လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်က လိဒ်ယူနိုက်တက်ပွဲကြိုမှာ ချန်ပီယံကာကွယ်ဖို့တွေ၊ ဆုဖလား စိန်ခေါ်ဖို့တွေကို မေ့လိုက်ကြဖို့ အသင်းဖော်တွေကို သတိပေးလိုက်ပါတယ်။

ရာသီသစ်မှာ အစစ အရာရာကို သုညကနေ ပြန်စတင်ရမှာဖြစ်ကာ ပရော်ဖက်ရှင်နယ်တွေအဖြစ် ကွင်းထဲမှာ ပထမဆုံး ယှဉ်ပြိုင်ရမယ့် လိဒ်ယူနိုက်တက်ကို အနိုင်ရအောင် အာရုံအပြည်စိုက်ဖို့ကို တောင်းဆိုတယ်။ ချန်ပီယံဖြစ်ခဲ့တာအတွက် ဂုဏ်ယူ အကောင်းမြင်နေမှုအစား ကိုယ်ဘာသာ နှိမ့်ချပြီး အာရုံစိုက်မှုကို မပျောက်စေဖို့ သေချာ သတိပေးခဲ့ပါတယ်။

ဟန်ဒါဆန်က “ အတိတ်က ဘောလုံးရာသီတွေကို ပြန်ကြည့်လိုက်မယ်ဆိုရင် ငါတို့က ကိုယ်ရှေ့မှာရှိနေတဲ့ ကိစ္စတွေအတွက်ပဲ အာရုံစိုက်ခဲ့ကြတယ်။ ကစားသမားအနေနဲ့ လေ့ကျင့်ရေးမှာ လေ့ကျင့်တယ်။ မဲဝုဒ်မှာ နေ့တိုင်း လေ့ကျင့်ပြီး ကိုယ်အလုပ်အတွက် အဆင်သင့်ဖြစ်အောင် ပြင်ဆင်တယ်။ ကောင်းတာတွေစားတယ်၊ ဆေးအဖွဲ့ပြောတာ နားထောင်တယ်၊ ကြံ့ခိုင်ရေးနည်းပြက လုပ်ဆိုတာတွေကို လုပ်တယ်။ လေ့ကျင့်ချိန်တိုင်း ပိုကောင်းလာဖို့ သင်ယူလေ့လာတယ်။

ချက်ခြင်းပဲ ဆုဖလား စိန်ခေါ်မှုမယ်ဆိုတဲ့ ကိစ္စတွေကို တွေးမြင်နေရမှာ မဟုတ်ဘဲ ကိုယ်ရောက်နေတဲ့ အခိုက်အတန့်ကိုပဲ အနိုင်ရဖို့ ကြိုးစားရမှာဖြစ်တယ်။ ဒီနေ့ပွဲမှာ ကိုယ်လုပ်မယ့် ပထမဆုံးသော ဖြတ်ထုတ်မှု၊ ပထမဆုံး ပေးပို့မှု၊ ပထမဆုံး အမြင့်ဘော အောင်နိုင်ဖို့၊ ပြိုင်ဘက်တွေထက် ပိုမြန်ဖို့၊ ပိုသန်မာဖို့ တစ်ဦးချင်းနဲ့ အသင်းလိုက် စိန်ခေါ်မှုတွေမှာ အောင်မြင်ဖို့ကိုပဲ အာရုံစိုက်ရမှာဖြစ်တယ်။

ဒါက ပရော်ဖက်ရှင်နယ်တွေ လုပ်ရမယ့် အလုပ်ပဲဖြစ်တယ်။ ရှေ့ကို ကြိုတွေးပြီး ဘာတွေဖြစ်မယ် ခန့်မှန်းနေတာတွေ၊ မျှော်လင့်ချက်တွေကို တည်ဆောက်နေတာတွေဆိုတဲ့ အပြင်ပန်းကိစ္စတွေထက် လက်ရှိကိုပဲ ပိုမို အာရုံစိုက်ရမှာဖြစ်တယ်။ လိဒ်ယူနိုက်တက်ကို ရင်ဆိုင်ရာမှာလည်း တူညီတဲ့ ချဉ်းကပ်မှုပါပဲ။ သူတို့ကလည်း သိပ်ကောင်းတဲ့ ရာသီရှိထားပြီး သူတို့လိဂ်မှာ ချန်ပီယံပါ။ ဒါပေမယ့် သူတို့ကလည်း ဒီရာသီမှာ ဘာဖြစ်မယ်ဆိုတာထက် ပရီးမီးယားလိဂ်ကို အကောင်းဆုံး ယှဉ်ပြိုင်ဖို့ပဲ စဉ်းစားနေမှာပါ။

