ပရီးမီးယားလိဂ် အဖွင့်ပွဲအဖြစ် လိဒ်ယူနိုက်တက်ကို ရင်ဆိုင်ရာမှာတော့ မန်နေဂျာကလောပ့်ဟာ အရင်နှစ်က ပုံမှန်ထုတ်နေကျ အဓိက လူစာရင်းမှာ တစ်နေရာကိုပဲ အပြောင်းအလဲ လုပ်ခဲ့ပြီး ကွင်းလယ်သုံးယောက်တန်းမှာ ကိတ်တာပါဝင်ခဲ့ပါတယ်။

ပွဲစကတည်းက လီဗာပူးက လွှမ်းမိုးကစားခဲ့ပြီး လိဒ်ဘက်ကတော့ ပွဲရှိန်သလိုဖြစ်ကာ အထ နှေးနေခဲ့တယ်။ ဒါကြောင့်လည်း အဖွင့်ဂိုးကတော့ ပွဲအစ ၄ မိနစ်လောက်မှာပဲ ဆာလက် ဧရိယာထဲ ပိတ်သွင်းမှုကို လိဒ်ယူနိုက်တက် ခံစစ်မှူး လက်နဲ့ ကာထားသလို ဖြစ်တာကြောင့် ရတဲ့ ပင်နယ်တီကို ဆာလက်ကပဲ အဆုံးသတ်ပြီး ဦးဆောင်ဂိုး စယူပါတယ်။

ပွဲက ထင်ထားသလို တစ်ဖက်သတ် ဖြစ်မသွားဘဲ လိဒ်ဘက်က ပွဲချိန်ကြာလာတာနဲ့အမျှ အသားကျလာခဲ့တယ်။ ခြေပဂိုး ပြန်ပေးလိုက်ရတာကတော့ လိဒ်ဘက်က ကောင်တာတိုက်စစ် ကောင်းသလို လီဗာပူး အသင်း အာရုံစိုက်မှု လိုအပ်ချက်ရှိနေတဲ့ အနေအထားကြောင့်လို့ ပြောလို့ ရပါတယ်။ ဧရိယာထိပ်ကနေ ကန်တင်ပေးတဲ့ ဘောလုံးကို လိဒ်ဘယ်တောင်ပံက တိုက်စစ်သမားက တောင်လျှောက် ပြေးယူသွားပြီး ကန်သွင်း အဆုံးသတ်ခဲ့တာပါ။

အဆိုပါဂိုးမှာတော့ ထရန့်၊ ဂိုးမက်စ်၊ ဗန်ဒိုက်၊ အယ်လီဆန်တို့ အစဉ်လိုက်ပဲ ကစားပုံ ညံ့ခဲ့ပါတယ်။ လူမကပ်နိုင်သလို ဘောလုံးလည်း လိုက်မဖျက်နိုင်ခဲ့ဘူး။ ဗန်ဒိုက်ရဲ့ ဘောလုံးကို ပိတ်ကာဖို့ ကြိုးစားပုံ မသေသပ်သလို အယ်လီဆန်ကလည်း ပုံမှန်လက်စွမ်းအောက်ထိ ကျဆင်းနေခဲ့တယ်။ လီဗာပူးကစားပုံက အတက် အကျ မြန်နေပြီး ဟန်ချက်ညီမှု နည်းသွားတိုင်း လိဒ်ဘက်ကလည်း တုန့်ပြန်မှုတွေ ဆက်တိုက် ပေးခဲ့ပါတယ်။

