လီဗာပူးအသင်းဆိုင်ရာ သတင်းထောက်ဖြစ်သူ The Athletic မှ James Pearce က ရာသီသစ်ပွဲ မစတင်ခင် အကောင်းဆုံး ပွဲထွက် ၁၁ ဦးစာရင်းကို ရွေးထုတ်သွားပါတယ်။

လီဗာပူးရဲ့ အကောင်းဆုံး ကစားဟန်ဖြစ်တဲ့ ဖိအားပေး ကစားဟန်နဲ့ ၄-၃-၃ စနစ်ကို အခြေခံပြီး ရွေးချယ်ခြင်းဖြစ်ကာ ဒီလူစာရင်းဟာ အတွေ့အကြုံ၊ ကျစ်လစ်မှု၊ ပွဲကို ထိန်းချုပ်နိုင်မှုဆိုတဲ့ အချက်တွေမှာ ပြည့်ဝ ကောင်းမွန်မယ်လို့ Pearce က မြင်တယ်။ သူ့ရဲ့ ရွေးချယ်မှုမှာတော့ ထူးထူးခြားခြားအဖြစ် အပြောင်းအရွှေ့ သတင်းထွက်နေတဲ့ ဂီနီနဲ့ ပြောင်းလာမယ် သတင်းကြီးထားတဲ့ သီယေဂိုတို့ထက် ကိတ်ကို ရွေးချယ်ခဲ့ခြင်း ဖြစ်ပါတယ်။

ခံစစ်ကြောင်း

ဂိုးသမားအဖြစ်တော့ အယ်လီဆန်ကိုပဲ ချွင်းချက်မရှိ ရွေးချယ်ပါတယ်။ ညအစွန်အတွက်လည်း ကမ္ဘာအကောင်းဆုံး ညာအစွန်လူထဲက တစ်ဦးဖြစ်ပြီး ၂၁ နှစ်သာ ရှိသေးတဲ့ လီဗာပူးသားလေး ထရန့်ကို ရွေးချယ်တယ်။ ဗဟိုခံစစ်မှူးအဖြစ် ဗန်ဒိုက်နဲ့ ဂိုးမက်စ်အတွဲက အကောင်းဆုံး ဖြစ်နေဆဲဖြစ်ကာ ဘယ်အစွန်မှာတော့ စကော်တလန် အသင်းခေါင်းဆောင် ရော်ဘတ်ဆန်ဟာ ကိုစတက်ကို ကျော်ပြီး ပွဲထွက်ခွင့် ရနေဦးမယ်သူအဖြစ် ရွေးချယ်ခဲ့တယ်။

ကွင်းလယ်

ဖာဘင်ညိုဟာ ခြေကျင်းဝတ် ဒဏ်ရာမရခင် အကောင်းဆုံး ပုံစံတွေ ပြသခဲ့ပြီး ဒဏ်ရာက ပြန်သက်သာလာတဲ့နောက်မှာ အနည်းငယ် ရုန်းကန်ရမှုတွေ ရှိခ့တယ်။ ဒါပေမယ့်လို့ သူဟာ အသင်းအတွက် မီးပြတိုက်လို ကစားသမားဖြစ်ပြီး ခံစစ်တန်းကို ကာကွယ်ပေးနိုင်စွမ်းရှိကာ ပြိုင်ဘက် ကစားသမားတွေရဲ့ ခြေထောက်ထဲက ဘောလုံးကို ဖြတ်တောက်လုယူမှုတွေမှာ အကောင်းဆုံး ကစားသမားဖြစ်နေဆဲဆိုပြီး ရွေးချယ်တယ်။ ဒါပေမယ့်လို့ ကစားသမားက ကွင်းလယ်ပိုင်းကို ပိုတိုးတက်စေဖို့တော့ ကူညီပေးဖို့ လိုအပ်နေတယ်လို့ သုံးသပ်ခဲ့တယ်။

လီဗာပူးအဝတ်လဲခန်းကို လွှမ်းမိုးမှုကြီးတဲ့ အသင်းခေါင်းဆောင်ဟာ ရာနှုန်းပြည် ပေးဆပ်ကစားမှုမှာတော့ စံနမူ အသင်းသားဖြစ်တယ်။ ဟန်ဒါဆန်ရဲ့ စွမ်းအင်ပြည့် ကစားမှုနဲ့ ပေါက်ကွဲ ကစားနိုင်စွမ်းတွေ မရှိချိန်မှာ လီဗာပူးကွင်းလယ်က ကျစ်လစ်မှုအား နည်းပါးခဲ့တယ်။ သူဟာ လီဗာပူးကွင်းလယ်ရဲ့ ထောက်တိုင်ဖြစ်ပြီး မှန်ကန်တဲ့ ပေးမှုတွေက လီဗာပူးအသင်းဖော်တွေကို ကစားရ မကျပ်စေပါဘူး။

