေရတယယ်။ အပြင်ဘက်က ကိစ္စတွေက လွှမ်းမိုးမှုရှိပါတယ်။ အပြောင်းအရွှေ့တွေကလည်း အသင်းကို ရာနှုန်းပြည့် ကူညီနိုင်တာလည်း မှန်တယ်။ မှန်ကန်တဲ့ ကစားသမားကို ရှာတွေ့ရင် ငါတို့လည်း ခေါ်မှာပါ။ မတွေ့ရင်လား မခေါ်ပါဘူး။ ” လို့ ဆိုသွားတာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးမန္ေနဂ်ာ ယာဂင္ကေလာ့ပ္က အေျပာင္းအေရႊ႔မွာ ကစားသမားသစ္ေခၚယူဖို႔ မေသခ်ာတဲ့ အေျခအေနေတြေၾကာင့္ ခက္ခဲႏုိင္တယ္လို႔ ထုတ္ေျပာထာတယ္။

အဆိုပါသတင္းကို ေဒးလီးေမလ္းကပဲ ကေလာ့ပ္က အေျပာင္းအေရႊ႔အေၾကာင္း စကားေျပာရာမွာ စိတ္ဆိုး ေဒါသထြက္ေနတယ္။ သူဟာ လူသစ္မရလို႔ ေဒါသထြက္ေနတယ္ဆိုတဲ့ သေဘာမ်ိဳး ေဆာင္းပါးၾကီးနဲ႔ ေဖာ္ျပခံခဲ့ရတယ္။ ကေလာ့ပ္ကေတာ့ လီဗာပူးကို သူစေရာက္ကတည္းက လုပ္လာတဲ့ အေျပာင္းအေရႊ ပံုစံေတြက အရင္ကတည္းက ဒီအတိုင္းပါပဲဆိုျပီး တိုက္ရိုက္ တုန္႔ျပန္စကား ေျပာဆိုခဲ့ပါတယ္။

ယာဂင္ ကေလာ့ပ္က ” ငါ လီဗာပူးကို ေရာက္လာကတည္းက ‘ဒီကစားသမားကုိ မေခၚႏုိင္ခဲ့ရင္ ရာသီသစ္ကို အေကာင္းဆံုး စႏုိင္မွာ မဟုတ္ဘူး’ ဆိုျပီး ေတြးထင္ေနတဲ့ အေျပာင္းအေရႊ႔ရာသီ တစ္ခုေတာင္ မရွိခဲ့ဘူး။ တစ္ၾကိမ္မွကို မရွိတာေနာ္။ ကစားသမားသစ္ ေခၚႏုိင္ခဲ့ရင္လည္း သူက ကစားသမားေကာင္း ျဖစ္လိမ့္မယ္။ မေခၚႏိုင္ခဲ့ရင္လည္း ငါတို႔မွာ ကစားသမားေကာင္းရွိတယ္။ အဲ့လို စည္းစိမ္ရွိရွိ အေနအထားျဖစ္တယ္။

ဒီ အေျပာင္းအေရႊ႔ ေစ်းကြက္မွာေတာ့ ငါတို႔က ပရိသတ္ေတြျဖစ္ေနတာေပါ့။ ဒါေပမယ့္ လီဗာပူးမန္ေနဂ်ာဘဝမွာ အျမဲတမ္းပဲ တူညီစြာပဲ လုပ္ခဲ့တာပါ။ ငါတို႔လုပ္တာ အျမဲမွန္တယ္လို႔ မေျပာဘူး၊ ငါတို႔ လုပ္ႏုိင္တဲ့ အေကာင္းဆံုးေတြကိုပဲ လုပ္ခဲ့တယ္လို႔ ေျပာေနတာ ျဖစ္တယ္။

အေျခအေနေတြက အမ်ားၾကီးအေပၚ မူတည္ပါတယ္။ ကစားသမား ရွာရတယ္၊ ေျပာင္းေရႊ႔ေၾကး ရွာရတယ္။ ဒါမ်ိဳးေတြေပါ့။ ဒါေပမယ့္ မနက္မိုးလင္းလာေတာ့ တစ္ေယာက္ေယာက္က အေျပာင္းအေရႊ႔အေၾကာင္း ငါစကားေျပာတာ ေဒါသထြက္ေနပံုေပါက္တယ္ ေျပာတယ္။ စိတ္ဝင္စားစရာပဲ ငါရဲ႕ ခႏၶာကိုယ္ အျပဳအမႈကအစ ေဝဖန္ခံေနရတာလား။

ပြဲေတြကို ရံွဴးမွ ငါ့ရဲ႕ ခႏၶာကိုယ္ အမူအရာကို စြပ္စြဲ ေျပာခံရတယ္ ထင္ထားတာ။ ပြဲေတြကို အႏုိင္ရမယ္ဆိုရင္ ပြဲျပီး ေတြ႔ဆံုမႈမွာ စကာားေျပာေနတတ္တဲ့ ငါ့ကို ေပ်ာ္စရာေကာင္းတဲ့ လူၾကီးလို႔ လူေတြက သေဘာေတြ႔က်တယ္။ အခုေတာ့ ပြဲေတာင္မဟုတ္ဘဲ ငါ့ရဲ႕ အျပဳအမႈကို ေဝဖန္မႈေတြပါ လုပ္ကုန္ၾကျပီ။

လီဗာပူးကို ငါေရာက္လာကတည္းက သံုးစြဲမႈေတြ လုပ္တယ္။ ဒီအတြက္လည္း ဘယ္လိုလုပ္ရမလဲ အျမဲတမ္း စဥ္းစားတယ္။ အခုမွလာျပီး ဘာေတြ အံ့ၾသတၾကီး ျဖစ္ေနၾကတယ္ဆိုတာ နားမလည္ႏုိင္ဘူး။ ငါတို႔ လုပ္ေနတာေတြက အခုမွ အသစ္ေတြလည္း မဟုတ္ဘူး။ အေျခအေနေကာင္းတိုင္း ငါတို႔ သံုးစြဲတာေတြ လုပ္ေနခဲ့တာပဲ။ မေကာင္းရင္ေတာ့ ငါတို႔ သံုးစြဲတာေတြ မလုပ္ဘူး ေငြေၾကးေတြကို အလကား ျဖဳန္းတီးတဲ့ ကိစၥပဲ ျဖစ္သြားမွာေပါ့။

ငါတို႔ရဲ႕ အေျခအေနကို ေျပာတဲ့အခါ လူတိုင္းက ဟုတ္ရဲ႕လားတို႔ ေဘာလံုးက အဆင္ေျပေနတယ္ မဟုတ္လားလို႔ ျပန္ေျပာၾကတယ္။ ဟုတ္တယ္ ေဘာလံုးမွာလည္း ျပႆနာေတြရွိတယ္။ မေသခ်ာမႈေတြကို ရင္ဆိုင္ေနရတယယ္။ အျပင္ဘက္က ကိစၥေတြက လႊမ္းမိုးမႈရွိပါတယ္။ အေျပာင္းအေရႊ႔ေတြကလည္း အသင္းကို ရာႏႈန္းျပည့္ ကူညီႏုိင္တာလည္း မွန္တယ္။ မွန္ကန္တဲ့ ကစားသမားကို ရွာေတြ႔ရင္ ငါတို႔လည္း ေခၚမွာပါ။ မေတြ႔ရင္လား မေခၚပါဘူး။ ” လို႔ ဆိုသြားတာ ျဖစ္ပါတယ္။