မန်နေဂျာကလော့ပ်က လိဒ်ကို ၃ ဂိုးပေးခဲ့ရတဲ့ လီဗာပူးအသင်း ခံစစ်ဟာ ဆိုးဆိုးရွားရွား လိုအပ်ချက်များနေတယ်ဆိုတဲ့ ပြောဆိုချက်တွေကို လက်မခံခဲ့ပါဘူး။

လိဒ်နဲ့ပွဲမှာ လီဗာပူးခံစစ်တန်းက သက်သောင့်သက်သာမရှိတဲ့ အနေအထားတွေ မြင်ခဲ့ရတယ်။ ထရန့် ကစားပုံ ညံ့ခဲ့ပြီး ဗန်ဒိုက်နဲ့ အယ်လီဆန်တို့ကလည်း ပုံမှန်ရဲ့အောက်ကို ကျဆင်းနေခဲ့တယ်။ ဒါပေမယ့်လို့ အသင်းရဲ့ ခံစစ်ဟာ မတူညီတဲ့ ခံစစ်ကစားပုံတွေကနေ ပြန်ရောက်အလာမှာ အထိုင်ကျဖို့ အချိန်တစ်ခု လိုအပ်ခဲ့ခြင်းသာ ဖြစ်ကြောင်း ကလော့ပ်က မြင်ပါတယ်။

ယာဂင်က ‘ ပွဲမစခင်တည်းက လိဒ်ယူနိုက်တက်ကို ရင်ဆိုင်ရာမှာ ကျနေ်ာတို့ ရုန်းကန်ရနိုင်တယ်ဆိုတာကို ပြောခဲ့ပါတယ်။ ဘာလို့လည်းဆိုတော့ သူတို့ရဲ့ ကစားဟန်ကြောင့်ပါပဲ။ အခြားအသင်းတွေအတွက်လည်း ခြားနားတဲ့ ကစားဟန် ဖြစ်ပါလိမ့်မယ်။ ဘောလုံးမှာ ကိုယ်က ပြိုင်ဘက်ကို မလေးစားဘူးဆိုရင် ကောင်းကောင်းကြီး အပြစ်ပေးခံရပါလိမ့်မယ်။ ဒီကနေ့မှာ အသင်းပြသခဲ့တဲ့ စိတ်ဓါတ်ပိုင်းကို ကျနော် သဘောကျပါတယ်။ သူတို့ အဆုံးထိ မရပ်တန့်ခဲ့ဘူး။ အဲ့တာကို နှစ်သက်ပါတယ်။

ခံစစ်ပိုင်းက အရမ်းကြီး ရုန်းကန်ခဲ့ရတယ်လို့ မမြင်ပါဘူး။ သူတို့ရဲ့ ကစားဟန်အရ ကျနေ်ာတို့က ရာနှုန်းပြည့် ခံစစ်ကာကွယ်နေဖို့ မဖြစ်နိုင်ဘူး။ ပထမဂိုးမှာ အစွန်နှစ်ဘက်က ဗဟိုခံစစ်မှူးတွေထက်တောင် နောက်မှာ ရောက်နေတယ်။ ဘောလုံးမှာ အဲ့တာက လုံးဝ မဖြစ်သင့်တဲ့ ကိစ္စပဲ။ ဒုတိယဂိုးကတော့ ဗန်ဒိုက်နဲ့ အယ်လီတို့ နားလည်မှု လွဲခဲ့တာဖြစ်တယ်။ ဒီမြင်ကွင်းမျိုးက ပုံမှန် မြင်တွေ့နေကျ မဟုတ်ဘူးလို့ ကျနော် ထင်ပါတယ်။

တတိယဂိုးကတော့ ဟန်ဒိုကို လူစားလဲလိုက်ချိန်မှာ ကျနေ်ာတို့ လူစာရင်းတွေ ပြောင်းရွှေ့နေပြီး နေရာလွတ်တစ်ခုကို မပိတ်ရသေးတဲ့ အချိန် ဖြစ်ပါတယ်။

ခံစစ်လိုင်းက ကစားသမား လေးဦးလုံးက အင်္ဂလန်၊ ဟော်လန်နဲ့ စကော်တလန်အသင်းတွေအတွက် ကစားပေးထားတာပါ။ အားလုံးက ထိပ်တန်းအသင်းတွေ ဆိုပေမယ့် ခံစစ်ကစားပုံတွေက ခြားနားပါတယ်။ ရာသီကြိုမှာတည်းက ခံစစ်ပိုင်း ကာကွယ်တဲ့ ပုံစံတွေကို ဖြေရှင်းရမှာဖြစ်ပြီး ဒါက စက်ဘီးစီးသလောက်တော့ မလွယ်ပါဘူး။ ဒီတော့ ဒီအပိုင်းတွေမှာ တိုးတက်လာဦးမှာ ဖြစ်ပါတယ် ‘ လို့ ပြောဆိုသွားတာ ဖြစ်ပါတယ်။