ပြောခဲ့သလိုပါပဲ။ လူတွေက ဘာဖြစ်လာမလဲဆိုတာတွေကို ဝေဖန်လေကန်တာတွေ သုံးသပ်ဆွေးနွေးတာတွေ လုပ်ကြလိမ့်မယ်။ အဆင်ပြေပါတယ်။ ဒါက ဘောလုံးပါပဲ။ ဒါပေမယ့် ကစားသမားတွေအနေနဲ့က ကွင်းထဲမှာ အသင်းအတွက် အကောင်းဆုံးလုပ်ဖို့ တာဝန်ရှိပါတယ်။ အကူအညီမဖြစ်နိုင်တဲ့ ကိစ္စ မှန်သမျှကို မေ့ထားရမယ်။

ပွဲမစခင် အချိန်ထိ ငါတို့က လိဒ်ယူနိုက်တက်ကို အသာရနေတာ ဘာတစ်ခုမှ မရှိဘူး။ ကွင်းထဲမှာတော့ ငါတို့ အသာရလိုတယ်။ အောင်နိုင်လိုတယ်။ ဒါက စတင်ခြင်း အသစ်ဖြစ်ပါတယ်။ အကုန်လုံး သုညကနေ ပြန်စရမှာပါ။ ကြီးကျယ်တဲ့ အမှတ်တရတွေကို ဖန်တီးလိုရင် ပေးဆပ်မှုကြီးဖို့ လိုပါတယ်။ စိန်ခေါ်မှုတစ်ခုတည်းကို အာရုံစိုက်ရမယ်၊ ကာကွယ်မှု တစ်ခုတည်း၊ ပြိုင်ပွဲတစ်ခုတည်းကို အာရုံစိုက်ရမယ်။ အကောင်းမြင်တာတွေက သိပ်ကောင်းပါတယ် ဒါပေမယ့် ငါတို့က နှိမ့်ချပြီးတော့ အာရုံစိုက်မှု အပြည့်ရှိနေဖို့ အရေးကြီးပါတယ် ” လို့ ဆိုသွားတာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းေခါင္းေဆာင္ ဟန္ဒါဆန္က လိဒ္ယူႏုိက္တက္ပြဲၾကိဳမွာ ခ်န္ပီယံကာကြယ္ဖို႔ေတြ၊ ဆုဖလား စိန္ေခၚဖို႔ေတြကို ေမ့လိုက္ၾကဖို႔ အသင္းေဖာ္ေတြကို သတိေပးလိုက္ပါတယ္။

ရာသီသစ္မွာ အစစ အရာရာကို သုညကေန ျပန္စတင္ရမွာျဖစ္ကာ ပေရာ္ဖက္ရွင္နယ္ေတြအျဖစ္ ကြင္းထဲမွာ ပထမဆံုး ယွဥ္ျပိဳင္ရမယ့္ လိဒ္ယူႏုိက္တက္ကို အႏုိင္ရေအာင္ အာရံုအျပည္စိုက္ဖို႔ကို ေတာင္းဆိုတယ္။ ခ်န္ပီယံျဖစ္ခဲ့တာအတြက္ ဂုဏ္ယူ အေကာင္းျမင္ေနမႈအစား ကိုယ္ဘာသာ ႏွိမ့္ခ်ျပီး အာရံုစိုက္မႈကို မေပ်ာက္ေစဖို႔ ေသခ်ာ သတိေပးခဲ့ပါတယ္။

ဟန္ဒါဆန္က “ အတိတ္က ေဘာလံုးရာသီေတြကို ျပန္ၾကည့္လိုက္မယ္ဆိုရင္ ငါတို႔က ကိုယ္ေရွ႔မွာရွိေနတဲ့ ကိစၥေတြအတြက္ပဲ အာရံုစိုက္ခဲ့ၾကတယ္။ ကစားသမားအေနနဲ႔ ေလ့က်င့္ေရးမွာ ေလ့က်င့္တယ္။ မဲဝုဒ္မွာ ေန႔တိုင္း ေလ့က်င့္ျပီး ကိုယ္အလုပ္အတြက္ အဆင္သင့္ျဖစ္ေအာင္ ျပင္ဆင္တယ္။ ေကာင္းတာေတြစားတယ္၊ ေဆးအဖြဲ႔ေျပာတာ နားေထာင္တယ္၊ ၾကံ႕ခိုင္ေရးနည္းျပက လုပ္ဆိုတာေတြကို လုပ္တယ္။ ေလ့က်င့္ခ်ိန္တိုင္း ပိုေကာင္းလာဖို႔ သင္ယူေလ့လာတယ္။

