ဘရာဇီးကလပ် Fluminense အသင်းက ၎င်းတို့အသင်း လူငယ်ဂိုးသမား Marcelo Pitaluga ကို လီဗာပူးအသင်းက ခေါ်ယူခဲ့ပြီဆိုတဲ့ သတင်းကို အတည်ပြုလိုက်ပြီဖြစ်ပါတယ်။ စနေနေ့မှာပဲ အသင်းဖော်တွေကို နုတ်ဆက်ကာ ဆေးစစ်ဖို့ အင်္ဂလန်ကို လာနေပြီဖြစ်ပါတယ်။

လိဒ်ယူနိုက်တက်နဲ့ပွဲမှာ တတိယဂိုးသွင်းပြီးနောက် ဆာလက်ရဲ့ အောင်ပွဲခံမှုဟာ ရှားပါးတဲ့ အဖျားရောဂါကြောင့် ဘောလုံးကစားခြင်းက အနားယူလိုက်ရတဲ့ အီဂျစ်အသင်းဖော် Moaamen Zakaria ကို ရည်ရွယ်ပါတယ်။

ဆာလက်က လိဒ်အသင်းက အတော်လေး ကောင်းမွန်တယ်လို့ ပွဲအပြီးမှာ ထုတ်ပြောခဲ့ပြီး အဆုံးထိ ယှဉ်ပြိုင်ကာ အနိုင်ရခဲ့တာအတွက် ကျေနပ်မိကြောင်းလည်း ပြောသွားပါတယ်။

ယာဂင်ကလော့ပ်က ပြိုင်ဘက်ကို လေးစားမှုမရှိရင် ဘောလုံးကစားတဲ့အခါ ဒဏ်ပေးခံရမှာဖြစ်ကြောင်း ဝန်ခံပါတယ်။ ဒါပေမယ့်လို့ အဆုံးထိ ကြိုးစားနိုင်ခဲ့တဲ့ အသင်းအပေါ်မှာတော့ ကျေနပ်မိတယ်လို့ ထုတ်ပြောပါတယ်။

ခံစစ်တန်းက မတည်ငြိမ်ခဲ့တာနဲ့ ပက်သက်လို့ ဖြေရှင်းချက်ပေးရာမှာ အဓိက ခံစစ်သမားတွေ အားလုံး လက်ရွေးစင်တာဝန်တွေကနေ ပြန်လာခြင်းဖြစ်ကာ ပထမဆုံး ပြန်လည် ပူးပေါင်းမှုမှာ ခြေစွမ်း မတည်ငြိမ်တာက ဖြစ်လေ့ရှိတယ်လို့ မန်နေဂျာကလော့ပ်က တုန့်ပြန်ပါတယ်။

လိဒ်ယူနိုက်တက်ဟာ လီဗာပူးအသင်းကို ရင်ဆိုင်ကစားရာမှာ ဘောလုံးဖျက်ထုတ်မှု ၃၃ ကြိမ် အောင်မြင်ခဲ့ပါတယ်။ ဒါဟာ ကုန်ခဲ့တဲ့ ၅ ရာသီအတွင်း လီဗာပူးကို အဲ့လောက် အကြိမ်အများကြီး ဖျက်ထုတ်မှု လုပ်နိုင်တဲ့ ပထမဆုံးသော အဝေးကွင်းအသင်းဖြစ်ပါတယ်။

ထရန့်ဟာ လိဒ်ယူနိုက်တက်နဲ့ပွဲမှာ ပြိုင်ဘက်တွေရဲ့ လှိမ်ခေါက်ကျော်ဖြတ်ခြင်းကို ၃ ကြိမ်တိုင် ရင်ဆိုင်ခဲ့ရပါတယ်။ သူဟာ ကစားသမားဘဝ တစ်ခုလုံးမှာ ပြိုင်ဘက်တွေရဲ့ ကျော်ဖြတ်သွားခြင်းကို ၄ ကြိမ်ပဲ ခံခဲ့ရဖူးပါတယ်။

ဒီရာသီမှာ ကွင်းလယ်လူ ဝိုက်နယ်ဒမ်ဟာ လီဗာပူးအသင်းမှာပဲ ဆက်နေဖို့ သေချာခဲ့ပါပြီ။ သက်တမ်းတိုးခြင်းဖြစ်လား လက်ကျန် စာချုပ် တစ်နှစ်ကို ဆက်နေသလား မကွဲပေမယ့် ဒီနှစ်အတွက်တော့ အသင်းမှာပဲ ဆက်ကစားသွားမှာပါ။

ခံစစ်မှူးဗန်ဒိုက်က ပွဲဟာ အကောင်းမြင်စရာတွေကော ဆိုးရွားတဲ့ အခြေအနေတွေကိုပါ ပိုင်ဆိုင်ခဲ့ကြောင်း ဝန်ခံတယ်။ သို့သော်လည်း နိုင်ပွဲရခဲ့တာအတွက်နဲ့ သွင်းဂိုးရခဲ့တာအတွက်ကိုတော့ ကျေနပ်မိပါတယ်လို့ ဆိုပါတယ်။