အဆုံးသတ်ပိုင်းတွေမှာ လှည့်ဖျားအားကောင်းတဲ့ ကစားသမားအဖြစ် ကိတ်တာကို မြင်နိုင်တယ်။ ဝိုက်နယ်ဒမ် ထွက်မလား၊ သီယေဂို လားမလား မသေချာသေးပေမယ့် ကိတ်တာက ပွဲထွက် လူစာရင်းကို ဝင်နိုင်နေတဲ့ ကစားသမားပါ။ ကွင်းလယ်သုံးယောက်မှာ တိုက်စစ်ကို အပါရဆုံး ကစားသမားအဖြစ် ကစားနိုင်ပြီး ဒဏ်ရာပြဿနာတွေကို ကင်းအောင် လုပ်နိုင်မယ်ဆိုရင် ယာဂင်ကလော့ပ်ရဲ့ ကွင်းလယ် ရှုထောင့်မှာ ခြားနားတဲ့ ကစားဟန်ကို မြင်ရစေမယ့် သူဖြစ်ပါတယ်။

တိုက်စစ်

လီဗာပူးတိုက်စစ်အတွဲအဖြစ်တော့ ဆာလက်၊ ဖာမင်နို၊ မာနေးအတွဲကိုပဲ ရွေးချယ်တယ်။ ဒီတိုက်စစ်တွဲလုံးက အချင်းချင်း နားလည်မှု သိပ်ကောင်းပြီး နေရာယူမှု၊ ချိတ်ဆက်မှုမှာလည်း သိပ်ကို ကောင်းမွန်တယ်။ ဖိအားပေး ကစားခြင်းနဲ့ စွမ်းအင်ပြည့် ကစားခြင်းတွေမှာ ထိပ်တန်း ကစားသမားတွေဖြစ်ကာ သူတို့ အမြင့်ဆုံးအဆင့်တွေမှာ ကစားနိုင်တိုင်း လီဗာပူးက နိုင်ပွဲအတွက် စိတ်ချရမှုတွေ ရှိပါတယ်။

ZAWGYI

လီဗာပူးအသင္းဆိုင္ရာ သတင္းေထာက္ျဖစ္သူ The Athletic မွ James Pearce က ရာသီသစ္ပြဲ မစတင္ခင္ အေကာင္းဆံုး ပြဲထြက္ ၁၁ ဦးစာရင္းကို ေရြးထုတ္သြားပါတယ္။

လီဗာပူးရဲ႕ အေကာင္းဆံုး ကစားဟန္ျဖစ္တဲ့ ဖိအားေပး ကစားဟန္နဲ႔ ၄-၃-၃ စနစ္ကို အေျခခံျပီး ေရြးခ်ယ္ျခင္းျဖစ္ကာ ဒီလူစာရင္းဟာ အေတြ႔အၾကံဳ၊ က်စ္လစ္မႈ၊ ပြဲကို ထိန္းခ်ဳပ္ႏိုင္မႈဆိုတဲ့ အခ်က္ေတြမွာ ျပည့္ဝ ေကာင္းမြန္မယ္လို႔ Pearce က ျမင္တယ္။ သူ႔ရဲ႕ ေရြးခ်ယ္မႈမွာေတာ့ ထူးထူးျခားျခားအျဖစ္ အေျပာင္းအေရႊ႔ သတင္းထြက္ေနတဲ့ ဂီနီနဲ႔ ေျပာင္းလာမယ္ သတင္းၾကီးထားတဲ့ သီေယဂိုတို႔ထက္ ကိတ္ကို ေရြးခ်ယ္ခဲ့ျခင္း ျဖစ္ပါတယ္။

ခံစစ္ေၾကာင္း

ဂိုးသမားအျဖစ္ေတာ့ အယ္လီဆန္ကိုပဲ ခၽြင္းခ်က္မရွိ ေရြးခ်ယ္ပါတယ္။ ညအစြန္အတြက္လည္း ကမၻာအေကာင္းဆံုး ညာအစြန္လူထဲက တစ္ဦးျဖစ္ျပီး ၂၁ ႏွစ္သာ ရွိေသးတဲ့ လီဗာပူးသားေလး ထရန္႔ကို ေရြးခ်ယ္တယ္။ ဗဟိုခံစစ္မွဴးအျဖစ္ ဗန္ဒိုက္နဲ႔ ဂိုးမက္စ္အတြဲက အေကာင္းဆံုး ျဖစ္ေနဆဲျဖစ္ကာ ဘယ္အစြန္မွာေတာ့ စေကာ္တလန္ အသင္းေခါင္းေဆာင္ ေရာ္ဘတ္ဆန္ဟာ ကိုစတက္ကို ေက်ာ္ျပီး ပြဲထြက္ခြင့္ ရေနဦးမယ္သူအျဖစ္ ေရြးခ်ယ္ခဲ့တယ္။

