လိဒ်ယူနိုက်တက်နဲ့ပွဲမှာ သွေးအေးတဲ့ ပင်နယ်တီ အဆုံးသတ်မှု နှစ်ကြိမ်ကို အကောင်းဆုံး လုပ်နိုင်ခဲ့တဲ့အပေါ် ဆာလက်က ရယ်ရယ်မောမော စကားပြောခဲ့ပါတယ်။

ပွဲအပြီးမှာတော့ ပွဲဘောလုံးကို အနိုင်ရခဲ့တဲ့ ဆာလက်က အန်ဖီးကွင်း မြက်ခင်းပြင်မှာပဲ အင်တာဗျူး ပြန်ဖြေပေးခ့တယ်။ သူ့ရဲ့ အဆုံးသတ်မှုအကြောင်း မေးရာမှာတော့ ဖိအားကြီးလွန်းတဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာတောင် ဂိုးသွင်းလာခဲ့တာဖြစ်လို့ ပရိသတ်မရှိတဲ့ ကွင်းမှာ အဆုံးသတ်ရတာက ဖိအား နည်းခဲ့တယ်လို့ ဆိုပါတယ်။

ဆာလက်က “ ကျနော်က ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ပင်နယ်တီ အဆုံးသတ်လာခဲ့သူပါ။ ဒီတော့ ပရိသတ်မရှိတဲ့ ပင်နယ်တီ ကန်သွင်းရမှုက ကျနော်အတွက် နည်းနည်းပိုလွယ်ပါတယ်။ အရေးကြီးတာက ဆက်ပြီး အာရုံစိုက်ကြဖို့ပဲ ဖြစ်ပါတယ်။ ဂိုးတွေသွင်းနိုင်ပြီး အနိုင်သုံးမှတ်ရဖို့ ဖြစ်ပါတယ် ” လို့ ဆိုပါတယ်။

ဆာလက်က ပြိုင်ဘက် လိဒ်ယူနိုက်တက်ကို ချီးကျူးပါသေးတယ်။ လီဗာပူးရဲ့ အန်ဖီးကွင်းထံ လာရောက်ပြီး သရေတစ်မှတ် ရယူသွားဖို့ နီးစပ်ခဲ့ပေမယ့် ဖာဘင်ညိုကို လိဒ်ကစားသမားသစ် ရိုဒရီဂို ပြစ်ဒဏ်ကျူးလွန်ခြင်းက ၎င်းတို့ရဲ့ မျှော်လင့်ချက်ကို အဆုံးသတ်စေခဲ့တယ်။

ဆက်လက်ပြီး ဆာလက်က “ လိဒ်ယူနိုက်တက်က ခက်ခဲတဲ့ အသင်းပါ။ သူတို့က ဘောလုံးကို ကောင်းကောင်းကစားပြီး ဖိအားပေးမှုတွေ လုပ်နိုင်တဲ့ အသင်းဖြစ်ပါတယ်။ ဒါကြောင့် ပွဲရဲ့ တန်ပိုက အရမ်းကို မြင့်ခဲ့ပါတယ်။ ကျနေ်ာတို့ ဂိုး ၃ ဂိုးလောက် မပေးသင့်ပါဘူး။ ဒါပေမယ့် အဲ့တာက ပွဲမှာ ပေးလိုက်ရတယ်။ ကျနေ်ာတို့ ပြန်တုန့်ပြန်ခဲ့တယ်။ အကောင်းဆုံး လုပ်ခဲ့ကြပါတယ်။

လိဒ်က ပွဲကောင်းတစ်ပွဲ ကစားခဲ့တယ်။ အထူးသဖြင့် ပရိသတ်မရှိတဲ့ အန်ဖီးကွင်းမှာပေါ့။ သူတို့က ကျနေ်ာတို့ကို ရင်ဆိုင်ပြီး ဂိုး သုံးဂိုး သွင်းခဲ့တယ်။ အဲ့တာက ကြီးမားပါတယ်။ ရလဒ်အတွက် ပျော်ရွှင်ပေမယ့် ကျနေ်ာတို့ ဆက်ပြီး တိုးတက်လာရပါမယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

ဆာလက်ဟာ လိဒ်ယူနိုက်တက်ဘက်ကို hat-trick သွင်းနိုင်တာကြောင့် လီဗာပူးအတွက် ၁၅၄ ပွဲ ကစားပြီး သွင်းဂိုး ၉၇ ဂိုးထိ ရလာခဲ့ပြီဖြစ်တယ်။ မကြာခင်မှာတော့ ရာပြည့် အနေအထားကို ရောက်လာမှာဖြစ်ကာ မန်နေဂျာကလော့ပ်ရဲ့ အသင်းအတွက် ယုံကြည်မှုကောင်းတွေ ရှိနေတဲ့ ဆာလက်ရဲ့ အဆုံးသတ်မှုတွေ ပိုမို လိုအပ်နေမှာ ဖြစ်ပါတယ်။