လီဗာပူးရဲ့ ဒုတိယဂိုးကတော့ ရော်ဘတ်ဆန် ပါးနပ်စွာလုပ်ယူသွားတဲ့ ထောင့်ကန်ဘောကို ဗန်ဒိုက်က ခေါင်းတိုက် သွင်းယူတာပါ။ ခေါင်းတိုက်သွင်းဂိုးက ပြင်းထန် အားပါလှပြီး ကောင်းမွန်ပါတယ်။ ဒါပေမယ့် သိပ်မကြာခင်မှာပဲ ဗန်ဒိုက်ရဲ့ အမှားကနေ လီဗာပူးက ခြေပဂိုး ပြန်ပေးခဲ့ရတယ်။ ဗန်ဒိုက်ရဲ့ ပုံစံက ကိုယ်ဘာသာ ယုံကြည်မှု လွန်ကဲနေခဲ့ပြီး ခံစစ်ကိုလည်း တည်ငြိမ်အောင် မထိန်းထားနိုင်ခဲ့ဘူး။ အယ်လီဆန်ရဲ့ လက်စွမ်းကျနေမှုကလည်း အကူအညီ မဖြစ်ခဲ့ပါဘူး။

တတိယဂိုးကတော့ ဆာလက်ရဲ့ အဆုံးသတ် ထူးချွန်မှုကနေ ရခဲ့တာပါ။ ဒီပွဲမှာ လီဗာပူးတိုက်စစ်က ဆာလက် ကစားပုံကောင်းပေမယ့် ဖာမင်နို သင့်ယုံပဲလို့ ပြောလို့ရသလို မာနေး အမှားများလွန်းပါတယ်။ လီဗာပူးရဲ့ တိုက်စစ်စတင်ခြင်းတွေမှာ ဘောလုံး မပျက်ဖို့က အရမ်းအရေးကြီးပေမယ့် အဓိက နေရာတွေမှာ မာနေးက ဘောလုံးကို ခပ်လွယ်လွယ်ပဲ ဖြုန်းတီးခဲ့တယ်။ ဖာမင်နိုကတော့ ထိချက်တွေ သိပ်ကောင်းပေမယ့် သူကိုယ်တိုင် အဆုံးသတ်သင့်တဲ့ အနေအထားတွေမှာ ဝေဝါးနေခဲ့တာတွေက ရှိခဲ့ပါတယ်။

လီဗာပူးဟာ ကွင်းလယ်မှာ ကိတ်တာကို ထည့်သုံးခဲ့တာကြောင့် တိုက်စစ်ပိုင်းမှာတော့ အကူအညီ အတော်ဖြစ်ပါတယ်။ ဒါပေမယ့် ဘောလုံးပျက်တိုင်းမှာ ခံစစ်ကို ကာကွယ်တဲ့ ကွင်းလယ်သုံးယောက်တန်းက လုံးဝကို ဟန်ချက် မညီဘဲ ဗဟိုခံစစ်မှူး နှစ်ဦးရှေ့မှာ ကွက်လပ်ကြီးက အကြီးကြီး ဖြစ်နေခဲ့တယ်။ ညာအစွန်က ထရန့်က ရာသီကြိုမှာ ဒဏ်ရာကြောင့် လွဲထားခြင်းကြောင့် ကစားအား အတော်လေး လိုအပ်နေပြီး သူ့နေရာက ဖရိုဖရဲကို ပြိုဆင်နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း ပထမပိုင်းနဲ့ သိပ်မကွာပေမယ့် ပိုင်ဆိုင်မှုပိုင်းမှာတော့ ပိုကောင်းခဲ့ပြီး ဖာမင်နို တစ်ချက်ထိတွေ အတော်ကောင်းပါတယ်။ ဆိုခဲ့သလိုပဲ ဖာမင်နိုက မကောင်းဘူးလို့ ပြောရလည်း ခက်ပြီး အဆုံးသတ်ပိုင်းမှာတော့ အကူအညီမဖြစ်ခဲ့တာက အားမရစရာပါ။ ရော်ဘတ်ဆန်နဲ့ ဆာလက်တို့ပဲ အတော်လေး ကောင်းခဲ့ကာ ဆာလက်ကို ဘောလုံးမရောက်လို့ ဂိုးမက်စ် အတော်လေး ရှေ့တက်ပြီး ကူခဲ့ရတယ်။ ဒါပေမယ့်လည်း သူက ထရန့်နေရာကို ကူဖန်များကာ သူ့နေရာမှာ အားနည်းခဲ့ပြန်ပါတယ်။