ZAWGYI

မန္ေနဂ်ာကေလာ့ပ္က လိဒ္ကို ၃ ဂိုးေပးခဲ့ရတဲ့ လီဗာပူးအသင္း ခံစစ္ဟာ ဆိုးဆိုးရြားရြား လိုအပ္ခ်က္မ်ားေနတယ္ဆိုတဲ့ ေျပာဆိုခ်က္ေတြကို လက္မခံခဲ့ပါဘူး။

လိဒ္နဲ႔ပြဲမွာ လီဗာပူးခံစစ္တန္းက သက္ေသာင့္သက္သာမရွိတဲ့ အေနအထားေတြ ျမင္ခဲ့ရတယ္။ ထရန္႔ ကစားပံု ညံ့ခဲ့ျပီး ဗန္ဒိုက္နဲ႔ အယ္လီဆန္တို႔ကလည္း ပံုမွန္ရဲ႕ေအာက္ကို က်ဆင္းေနခဲ့တယ္။ ဒါေပမယ့္လို႔ အသင္းရဲ႕ ခံစစ္ဟာ မတူညီတဲ့ ခံစစ္ကစားပံုေတြကေန ျပန္ေရာက္အလာမွာ အထိုင္က်ဖို႔ အခ်ိန္တစ္ခု လိုအပ္ခဲ့ျခင္းသာ ျဖစ္ေၾကာင္း ကေလာ့ပ္က ျမင္ပါတယ္။

ယာဂင္က ‘ ပြဲမစခင္တည္းက လိဒ္ယူႏုိက္တက္ကို ရင္ဆိုင္ရာမွာ က်ေန္ာတို႔ ရုန္းကန္ရႏုိင္တယ္ဆိုတာကို ေျပာခဲ့ပါတယ္။ ဘာလို႔လည္းဆိုေတာ့ သူတို႔ရဲ႕ ကစားဟန္ေၾကာင့္ပါပဲ။ အျခားအသင္းေတြအတြက္လည္း ျခားနားတဲ့ ကစားဟန္ ျဖစ္ပါလိမ့္မယ္။ ေဘာလံုးမွာ ကိုယ္က ျပိဳင္ဘက္ကို မေလးစားဘူးဆိုရင္ ေကာင္းေကာင္းၾကီး အျပစ္ေပးခံရပါလိမ့္မယ္။ ဒီကေန႔မွာ အသင္းျပသခဲ့တဲ့ စိတ္ဓါတ္ပိုင္းကို က်ေနာ္ သေဘာက်ပါတယ္။ သူတို႔ အဆံုးထိ မရပ္တန္႔ခဲ့ဘူး။ အဲ့တာကို ႏွစ္သက္ပါတယ္။

ခံစစ္ပိုင္းက အရမ္းၾကီး ရုန္းကန္ခဲ့ရတယ္လို႔ မျမင္ပါဘူး။ သူတို႔ရဲ႕ ကစားဟန္အရ က်ေန္ာတုိ႔က ရာႏႈန္းျပည့္ ခံစစ္ကာကြယ္ေနဖို႔ မျဖစ္ႏုိင္ဘူး။ ပထမဂိုးမွာ အစြန္ႏွစ္ဘက္က ဗဟိုခံစစ္မွဴးေတြထက္ေတာင္ ေနာက္မွာ ေရာက္ေနတယ္။ ေဘာလံုးမွာ အဲ့တာက လံုးဝ မျဖစ္သင့္တဲ့ ကိစၥပဲ။ ဒုတိယဂိုးကေတာ့ ဗန္ဒိုက္နဲ႔ အယ္လီတို႔ နားလည္မႈ လြဲခဲ့တာျဖစ္တယ္။ ဒီျမင္ကြင္းမ်ိဳးက ပံုမွန္ ျမင္ေတြ႔ေနက် မဟုတ္ဘူးလို႔ က်ေနာ္ ထင္ပါတယ္။

တတိယဂိုးကေတာ့ ဟန္ဒိုကို လူစားလဲလိုက္ခ်ိန္မွာ က်ေန္ာတို႔ လူစာရင္းေတြ ေျပာင္းေရႊ႔ေနျပီး ေနရာလြတ္တစ္ခုကို မပိတ္ရေသးတဲ့ အခ်ိန္ ျဖစ္ပါတယ္။

ခံစစ္လိုင္းက ကစားသမား ေလးဦးလံုးက အဂၤလန္၊ ေဟာ္လန္နဲ႔ စေကာ္တလန္အသင္းေတြအတြက္ ကစားေပးထားတာပါ။ အားလံုးက ထိပ္တန္းအသင္းေတြ ဆိုေပမယ့္ ခံစစ္ကစားပံုေတြက ျခားနားပါတယ္။ ရာသီၾကိဳမွာတည္းက ခံစစ္ပိုင္း ကာကြယ္တဲ့ ပံုစံေတြကို ေျဖရွင္းရမွာျဖစ္ျပီး ဒါက စက္ဘီးစီးသေလာက္ေတာ့ မလြယ္ပါဘူး။ ဒီေတာ့ ဒီအပိုင္းေတြမွာ တိုးတက္လာဦးမွာ ျဖစ္ပါတယ္ ‘ လို႔ ေျပာဆိုသြားတာ ျဖစ္ပါတယ္။