လီဗာပူးဖန်းဆိုဒ်ဖြစ်တဲ့ Empire of the Kop က ဂျာမနီနာမည်ကြီး သတင်းဌာန Bild ရဲ့ အကြီးတန်း သတင်းထောက်ဖြစ်သူ Christian Falk နဲ့ စကားပြောမှုတွေ လုပ်ခဲ့တယ်။

Christian Falk ဟာ လီဗာပူးနဲ့ အယ်ကန်တာရာ သတင်းတွေကို ဆက်တိုက် ဖော်ပြနေသူတစ်ဦးဖြစ်သလို ဂျာမနီအသိုင်းအဝိုင်းမှာတော့ နာမည်ကြီး သတင်းထောက်တစ်ဦး ဖြစ်ပါတယ်။ သီယေဂိုအတွက် လီဗာပူးက ကမ်းလှမ်းမှု မလုပ်သေးဘူးဆိုတဲ့ သတင်းနဲ့အတူ လာမယ့် ဈေးကွက်မှာ လီဗာပူးအသင်း ကမ်းလှမ်းမှု လုပ်နိုင်တဲ့ ကစားသမား တစ်ဦးအကြောင်းကိုပါ သူက ထုတ်ပြောခဲ့တယ်။

Christian Falk ကပြောရာမှာ ” လီဗာပူးက မိုချန်ဂလာဘတ်မှ ဇာကာရီရာကို ခေါ်ယူဖို့ မျက်စိကျနေတယ်ဆိုတာ ကျနော် သိပါတယ်။ နောက်ရာသီ နွေဈေးကွက်မှာတော့ သူက အရမ်းကို ဆွဲဆောင်မှုကောင်းတဲ့ ကစားသမား ဖြစ်လာပါလိမ့်မယ်။ သူက ပရီးမီးယားလိဂ်ကို ပြောင်းလိုနေတယ် ဆိုတာလည်း သိပ်ကို မှန်းဆရလွယ်တဲ့ ကိစ္စဖြစ်ပါတယ် ”

ဇာကာရီရာဟာ ဘွန်ဒက်လီဂါကလပ် မိုချန်ဂလာမှာ တောက်ပလာတဲ့ ဆွစ်ဇလန်ကစားသမားဖြစ်တယ်။ အသက် ၂၃ နှစ်အရွယ်ပဲ ရှိသေးပြီး ခံစစ်အားသန် ကစားသမားဖြစ်ကာ လိုအပ်လာရင် ဗဟိုခံစစ်မှူးနေရာမှာပါ ကစားနိုင်သူ ဖြစ်ပါတယ်။ သူ့ရဲ့ ဈေးကွက်တန်ကြေးက ယူရို သန်း ၄၀ လောက်ရှိမယ်လို့ ခန့်မှန်းထားရတယ်။

လီဗာပူးက သူ့ကို ခေါ်ယူဖို့ စောင့်ကြည့်ခြင်းက အသင်းခေါင်းဆောင် ဟန်ဒါဆန်နေရာ ရေရှည် အစားထိုးဖို့အတွက်လို့ သိရပြီး တရားဝင် ဆိုင်ရာ ကိစ္စတွေကတော့ လာမယ့်ရာသီမှ စတင်လိမ့်မယ်လို့ Falk က ပြောခဲ့ပါတယ်။

ZAWGYI

လီဗာပူးဖန္းဆိုဒ္ျဖစ္တဲ့ Empire of the Kop က ဂ်ာမနီနာမည္ၾကီး သတင္းဌာန Bild ရဲ႕ အၾကီးတန္း သတင္းေထာက္ျဖစ္သူ Christian Falk နဲ႔ စကားေျပာမႈေတြ လုပ္ခဲ့တယ္။

Christian Falk ဟာ လီဗာပူးနဲ႔ အယ္ကန္တာရာ သတင္းေတြကို ဆက္တိုက္ ေဖာ္ျပေနသူတစ္ဦးျဖစ္သလို ဂ်ာမနီအသိုင္းအဝိုင္းမွာေတာ့ နာမည္ၾကီး သတင္းေထာက္တစ္ဦး ျဖစ္ပါတယ္။ သီေယဂိုအတြက္ လီဗာပူးက ကမ္းလွမ္းမႈ မလုပ္ေသးဘူးဆိုတဲ့ သတင္းနဲ႔အတူ လာမယ့္ ေစ်းကြက္မွာ လီဗာပူးအသင္း ကမ္းလွမ္းမႈ လုပ္ႏုိင္တဲ့ ကစားသမား တစ္ဦးအေၾကာင္းကိုပါ သူက ထုတ္ေျပာခဲ့တယ္။

Christian Falk ကေျပာရာမွာ ” လီဗာပူးက မိုခ်န္ဂလာဘတ္မွ ဇာကာရီရာကို ေခၚယူဖို႔ မ်က္စိက်ေနတယ္ဆိုတာ က်ေနာ္ သိပါတယ္။ ေနာက္ရာသီ ေႏြေစ်းကြက္မွာေတာ့ သူက အရမ္းကို ဆြဲေဆာင္မႈေကာင္းတဲ့ ကစားသမား ျဖစ္လာပါလိမ့္မယ္။ သူက ပရီးမီးယားလိဂ္ကို ေျပာင္းလိုေနတယ္ ဆိုတာလည္း သိပ္ကို မွန္းဆရလြယ္တဲ့ ကိစၥျဖစ္ပါတယ္ ”

ဇာကာရီရာဟာ ဘြန္ဒက္လီဂါကလပ္ မိုခ်န္ဂလာမွာ ေတာက္ပလာတဲ့ ဆြစ္ဇလန္ကစားသမားျဖစ္တယ္။ အသက္ ၂၃ ႏွစ္အရြယ္ပဲ ရွိေသးျပီး ခံစစ္အားသန္ ကစားသမားျဖစ္ကာ လိုအပ္လာရင္ ဗဟိုခံစစ္မွဴးေနရာမွာပါ ကစားႏုိင္သူ ျဖစ္ပါတယ္။ သူ႔ရဲ႕ ေစ်းကြက္တန္ေၾကးက ယူရို သန္း ၄၀ ေလာက္ရွိမယ္လို႔ ခန္႔မွန္းထားရတယ္။

လီဗာပူးက သူ႔ကုိ ေခၚယူဖို႔ ေစာင့္ၾကည့္ျခင္းက အသင္းေခါင္းေဆာင္ ဟန္ဒါဆန္ေနရာ ေရရွည္ အစားထိုးဖို႔အတြက္လို႔ သိရျပီး တရားဝင္ ဆိုင္ရာ ကိစၥေတြကေတာ့ လာမယ့္ရာသီမွ စတင္လိမ့္မယ္လို႔ Falk က ေျပာခဲ့ပါတယ္။