ZAWGYI – လိဒ္ယူႏုိက္တက္နဲ႔ပြဲမွာ ေသြးေအးတဲ့ ပင္နယ္တီ အဆံုးသတ္မႈ ႏွစ္ၾကိမ္ကို အေကာင္းဆံုး လုပ္ႏုိင္ခဲ့တဲ့အေပၚ ဆာလက္က ရယ္ရယ္ေမာေမာ စကားေျပာခဲ့ပါတယ္။

ပြဲအျပီးမွာေတာ့ ပြဲေဘာလံုးကို အႏုိင္ရခဲ့တဲ့ ဆာလက္က အန္ဖီးကြင္း ျမက္ခင္းျပင္မွာပဲ အင္တာဗ်ဴး ျပန္ေျဖေပးခ့တယ္။ သူ႔ရဲ႕ အဆံုးသတ္မႈအေၾကာင္း ေမးရာမွာေတာ့ ဖိအားၾကီးလြန္းတဲ့ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲမွာေတာင္ ဂိုးသြင္းလာခဲ့တာျဖစ္လို႔ ပရိသတ္မရွိတဲ့ ကြင္းမွာ အဆံုးသတ္ရတာက ဖိအား နည္းခဲ့တယ္လို႔ ဆိုပါတယ္။

ဆာလက္က “ က်ေနာ္က ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲမွာ ပင္နယ္တီ အဆံုးသတ္လာခဲ့သူပါ။ ဒီေတာ့ ပရိသတ္မရွိတဲ့ ပင္နယ္တီ ကန္သြင္းရမႈက က်ေနာ္အတြက္ နည္းနည္းပိုလြယ္ပါတယ္။ အေရးၾကီးတာက ဆက္ျပီး အာရံုစိုက္ၾကဖို႔ပဲ ျဖစ္ပါတယ္။ ဂိုးေတြသြင္းႏုိင္ျပီး အႏုိင္သံုးမွတ္ရဖို႔ ျဖစ္ပါတယ္ ” လို႔ ဆိုပါတယ္။

ဆာလက္က ျပိဳင္ဘက္ လိဒ္ယူႏုိက္တက္ကို ခ်ီးက်ဴးပါေသးတယ္။ လီဗာပူးရဲ႕ အန္ဖီးကြင္းထံ လာေရာက္ျပီး သေရတစ္မွတ္ ရယူသြားဖို႔ နီးစပ္ခဲ့ေပမယ့္ ဖာဘင္ညိဳကို လိဒ္ကစားသမားသစ္ ရိုဒရီဂို ျပစ္ဒဏ္က်ဴးလြန္ျခင္းက ၄င္းတို႔ရဲ႕ ေမွ်ာ္လင့္ခ်က္ကို အဆံုးသတ္ေစခဲ့တယ္။

ဆက္လက္ျပီး ဆာလက္က “ လိဒ္ယူႏုိက္တက္က ခက္ခဲတဲ့ အသင္းပါ။ သူတို႔က ေဘာလံုးကို ေကာင္းေကာင္းကစားျပီး ဖိအားေပးမႈေတြ လုပ္ႏုိင္တဲ့ အသင္းျဖစ္ပါတယ္။ ဒါေၾကာင့္ ပြဲရဲ႕ တန္ပိုက အရမ္းကို ျမင့္ခဲ့ပါတယ္။ က်ေန္ာတို႔ ဂိုး ၃ ဂိုးေလာက္ မေပးသင့္ပါဘူး။ ဒါေပမယ့္ အဲ့တာက ပြဲမွာ ေပးလိုက္ရတယ္။ က်ေန္ာတုိ႔ ျပန္တုန္႔ျပန္ခဲ့တယ္။ အေကာင္းဆံုး လုပ္ခဲ့ၾကပါတယ္။

လိဒ္က ပြဲေကာင္းတစ္ပြဲ ကစားခဲ့တယ္။ အထူးသျဖင့္ ပရိသတ္မရွိတဲ့ အန္ဖီးကြင္းမွာေပါ့။ သူတို႔က က်ေန္ာတုိ႔ကို ရင္ဆုိင္ျပီး ဂိုး သံုးဂိုး သြင္းခဲ့တယ္။ အဲ့တာက ၾကီးမားပါတယ္။ ရလဒ္အတြက္ ေပ်ာ္ရႊင္ေပမယ့္ က်ေန္ာတို႔ ဆက္ျပီး တိုးတက္လာရပါမယ္ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

ဆာလက္ဟာ လိဒ္ယူႏုိက္တက္ဘက္ကို hat-trick သြင္းႏုိင္တာေၾကာင့္ လီဗာပူးအတြက္ ၁၅၄ ပြဲ ကစားျပီး သြင္းဂိုး ၉၇ ဂိုးထိ ရလာခဲ့ျပီျဖစ္တယ္။ မၾကာခင္မွာေတာ့ ရာျပည့္ အေနအထားကို ေရာက္လာမွာျဖစ္ကာ မန္ေနဂ်ာကေလာ့ပ္ရဲ႕ အသင္းအတြက္ ယံုၾကည္မႈေကာင္းေတြ ရွိေနတဲ့ ဆာလက္ရဲ႕ အဆံုးသတ္မႈေတြ ပိုမို လိုအပ္ေနမွာ ျဖစ္ပါတယ္။