ဘိုင်ယန်အကြီးအကဲဟောင်း Uli Hoeneß က ကွင်းလယ်လူ သီယေဂိုနဲ့ ပက်သက်တဲ့ သတင်းကို ထုတ်ပြောလာခဲ့ပြီး ပရီးမီးယားလိဂ်ကလပ်တွေက ယူရို သန်း ၃၀ ကို မပေးလိုကြဘူးလို့ ဆိုပါတယ်။

လက်ရှိမှာ လီဗာပူးက သီယေဂိုကို ခေါ်ယူဖို့ ရေပန်းစားဆဲဖြစ်ကာ မန်နေဂျာကလော့ပ်ရဲ့ တောင်းဆိုမှုကြောင့် လီဗာပူးက ဈေးကွက်ထဲကနေ မထွက်သေးပါဘူး။ ဒါပေမယ့် တရားဝင် ကမ်းလှမ်းမှုလည်း မပေးသေးတဲ့ အနေအထားဖြစ်တယ်။

သီယေဂိုကို နောက်ထပ် စိတ်ဝင်စားနေတဲ့ ကလပ်က ယူနိုက်တက်ဖြစ်ပြီး သူတို့ကတော့ ကစားသမားရဲ့ အေးဂျင့်ဘက်ကနေ ဆက်သွယ်နေခဲ့တာလို့ သိရတယ်။ ဘိုင်ယန်ဘက်ကတော့ နှစ်သင်းလုံး ဈေးကွက်ထဲ ဝင်လာပြီး ကမ်းလှမ်းမှုတွေ လုပ်ကြဖို့ မျှော်လင့်ပေမယ့် အင်္ဂလန်ကလပ်တွေက ဈေးကြီးမပေးလိုတာကြောင့် ဈေးကွက် နောက်ဆုံးအချိန်ကို စောင့်လိမ့်မယ်လို့ Uli က ဆိုခဲ့တယ်။

Uli Hoeneß က ပြောရာမှာ “ ကျနော်တို့ သီယေဂိုကို အရမ်းကောင်းတဲ့ စာချုပ် ပေးခဲ့ပေမယ့် နောက်ဆုံးမိနစ်မှာ သူ စိတ်ပြောင်းသွားခဲ့ပါတယ်။ သူက လီဗာပူး (သို့) ယူနိုက်တက်နဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီချက် ရထားခဲ့တာတောင် ဖြစ်နိုင်ပါတယ်။ နှစ်သင်းလုံးနဲ့ သဘောတူထားတာလည်း ဖြစ်နိုင်တယ်။

လီဗာပူးကော ယူနိုက်တက်ကောက သီယေဂိုကို ခေါ်ယူဖို့အတွက် ကျနေ်ာတို့ကို ကမ်းလှမ်းမှုတွေ ပေးလာခဲ့ခြင်း မရှိပါဘူး။ သူတို့တွေက ဈေးကွက် နောက်ဆုံးအပတ်ထိကို စောင့်ဆိုင်းပြိး ဈေးပေါပေါနဲ့ ကမ်းလှမ်းနိုင်ဖို့ လုပ်ဆောင်ကြမှာပါ။ ဘိုင်ယန်ဘက်က ဒီအပြောင်းအရွှေ့ကို ဆက်ကစားလိုသလား သို့သည်မဟုတ် လက်ကျန်စာချုပ်အရ အသင်းမှာပဲ ဆက်ထားမလား ဆုံးဖြတ်ရပါမယ် ” လို့ ဆိုသွားခဲ့ပါတယ်။

ZAWGYI – ဘိုင္ယန္အၾကီးအကဲေဟာင္း Uli Hoeneß က ကြင္းလယ္လူ သီေယဂိုနဲ႔ ပက္သက္တဲ့ သတင္းကို ထုတ္ေျပာလာခဲ့ျပီး ပရီးမီးယားလိဂ္ကလပ္ေတြက ယူရို သန္း ၃၀ ကို မေပးလိုၾကဘူးလို႔ ဆိုပါတယ္။

လက္ရွိမွာ လီဗာပူးက သီေယဂိုကို ေခၚယူဖို႔ ေရပန္းစားဆဲျဖစ္ကာ မန္ေနဂ်ာကေလာ့ပ္ရဲ႕ ေတာင္းဆိုမႈေၾကာင့္ လီဗာပူးက ေစ်းကြက္ထဲကေန မထြက္ေသးပါဘူး။ ဒါေပမယ့္ တရားဝင္ ကမ္းလွမ္းမႈလည္း မေပးေသးတဲ့ အေနအထားျဖစ္တယ္။

သီေယဂိုကို ေနာက္ထပ္ စိတ္ဝင္စားေနတဲ့ ကလပ္က ယူႏုိက္တက္ျဖစ္ျပီး သူတို႔ကေတာ့ ကစားသမားရဲ႕ ေအးဂ်င့္ဘက္ကေန ဆက္သြယ္ေနခဲ့တာလို႔ သိရတယ္။ ဘိုင္ယန္ဘက္ကေတာ့ ႏွစ္သင္းလံုး ေစ်းကြက္ထဲ ဝင္လာျပီး ကမ္းလွမ္းမႈေတြ လုပ္ၾကဖို႔ ေမွ်ာ္လင့္ေပမယ့္ အဂၤလန္ကလပ္ေတြက ေစ်းၾကီးမေပးလိုတာေၾကာင့္ ေစ်းကြက္ ေနာက္ဆံုးအခ်ိန္ကို ေစာင့္လိမ့္မယ္လို႔ Uli က ဆိုခဲ့တယ္။

Uli Hoeneß က ေျပာရာမွာ “ က်ေနာ္တုိ႔ သီေယဂိုကို အရမ္းေကာင္းတဲ့ စာခ်ဳပ္ ေပးခဲ့ေပမယ့္ ေနာက္ဆံုးမိနစ္မွာ သူ စိတ္ေျပာင္းသြားခဲ့ပါတယ္။ သူက လီဗာပူး (သို႔) ယူႏုိက္တက္နဲ႔ ပုဂၢိဳလ္ေရး သေဘာတူညီခ်က္ ရထားခဲ့တာေတာင္ ျဖစ္ႏုိင္ပါတယ္။ ႏွစ္သင္းလံုးနဲ႔ သေဘာတူထားတာလည္း ျဖစ္ႏုိင္တယ္။

လီဗာပူးေကာ ယူႏုိက္တက္ေကာက သီေယဂိုကို ေခၚယူဖို႔အတြက္ က်ေန္ာတို႔ကို ကမ္းလွမ္းမႈေတြ ေပးလာခဲ့ျခင္း မရွိပါဘူး။ သူတို႔ေတြက ေစ်းကြက္ ေနာက္ဆံုးအပတ္ထိကို ေစာင့္ဆိုင္းျပိး ေစ်းေပါေပါနဲ႔ ကမ္းလွမ္းႏုိင္ဖို႔ လုပ္ေဆာင္ၾကမွာပါ။ ဘိုင္ယန္ဘက္က ဒီအေျပာင္းအေရႊ႔ကို ဆက္ကစားလိုသလား သို႔သည္မဟုတ္ လက္က်န္စာခ်ဳပ္အရ အသင္းမွာပဲ ဆက္ထားမလား ဆံုးျဖတ္ရပါမယ္ ” လို႔ ဆိုသြားခဲ့ပါတယ္။