ZAWGYI

ဘရာဇီးကလပ္ Fluminense အသင္းက ၄င္းတို႔အသင္း လူငယ္ဂိုးသမား Marcelo Pitaluga ကို လီဗာပူးအသင္းက ေခၚယူခဲ့ျပီဆိုတဲ့ သတင္းကို အတည္ျပဳလိုက္ျပီျဖစ္ပါတယ္။ စေနေန႔မွာပဲ အသင္းေဖာ္ေတြကို ႏုတ္ဆက္ကာ ေဆးစစ္ဖို႔ အဂၤလန္ကို လာေနျပီျဖစ္ပါတယ္။

လိဒ္ယူႏုိက္တက္နဲ႔ပြဲမွာ တတိယဂိုးသြင္းျပီးေနာက္ ဆာလက္ရဲ႕ ေအာင္ပြဲခံမႈဟာ ရွားပါးတဲ့ အဖ်ားေရာဂါေၾကာင့္ ေဘာလံုးကစားျခင္းက အနားယူလိုက္ရတဲ့ အီဂ်စ္အသင္းေဖာ္ Moaamen Zakaria ကို ရည္ရြယ္ပါတယ္။

ဆာလက္က လိဒ္အသင္းက အေတာ္ေလး ေကာင္းမြန္တယ္လို႔ ပြဲအျပီးမွာ ထုတ္ေျပာခဲ့ျပီး အဆံုးထိ ယွဥ္ျပိဳင္ကာ အႏုိင္ရခဲ့တာအတြက္ ေက်နပ္မိေၾကာင္းလည္း ေျပာသြားပါတယ္။

ယာဂင္ကေလာ့ပ္က ျပိဳင္ဘက္ကို ေလးစားမႈမရွိရင္ ေဘာလံုးကစားတဲ့အခါ ဒဏ္ေပးခံရမွာျဖစ္ေၾကာင္း ဝန္ခံပါတယ္။ ဒါေပမယ့္လို႔ အဆံုးထိ ၾကိဳးစားႏုိင္ခဲ့တဲ့ အသင္းအေပၚမွာေတာ့ ေက်နပ္မိတယ္လို႔ ထုတ္ေျပာပါတယ္။

ခံစစ္တန္းက မတည္ျငိမ္ခဲ့တာနဲ႔ ပက္သက္လို႔ ေျဖရွင္းခ်က္ေပးရာမွာ အဓိက ခံစစ္သမားေတြ အားလံုး လက္ေရြးစင္တာဝန္ေတြကေန ျပန္လာျခင္းျဖစ္ကာ ပထမဆံုး ျပန္လည္ ပူးေပါင္းမႈမွာ ေျခစြမ္း မတည္ျငိမ္တာက ျဖစ္ေလ့ရွိတယ္လို႔ မန္ေနဂ်ာကေလာ့ပ္က တုန္႔ျပန္ပါတယ္။

လိဒ္ယူႏုိက္တက္ဟာ လီဗာပူးအသင္းကို ရင္ဆုိင္ကစားရာမွာ ေဘာလံုးဖ်က္ထုတ္မႈ ၃၃ ၾကိမ္ ေအာင္ျမင္ခဲ့ပါတယ္။ ဒါဟာ ကုန္ခဲ့တဲ့ ၅ ရာသီအတြင္း လီဗာပူးကို အဲ့ေလာက္ အၾကိမ္အမ်ားၾကီး ဖ်က္ထုတ္မႈ လုပ္ႏုိင္တဲ့ ပထမဆံုးေသာ အေဝးကြင္းအသင္းျဖစ္ပါတယ္။

ထရန္႔ဟာ လိဒ္ယူႏုိက္တက္နဲ႔ပြဲမွာ ျပိဳင္ဘက္ေတြရဲ႕ လွိမ္ေခါက္ေက်ာ္ျဖတ္ျခင္းကို ၃ ၾကိမ္တိုင္ ရင္ဆုိင္ခဲ့ရပါတယ္။ သူဟာ ကစားသမားဘဝ တစ္ခုလံုးမွာ ျပိဳင္ဘက္ေတြရဲ႕ ေက်ာ္ျဖတ္သြားျခင္းကို ၄ ၾကိမ္ပဲ ခံခဲ့ရဖူးပါတယ္။

ဒီရာသီမွာ ကြင္းလယ္လူ ဝိုက္နယ္ဒမ္ဟာ လီဗာပူးအသင္းမွာပဲ ဆက္ေနဖို႔ ေသခ်ာခဲ့ပါျပီ။ သက္တမ္းတိုးျခင္းျဖစ္လား လက္က်န္ စာခ်ဳပ္ တစ္ႏွစ္ကို ဆက္ေနသလား မကြဲေပမယ့္ ဒီႏွစ္အတြက္ေတာ့ အသင္းမွာပဲ ဆက္ကစားသြားမွာပါ။

ခံစစ္မွဴးဗန္ဒိုက္က ပြဲဟာ အေကာင္းျမင္စရာေတြေကာ ဆိုးရြားတဲ့ အေျခအေနေတြကိုပါ ပိုင္ဆုိင္ခဲ့ေၾကာင္း ဝန္ခံတယ္။ သို႔ေသာ္လည္း ႏုိင္ပြဲရခဲ့တာအတြက္နဲ႔ သြင္းဂိုးရခဲ့တာအတြက္ကိုေတာ့ ေက်နပ္မိပါတယ္လို႔ ဆိုပါတယ္။