ခံစစ်မှူး ဗန်ဒိုက်ဟာ လိဒ်နဲ့ပွဲမှာ လုပ်ခဲ့တဲ့ အမှားတွေအတွက် ဝေဖန်မှုတွေ ဆက်တိုက် ခံနေရပြီး ပရီးမီးယားလိဂ် အကောင်းဆုံး ခံစစ်မှူးအဖြစ် ပြီးခဲ့တဲ့ ရာသီတွေမှာ ဆက်တိုက် ရွေးချယ်ခံရတဲ့ သူ့ကို ထိုးနှက်မှုတွေ အများကြီး လုပ်လာကြပါတယ်။

ထင်ရှားတဲ့ ဥပမာကတော့ ၂၀၁၈ ခုနှစ်နောက်ပိုင်းမှာ လီဗာပူးနဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ၂ ကြိမ် တက်ရောက်နိုင်ခဲ့ကာ ပရီးမီးယားလိဂ် ချန်ပီယံအနိုင်ရ ဗန်ဒိုက်ကို အဆိုပါ ကာလအတွင်း အမှားအများဆုံး ခံစစ်မှူးအဖြစ်ပါ နာမည်တပ်လာခဲ့တာပါ။ ဗန်ဒိုက်ဟာ ၂၀၁၈ ခုနှစ်နောက်ပိုင်းမှာ ပေးဂိုး ၃ ဂိုးဖြစ်လောက်တဲ့ အမှားသုံးရပ် ရှိခဲ့ပြီး ဒါက ခံစစ်သမားတွေထဲမှာ အများဆုံးအဖြစ် သတင်းဌာနတွေက ဖော်ပြလာခဲ့ပါတယ်။

ပွဲအပြီးမှာ သူ့ရဲ့ အမှားတွေကို မီးမောင်းထိုး ဖော်ပြခဲ့ကြသလို မျက်နှာခြင်းဆိုင် မေးမှုတွေလည်း လုပ်ကြပေမယ့် ဗန်ဒိုက်ကတော့ တည်တည်ငြိမ်ငြိမ်ပဲ ပြန်ဖြေပေးပါတယ်။

ဗန်ဒိုက်က ” အခြေအနေက ဖြစ်လေ့ဖြစ်ထရှိတဲ့ ဖြစ်ရပ်မျိုးတွေ ဖြစ်ပါတယ်။ ကျနော် အကောင်းဆုံး ကြိုးစားခဲ့ပြီး အကောင်းဆုံးအတွက်ပဲ ကျနော် လုပ်ခဲ့တာပါ။ မမျှော်လင့်ပဲ ဂိုးတွေ ပေးခဲ့ရပါတယ်။ ဒါပေမယ့် အဲ့အတွက် စိုးရိမ်နေမှာ မဟုတ်ပါဘူး။

လိဒ်နဲ့ပွဲက ပြင်းထန်တဲ့ပွဲ ဖြစ်လာမယ်ဆိုတာကိုတော့ ကျနေ်ာတို့ ကြိုတင် ခန့်မှန်းထားပြီး ဖြစ်ပါတယ်။ ဘယ်သူကမှတော့ ဂိုးတွေ မပေးချင်ဘူးပေါ့ဗျာ။ နှစ်သင်းလုံးအတွက် ပြင်းထန်တဲ့ပွဲလည်း ဖြစ်ခဲ့တယ်။ ပြေးမှုတွေ အများကြီးနဲ့အတူ တစ်ဦးချင်းနဲ့ ကောင်တာတိုက်စစ်တွေ များတဲ့ ပွဲကောင်းဖြစ်ခဲ့ပါတယ်။

ရမှတ်က သိပ်ကို အရေးကြီးခဲ့ပါတယ်။ လိဒ်ယူနိုက်တက်က သူတို့ရဲ့ ကစားဟန်၊ သူတို့ရဲ့ စိတ်ဓါတ်ပိုင်းနဲ့အတူ လိဂ်မှာ အသင်းတွေ အများကြီးကို ပြဿနာတွေ ပေးဦးမှာပါ။ သူတိုကို ရင်ဆိုင်ပြီး အနိုင်သုံးမှတ်ရခဲ့တာက ကောင်းပါတယ်။ ဒါပေမယ့် ကျနေ်ာတို့ ဆက်ပြီး အလုပ်လုပ်မယ်ဆိုတာ သေချာလှပါတယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ စက်တင်ဘာလ ၂၀ ရက်မှာတော့ ချယ်ဆီးနဲ့ အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရမှာပါ။ ချယ်ဆီးကတော့ မနက်ဖြန်မှာ ဘရိုက်တန်နဲ့ ယှဉ်ပြိုင်ခြင်းနဲ့ ပရီးမီးယားလိဂ်ကို စဖွင့်မှာဖြစ်ပါတယ်။