အသင်းဟာ အာရုံစိုက်မှု ဒိထက်ပိုကောင်းပြီး ကစားသမားတွေ အမှားများခြင်းမျိုး နည်းခဲ့မယ်ဆိုရင် ပွဲက ဂိုးပြတ်လောက်တဲ့ ပွဲပဲဖြစ်ပါတယ်။ ဒါပေမယ့်လို့ အာရုံစိုက်မှုက ဆိုးဆိုးရွားရွား ညံ့လွန်းပါတယ်။ ဝေဖန်မှုတစ်ခုကို ထည့်ပြောရရင် အသင်းဟာ ချန်ပီယံကို ကာကွယ်တဲ့ ဘောလုံးရာသီကို ကစားဖို့ရာ ကိုယ်ဘာသာ အတော်လေး အထင်ကြီးလွန်းနေပါတယ်။ ဒီစိတ်ကြောင့်လည်း ပေးဆပ်မှု ကြီးမယ့် အနေအထားမျိုးထိ ရောက်ခဲ့တာပါ။

လူစားဝင်လာတဲ့ ဂျုံးရဲ့ ကစားပုံကတော့ မဆိုးဘူးလို့ ဆိုနိုင်ပါတယ်။ အလားအလာကောင်းတွေ မြင်ခဲ့ရတယ်။ ဒီပွဲကို ရုန်းကန်ရတဲ့ အဓိက အချက်ကတော့ ဗန်ဒိုက်ရဲ့ ဦးဆောင်မှု ပုံမှန်အနေအထား မရှိခြင်းက အဓိကကျပြီး မာနေးနဲ့ ကိတ်တာတို့ ဘောလုံး အပျက်များခြင်းကလည်း ပါဝင်ပါတယ်။ ဒါတွေဟာ ပွဲဆက်များလာရင် အဆင်ပြေသွားမယ်လို့ မျှော်လင့်တယ်။

လိဒ်ယူနိုက်တက်ရဲ့ ကစားပုံကလည်း ကောင်းပါတယ်။ သူတို့က တိုက်စစ်ကစားလိုစိတ်ရှိတယ် ပွဲအစတုန်းက ရှိန်နေပေမယ့် ပွဲချိန် ကြာလာတော့ ကောင်တာတိုက်စစ်ကို ပြန်လုပ်ဖို့ တုန့်ပြန်လာနိုင်စွမ်း ရှိပါတယ်။ လိဒ်က တိုက်စစ်ကစားပုံ မညံ့သလို လီဗာပူးက ခံစစ်ကာကွယ်ပုံ မကောင်းတာက အဓိက ပြောစရာဖြစ်ပြီး ဆာလက် ခြေစွမ်းကောင်းမှုနဲ့အတူ ပွဲက ကြည့်လို့ကောင်းပါတယ်။

အကောင်းဆုံး ပွဲမဟုတ်ခဲ့ပေမယ့် လီဗာပူးက ဆာလက်ရဲ့ hat-trick ဗန်ဒိုက်ရဲ့ ခေါင်းတိုက်ဂိုးနဲ့အတူ နိုင်ပွဲကိုတော့ ရခဲ့ပါတယ်။ နောက်ပွဲတွေမှာ ပိုမို တည်ငြိမ်လာပြီး ဒီနေ့ပွဲကပေးတဲ့ ကိုယ်ဘာသာ စိတ်ကြီးဝင်မှုတွေကို ဖြေရှင်းနိုင်မယ်လို့ ယုံကြည်ပါတယ်။ ချန်ပီယံတွေဟာ နောက်ထပ် ဆုဖလားတွေအတွက် တိုက်ခိုက်ဖို့ကို စတင်ခဲ့ပါပြီ။

ZAWGYI

ပရီးမီးယားလိဂ္ အဖြင့္ပြဲအျဖစ္ လိဒ္ယူႏုိက္တက္ကို ရင္ဆိုင္ရာမွာေတာ့ မန္ေနဂ်ာကေလာပ့္ဟာ အရင္ႏွစ္က ပံုမွန္ထုတ္ေနက် အဓိက လူစာရင္းမွာ တစ္ေနရာကိုပဲ အေျပာင္းအလဲ လုပ္ခဲ့ျပီး ကြင္းလယ္သံုးေယာက္တန္းမွာ ကိတ္တာပါဝင္ခဲ့ပါတယ္။