ကြင္းလယ္

ဖာဘင္ညိဳဟာ ေျခက်င္းဝတ္ ဒဏ္ရာမရခင္ အေကာင္းဆံုး ပံုစံေတြ ျပသခဲ့ျပီး ဒဏ္ရာက ျပန္သက္သာလာတဲ့ေနာက္မွာ အနည္းငယ္ ရုန္းကန္ရမႈေတြ ရွိခ့တယ္။ ဒါေပမယ့္လို႔ သူဟာ အသင္းအတြက္ မီးျပတိုက္လို ကစားသမားျဖစ္ျပီး ခံစစ္တန္းကို ကာကြယ္ေပးႏုိင္စြမ္းရွိကာ ျပိဳင္ဘက္ ကစားသမားေတြရဲ႕ ေျခေထာက္ထဲက ေဘာလံုးကို ျဖတ္ေတာက္လုယူမႈေတြမွာ အေကာင္းဆံုး ကစားသမားျဖစ္ေနဆဲဆိုျပီး ေရြးခ်ယ္တယ္။ ဒါေပမယ့္လို႔ ကစားသမားက ကြင္းလယ္ပိုင္းကို ပိုတိုးတက္ေစဖို႔ေတာ့ ကူညီေပးဖို႔ လိုအပ္ေနတယ္လို႔ သံုးသပ္ခဲ့တယ္။

လီဗာပူးအဝတ္လဲခန္းကို လႊမ္းမုိးမႈၾကီးတဲ့ အသင္းေခါင္းေဆာင္ဟာ ရာႏႈန္းျပည္ ေပးဆပ္ကစားမႈမွာေတာ့ စံနမူ အသင္းသားျဖစ္တယ္။ ဟန္ဒါဆန္ရဲ႕ စြမ္းအင္ျပည့္ ကစားမႈနဲ႔ ေပါက္ကြဲ ကစားႏုိင္စြမ္းေတြ မရွိခ်ိန္မွာ လီဗာပူးကြင္းလယ္က က်စ္လစ္မႈအား နည္းပါးခဲ့တယ္။ သူဟာ လီဗာပူးကြင္းလယ္ရဲ႕ ေထာက္တိုင္ျဖစ္ျပီး မွန္ကန္တဲ့ ေပးမႈေတြက လီဗာပူးအသင္းေဖာ္ေတြကို ကစားရ မက်ပ္ေစပါဘူး။

အဆံုးသတ္ပိုင္းေတြမွာ လွည့္ဖ်ားအားေကာင္းတဲ့ ကစားသမားအျဖစ္ ကိတ္တာကို ျမင္ႏုိင္တယ္။ ဝိုက္နယ္ဒမ္ ထြက္မလား၊ သီေယဂို လားမလား မေသခ်ာေသးေပမယ့္ ကိတ္တာက ပြဲထြက္ လူစာရင္းကို ဝင္ႏုိင္ေနတဲ့ ကစားသမားပါ။ ကြင္းလယ္သံုးေယာက္မွာ တိုက္စစ္ကို အပါရဆံုး ကစားသမားအျဖစ္ ကစားႏုိင္ျပီး ဒဏ္ရာျပႆနာေတြကို ကင္းေအာင္ လုပ္ႏုိင္မယ္ဆိုရင္ ယာဂင္ကေလာ့ပ္ရဲ႕ ကြင္းလယ္ ရႈေထာင့္မွာ ျခားနားတဲ့ ကစားဟန္ကို ျမင္ရေစမယ့္ သူျဖစ္ပါတယ္။

တိုက္စစ္

လီဗာပူးတိုက္စစ္အတြဲအျဖစ္ေတာ့ ဆာလက္၊ ဖာမင္ႏို၊ မာေနးအတြဲကိုပဲ ေရြးခ်ယ္တယ္။ ဒီတိုက္စစ္တြဲလံုးက အခ်င္းခ်င္း နားလည္မႈ သိပ္ေကာင္းျပီး ေနရာယူမႈ၊ ခ်ိတ္ဆက္မႈမွာလည္း သိပ္ကို ေကာင္းမြန္တယ္။ ဖိအားေပး ကစားျခင္းနဲ႔ စြမ္းအင္ျပည့္ ကစားျခင္းေတြမွာ ထိပ္တန္း ကစားသမားေတြျဖစ္ကာ သူတို႔ အျမင့္ဆံုးအဆင့္ေတြမွာ ကစားႏုိင္တုိင္း လီဗာပူးက ႏုိင္ပြဲအတြက္ စိတ္ခ်ရမႈေတြ ရွိပါတယ္။