ZAWGYI

ခံစစ္မွဴး ဗန္ဒိုက္ဟာ လိဒ္နဲ႔ပြဲမွာ လုပ္ခဲ့တဲ့ အမွားေတြအတြက္ ေဝဖန္မႈေတြ ဆက္တိုက္ ခံေနရျပီး ပရီးမီးယားလိဂ္ အေကာင္းဆံုး ခံစစ္မွဴးအျဖစ္ ျပီးခဲ့တဲ့ ရာသီေတြမွာ ဆက္တိုက္ ေရြးခ်ယ္ခံရတဲ့ သူ႔ကို ထိုးႏွက္မႈေတြ အမ်ားၾကီး လုပ္လာၾကပါတယ္။

ထင္ရွားတဲ့ ဥပမာကေတာ့ ၂၀၁၈ ခုႏွစ္ေနာက္ပိုင္းမွာ လီဗာပူးနဲ႔ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲ ၂ ၾကိမ္ တက္ေရာက္ႏုိင္ခဲ့ကာ ပရီးမီးယားလိဂ္ ခ်န္ပီယံအႏုိင္ရ ဗန္ဒိုက္ကို အဆိုပါ ကာလအတြင္း အမွားအမ်ားဆံုး ခံစစ္မွဴးအျဖစ္ပါ နာမည္တပ္လာခဲ့တာပါ။ ဗန္ဒိုက္ဟာ ၂၀၁၈ ခုႏွစ္ေနာက္ပိုင္းမွာ ေပးဂိုး ၃ ဂိုးျဖစ္ေလာက္တဲ့ အမွားသံုးရပ္ ရွိခဲ့ျပီး ဒါက ခံစစ္သမားေတြထဲမွာ အမ်ားဆံုးအျဖစ္ သတင္းဌာနေတြက ေဖာ္ျပလာခဲ့ပါတယ္။

ပြဲအျပီးမွာ သူ႔ရဲ႕ အမွားေတြကို မီးေမာင္းထိုး ေဖာ္ျပခဲ့ၾကသလို မ်က္ႏွာျခင္းဆိုင္ ေမးမႈေတြလည္း လုပ္ၾကေပမယ့္ ဗန္ဒိုက္ကေတာ့ တည္တည္ျငိမ္ျငိမ္ပဲ ျပန္ေျဖေပးပါတယ္။

ဗန္ဒိုက္က ” အေျခအေနက ျဖစ္ေလ့ျဖစ္ထရွိတဲ့ ျဖစ္ရပ္မ်ိဳးေတြ ျဖစ္ပါတယ္။ က်ေနာ္ အေကာင္းဆံုး ၾကိဳးစားခဲ့ျပီး အေကာင္းဆံုးအတြက္ပဲ က်ေနာ္ လုပ္ခဲ့တာပါ။ မေမွ်ာ္လင့္ပဲ ဂိုးေတြ ေပးခဲ့ရပါတယ္။ ဒါေပမယ့္ အဲ့အတြက္ စိုးရိမ္ေနမွာ မဟုတ္ပါဘူး။

လိဒ္နဲ႔ပြဲက ျပင္းထန္တဲ့ပြဲ ျဖစ္လာမယ္ဆိုတာကိုေတာ့ က်ေန္ာတုိ႔ ၾကိဳတင္ ခန္႔မွန္းထားျပီး ျဖစ္ပါတယ္။ ဘယ္သူကမွေတာ့ ဂိုးေတြ မေပးခ်င္ဘူးေပါ့ဗ်ာ။ ႏွစ္သင္းလံုးအတြက္ ျပင္းထန္တဲ့ပြဲလည္း ျဖစ္ခဲ့တယ္။ ေျပးမႈေတြ အမ်ားၾကီးနဲ႔အတူ တစ္ဦးခ်င္းနဲ႔ ေကာင္တာတိုက္စစ္ေတြ မ်ားတဲ့ ပြဲေကာင္းျဖစ္ခဲ့ပါတယ္။

ရမွတ္က သိပ္ကို အေရးၾကီးခဲ့ပါတယ္။ လိဒ္ယူႏုိက္တက္က သူတို႔ရဲ႕ ကစားဟန္၊ သူတို႔ရဲ႕ စိတ္ဓါတ္ပိုင္းနဲ႔အတူ လိဂ္မွာ အသင္းေတြ အမ်ားၾကီးကို ျပႆနာေတြ ေပးဦးမွာပါ။ သူတိုကို ရင္ဆိုင္ျပီး အႏုိင္သံုးမွတ္ရခဲ့တာက ေကာင္းပါတယ္။ ဒါေပမယ့္ က်ေန္ာတို႔ ဆက္ျပီး အလုပ္လုပ္မယ္ဆိုတာ ေသခ်ာလွပါတယ္ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။

လီဗာပူးအသင္းဟာ စက္တင္ဘာလ ၂၀ ရက္မွာေတာ့ ခ်ယ္ဆီးနဲ႔ အေဝးကြင္းမွာ သြားေရာက္ ယွဥ္ျပိဳင္ရမွာပါ။ ခ်ယ္ဆီးကေတာ့ မနက္ျဖန္မွာ ဘရိုက္တန္နဲ႔ ယွဥ္ျပိဳင္ျခင္းနဲ႔ ပရီးမီးယားလိဂ္ကို စဖြင့္မွာျဖစ္ပါတယ္။