ပြဲစကတည္းက လီဗာပူးက လႊမ္းမိုးကစားခဲ့ျပီး လိဒ္ဘက္ကေတာ့ ပြဲရွိန္သလိုျဖစ္ကာ အထ ေႏွးေနခဲ့တယ္။ ဒါေၾကာင့္လည္း အဖြင့္ဂိုးကေတာ့ ပြဲအစ ၄ မိနစ္ေလာက္မွာပဲ ဆာလက္ ဧရိယာထဲ ပိတ္သြင္းမႈကို လိဒ္ယူႏိုက္တက္ ခံစစ္မႉး လက္နဲ႔ ကာထားသလို ျဖစ္တာေၾကာင့္ ရတဲ့ ပင္နယ္တီကို ဆာလက္ကပဲ အဆုံးသတ္ၿပီး ဦးေဆာင္ဂိုး စယူပါတယ္။

ပြဲက ထင္ထားသလို တစ္ဖက္သတ္ ျဖစ္မသြားဘဲ လိဒ္ဘက္က ပြဲခ်ိန္ၾကာလာတာနဲ႔အမွ် အသားက်လာခဲ့တယ္။ ေျခပဂိုး ျပန္ေပးလိုက္ရတာကေတာ့ လိဒ္ဘက္က ေကာင္တာတိုက္စစ္ ေကာင္းသလို လီဗာပူး အသင္း အာ႐ုံစိုက္မႈ လိုအပ္ခ်က္ရွိေနတဲ့ အေနအထားေၾကာင့္လို႔ ေျပာလို႔ ရပါတယ္။ ဧရိယာထိပ္ကေန ကန္တင္ေပးတဲ့ ေဘာလံုးကို လိဒ္ဘယ္ေတာင္ပံက တိုက္စစ္သမားက ေတာင္ေလွ်ာက္ ေျပးယူသြားျပီး ကန္သြင္း အဆံုးသတ္ခဲ့တာပါ။

အဆိုပါဂိုးမွာေတာ့ ထရန္႔၊ ဂိုးမက္စ္၊ ဗန္ဒိုက္၊ အယ္လီဆန္တို႔ အစဥ္လိုက္ပဲ ကစားပံု ညံ့ခဲ့ပါတယ္။ လူမကပ္ႏုိင္သလို ေဘာလံုးလည္း လိုက္မဖ်က္ႏုိင္ခဲ့ဘူး။ ဗန္ဒိုက္ရဲ႕ ေဘာလံုးကို ပိတ္ကာဖို႔ ၾကိဳးစားပံု မေသသပ္သလို အယ္လီဆန္ကလည္း ပံုမွန္လက္စြမ္းေအာက္ထိ က်ဆင္းေနခဲ့တယ္။ လီဗာပူးကစားပုံက အတက္ အက် ျမန္ေနၿပီး ဟန္ခ်က္ညီမႈ နည္းသြားတိုင္း လိဒ္ဘက္ကလည္း တုန္႔ျပန္မႈေတြ ဆက္တိုက္ ေပးခဲ့ပါတယ္။

လီဗာပူးရဲ႕ ဒုတိယဂိုးကေတာ့ ေရာ္ဘတ္ဆန္ ပါးနပ္စြာလုပ္ယူသြားတဲ့ ေထာင့္ကန္ေဘာကို ဗန္ဒိုက္က ေခါင္းတိုက္ သြင္းယူတာပါ။ ေခါင္းတိုက္သြင္းဂိုးက ျပင္းထန္ အားပါလွျပီး ေကာင္းမြန္ပါတယ္။ ဒါေပမယ့္ သိပ္မၾကာခင္မွာပဲ ဗန္ဒိုက္ရဲ႕ အမွားကေန လီဗာပူးက ေျခပဂိုး ျပန္ေပးခဲ့ရတယ္။ ဗန္ဒိုက္ရဲ႕ ပံုစံက ကိုယ္ဘာသာ ယံုၾကည္မႈ လြန္ကဲေနခဲ့ျပီး ခံစစ္ကိုလည္း တည္ျငိမ္ေအာင္ မထိန္းထားႏုိင္ခဲ့ဘူး။ အယ္လီဆန္ရဲ႕ လက္စြမ္းက်ေနမႈကလည္း အကူအညီ မျဖစ္ခဲ့ပါဘူး။