ခ်က္ျခင္းပဲ ဆုဖလား စိန္ေခၚမႈမယ္ဆိုတဲ့ ကိစၥေတြကို ေတြးျမင္ေနရမွာ မဟုတ္ဘဲ ကိုယ္ေရာက္ေနတဲ့ အခိုက္အတန္႔ကိုပဲ အႏုိင္ရဖို႔ ၾကိဳးစားရမွာျဖစ္တယ္။ ဒီေန႔ပြဲမွာ ကိုယ္လုပ္မယ့္ ပထမဆံုးေသာ ျဖတ္ထုတ္မႈ၊ ပထမဆံုး ေပးပို႔မႈ၊ ပထမဆံုး အျမင့္ေဘာ ေအာင္ႏုိင္ဖို႔၊ ျပိဳင္ဘက္ေတြထက္ ပိုျမန္ဖို႔၊ ပိုသန္မာဖို႔ တစ္ဦးခ်င္းနဲ႔ အသင္းလိုက္ စိန္ေခၚမႈေတြမွာ ေအာင္ျမင္ဖို႔ကိုပဲ အာရံုစိုက္ရမွာျဖစ္တယ္။

ဒါက ပေရာ္ဖက္ရွင္နယ္ေတြ လုပ္ရမယ့္ အလုပ္ပဲျဖစ္တယ္။ ေရွ႔ကို ၾကိဳေတြးျပီး ဘာေတြျဖစ္မယ္ ခန္႔မွန္းေနတာေတြ၊ ေမွ်ာ္လင့္ခ်က္ေတြကို တည္ေဆာက္ေနတာေတြဆိုတဲ့ အျပင္ပန္းကိစၥေတြထက္ လက္ရွိကိုပဲ ပိုမို အာရံုစိုက္ရမွာျဖစ္တယ္။ လိဒ္ယူႏုိက္တက္ကို ရင္ဆိုင္ရာမွာလည္း တူညီတဲ့ ခ်ဥ္းကပ္မႈပါပဲ။ သူတို႔ကလည္း သိပ္ေကာင္းတဲ့ ရာသီရွိထားျပီး သူတို႔လိဂ္မွာ ခ်န္ပီယံပါ။ ဒါေပမယ့္ သူတို႔ကလည္း ဒီရာသီမွာ ဘာျဖစ္မယ္ဆိုတာထက္ ပရီးမီးယားလိဂ္ကို အေကာင္းဆံုး ယွဥ္ျပိဳင္ဖို႔ပဲ စဥ္းစားေနမွာပါ။

ေျပာခဲ့သလိုပါပဲ။ လူေတြက ဘာျဖစ္လာမလဲဆိုတာေတြကို ေဝဖန္ေလကန္တာေတြ သံုးသပ္ေဆြးေႏြးတာေတြ လုပ္ၾကလိမ့္မယ္။ အဆင္ေျပပါတယ္။ ဒါက ေဘာလံုးပါပဲ။ ဒါေပမယ့္ ကစားသမားေတြအေနနဲ႔က ကြင္းထဲမွာ အသင္းအတြက္ အေကာင္းဆံုးလုပ္ဖို႔ တာဝန္ရွိပါတယ္။ အကူအညီမျဖစ္ႏိုင္တဲ့ ကိစၥ မွန္သမွ်ကို ေမ့ထားရမယ္။

ပြဲမစခင္ အခ်ိန္ထိ ငါတို႔က လိဒ္ယူႏုိက္တက္ကို အသာရေနတာ ဘာတစ္ခုမွ မရွိဘူး။ ကြင္းထဲမွာေတာ့ ငါတို႔ အသာရလိုတယ္။ ေအာင္ႏုိင္လိုတယ္။ ဒါက စတင္ျခင္း အသစ္ျဖစ္ပါတယ္။ အကုန္လံုး သုညကေန ျပန္စရမွာပါ။ ၾကီးက်ယ္တဲ့ အမွတ္တရေတြကို ဖန္တီးလိုရင္ ေပးဆပ္မႈၾကီးဖို႔ လိုပါတယ္။ စိန္ေခၚမႈတစ္ခုတည္းကို အာရံုစိုက္ရမယ္၊ ကာကြယ္မႈ တစ္ခုတည္း၊ ျပိဳင္ပြဲတစ္ခုတည္းကို အာရံုစိုက္ရမယ္။ အေကာင္းျမင္တာေတြက သိပ္ေကာင္းပါတယ္ ဒါေပမယ့္ ငါတို႔က ႏွိမ့္ခ်ျပီးေတာ့ အာရံုစိုက္မႈ အျပည့္ရွိေနဖို႔ အေရးၾကီးပါတယ္ ” လို႔ ဆိုသြားတာ ျဖစ္ပါတယ္။