တတိယဂိုးကေတာ့ ဆာလက္ရဲ႕ အဆံုးသတ္ ထူးခၽြန္မႈကေန ရခဲ့တာပါ။ ဒီပြဲမွာ လီဗာပူးတိုက္စစ္က ဆာလက္ ကစားပံုေကာင္းေပမယ့္ ဖာမင္ႏို သင့္ယံုပဲလို႔ ေျပာလို႔ရသလို မာေနး အမွားမ်ားလြန္းပါတယ္။ လီဗာပူးရဲ႕ တိုက္စစ္စတင္ျခင္းေတြမွာ ေဘာလံုး မပ်က္ဖို႔က အရမ္းအေရးၾကီးေပမယ့္ အဓိက ေနရာေတြမွာ မာေနးက ေဘာလံုးကို ခပ္လြယ္လြယ္ပဲ ျဖဳန္းတီးခဲ့တယ္။ ဖာမင္ႏိုကေတာ့ ထိခ်က္ေတြ သိပ္ေကာင္းေပမယ့္ သူကိုယ္တိုင္ အဆံုးသတ္သင့္တဲ့ အေနအထားေတြမွာ ေဝဝါးေနခဲ့တာေတြက ရွိခဲ့ပါတယ္။

လီဗာပူးဟာ ကြင္းလယ္မွာ ကိတ္တာကို ထည့္သံုးခဲ့တာေၾကာင့္ တိုက္စစ္ပိုင္းမွာေတာ့ အကူအညီ အေတာ္ျဖစ္ပါတယ္။ ဒါေပမယ့္ ေဘာလံုးပ်က္တိုင္းမွာ ခံစစ္ကို ကာကြယ္တဲ့ ကြင္းလယ္သံုးေယာက္တန္းက လံုးဝကို ဟန္ခ်က္ မညီဘဲ ဗဟိုခံစစ္မွဴး ႏွစ္ဦးေရွ႔မွာ ကြက္လပ္ၾကီးက အၾကီးၾကီး ျဖစ္ေနခ့ဲတယ္။ ညာအစြန္က ထရန္႔က ရာသီၾကိဳမွာ ဒဏ္ရာေၾကာင့္ လြဲထားျခင္းေၾကာင့္ ကစားအား အေတာ္ေလး လိုအပ္ေနျပီး သူ႔ေနရာက ဖရိုဖရဲကို ျပိဳဆင္ေနခဲ့ပါတယ္။

ဒုတိယပိုင္းမွာလည္း ပထမပိုင္းနဲ႔ သိပ္မကြာေပမယ့္ ပိုင္ဆုိင္မႈပိုင္းမွာေတာ့ ပိုေကာင္းခဲ့ျပီး ဖာမင္ႏို တစ္ခ်က္ထိေတြ အေတာ္ေကာင္းပါတယ္။ ဆိုခဲ့သလိုပဲ ဖာမင္ႏိုက မေကာင္းဘူးလို႔ ေျပာရလည္း ခက္ျပီး အဆံုးသတ္ပိုင္းမွာေတာ့ အကူအညီမျဖစ္ခဲ့တာက အားမရစရာပါ။ ေရာ္ဘတ္ဆန္နဲ႔ ဆာလက္တို႔ပဲ အေတာ္ေလး ေကာင္းခဲ့ကာ ဆာလက္ကို ေဘာလံုးမေရာက္လို႔ ဂိုးမက္စ္ အေတာ္ေလး ေရွ႔တက္ျပီး ကူခဲ့ရတယ္။ ဒါေပမယ့္လည္း သူက ထရန္႔ေနရာကို ကူဖန္မ်ားကာ သူ႔ေနရာမွာ အားနည္းခဲ့ျပန္ပါတယ္။

အသင္းဟာ အာရံုစိုက္မႈ ဒိထက္ပိုေကာင္းျပီး ကစားသမားေတြ အမွားမ်ားျခင္းမ်ိဳး နည္းခဲ့မယ္ဆိုရင္ ပြဲက ဂိုးျပတ္ေလာက္တဲ့ ပြဲပဲျဖစ္ပါတယ္။ ဒါေပမယ့္လို႔ အာရံုစိုက္မႈက ဆိုးဆိုးရြားရြား ညံ့လြန္းပါတယ္။ ေဝဖန္မႈတစ္ခုကို ထည့္ေျပာရရင္ အသင္းဟာ ခ်န္ပီယံကို ကာကြယ္တဲ့ ေဘာလံုးရာသီကုိ ကစားဖို႔ရာ ကိုယ္ဘာသာ အေတာ္ေလး အထင္ၾကီးလြန္းေနပါတယ္။ ဒီစိတ္ေၾကာင့္လည္း ေပးဆပ္မႈ ၾကီးမယ့္ အေနအထားမ်ိဳးထိ ေရာက္ခ့ဲတာပါ။

လူစားဝင္လာတဲ့ ဂ်ံဳးရဲ႕ ကစားပံုကေတာ့ မဆိုးဘူးလို႔ ဆိုႏုိင္ပါတယ္။ အလားအလာေကာင္းေတြ ျမင္ခဲ့ရတယ္။ ဒီပြဲကို ရုန္းကန္ရတဲ့ အဓိက အခ်က္ကေတာ့ ဗန္ဒိုက္ရဲ႕ ဦးေဆာင္မႈ ပံုမွန္အေနအထား မရွိျခင္းက အဓိကက်ျပီး မာေနးနဲ႔ ကိတ္တာတို႔ ေဘာလံုး အပ်က္မ်ားျခင္းကလည္း ပါဝင္ပါတယ္။ ဒါေတြဟာ ပြဲဆက္မ်ားလာရင္ အဆင္ေျပသြားမယ္လို႔ ေမွ်ာ္လင့္တယ္။

လိဒ္ယူႏိုက္တက္ရဲ႕ ကစားပုံကလည္း ေကာင္းပါတယ္။ သူတို႔က တိုက္စစ္ကစားလိုစိတ္ရွိတယ္ ပြဲအစတုန္းက ရွိန္ေနေပမယ့္ ပြဲခ်ိန္ ၾကာလာေတာ့ ေကာင္တာတိုက္စစ္ကို ျပန္လုပ္ဖို႔ တုန႔္ျပန္လာႏိုင္စြမ္း ရွိပါတယ္။ လိဒ္က တိုက္စစ္ကစားပုံ မညံ့သလို လီဗာပူးက ခံစစ္ကာကြယ္ပုံ မေကာင္းတာက အဓိက ေျပာစရာျဖစ္ၿပီး ဆာလက္ ေျခစြမ္းေကာင္းမႈနဲ႔အတူ ပြဲက ၾကည့္လို႔ေကာင္းပါတယ္။

အေကာင္းဆံုး ပြဲမဟုတ္ခဲ့ေပမယ့္ လီဗာပူးက ဆာလက္ရဲ႕ hat-trick ဗန္ဒိုက္ရဲ႕ ေခါင္းတိုက္ဂိုးနဲ႔အတူ ႏုိင္ပြဲကိုေတာ့ ရခဲ့ပါတယ္။ ေနာက္ပြဲေတြမွာ ပိုမို တည္ျငိမ္လာျပီး ဒီေန႔ပြဲကေပးတဲ့ ကိုယ္ဘာသာ စိတ္ၾကီးဝင္မႈေတြကို ေျဖရွင္းႏုိင္မယ္လို႔ ယံုၾကည္ပါတယ္။ ခ်န္ပီယံေတြဟာ ေနာက္ထပ္ ဆုဖလားေတြအတြက္ တိုက္ခုိက္ဖို႔ကို စတင္ခဲ့ပါျပီ။