ပြင်သစ်တိုက်စစ်မှူး အမ်ဘတ်ပီဟာ ပဲရစ်ကလပ်ကို ဒီရာသီဟာ ပီအက်စ်ဂျီအတွက် သူနောက်ဆုံး ကစားပေးမယ့် ဘောလုံးရာသီဖြစ်ကြောင်း ပြောဆိုထားခဲ့ပြီးပြီလို့ The Times က ဖော်ပြပါတယ်။

အမ်ဘတ်ပီနဲ့ ပီအက်စ်ဂျီတို့ဟာ ၂၀၂၂ ခုနှစ်ထိပဲ စာချုပ်ရှိတာဖြစ်ပြီး နောက်နှစ်နွေမှာ ရောင်းထုတ်ခြင်း မလုပ်ရင် အလွတ်နဲ့ ထွက်ခွာခွင့်ရဖို့ နီးစပ်နေတာဖြစ်တယ်။ ပီအက်စ်ဂျီကနေ အလွတ်နဲ့ ထွက်ခွာခဲ့ရင်တော့ အမ်ဘတ်ပီရဲ့ အသက်က ၂၃ နှစ်အရွယ်မှာပဲ ရှိနေဦးမှာ ဖြစ်ပါတယ်။

အမ်ဘတ်ပီက စပိန်နဲ့ အင်္ဂလန်လိဂ်တွေမှာ ပြောင်းရွှေ့ ကစားနိုင်ကာ သူ ပြောင်းလိုတဲ့ အသင်းတွေထဲမှာ လီဗာပူးနဲ့ မန်စီးတီးလည်း ပါဝင်နေပါတယ်။ The Times ရဲ့ ဖော်ပြမှုမှာတော့ ပြင်သစ်သားက ရီးရဲလ်မက်ဒရစ်ကို ပြောင်းဖို့ကို စိတ်အားထက်သန်ပေမယ့် လီဗာပူးနဲ့ မန်နေဂျာယာဂင်ကလော့ပ်ကို အထင်ကြီးကြောင်း အကြိမ်ကြိမ် ထုတ်ပြောထားဖူးတဲ့ အချက်ကလည်း စိတ်ဝင်စားစရာလို့ ဆိုတယ်။

အမ်ဘတ်ပီ သွားလိုတဲ့ လိဂ်တွေအရ သူ့ကို ခေါ်ယူနိုင်တဲ့ ကလပ်က လီဗာပူး၊ မန်စီးတီး၊ ယူနိုက်တက်၊ ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာတို့ ဖြစ်တယ်လို့ ဆိုတယ်။ ဒါပေမယ့်လို့ ကစားသမားအတွက် ပေးရမယ့် ပြောင်းရွှေ့ကြေးနဲ့ လုပ်ခလစာကတော့ အတော်လေး ကြီးမားနိုင်တဲ့ အချက်ကိုလည်း ထည့်သွင်း ဖော်ပြထားပါတယ်။

ကမ္ဘာဒုတိယမြောက် ဈေးအကြီးဆုံး ပြောင်းရွှေ့ကြေးရှင်ဖြစ်တဲ့ အမ်ဘတ်ပီဟာ ၂၀၁၈ ခုနှစ်မှာ မိုနာကိုကနေ ပီအက်စ်ဂျီကို ပေါင် ၁၆၅ သန်းဖြင့် ပြောင်းရွှေ့ခဲ့သူဖြစ်တယ်။ သူဟာ လီဗာပူးနဲ့ သတင်းကြီးတွေ မကြာခဏ ထွက်ပေါ်ထားဖူးပြီး သူကိုယ်တိုင်ကလည်း လီဗာပူးကို အထင်ကြီးကြောင်း ထုတ်ဖော်မှုတွေ လုပ်ထားပါသေးတယ်။

ZAWGYI – ျပင္သစ္တိုက္စစ္မွဴး အမ္ဘတ္ပီဟာ ပဲရစ္ကလပ္ကို ဒီရာသီဟာ ပီအက္စ္ဂ်ီအတြက္ သူေနာက္ဆံုး ကစားေပးမယ့္ ေဘာလံုးရာသီျဖစ္ေၾကာင္း ေျပာဆိုထားခဲ့ျပီးျပီလို႔ The Times က ေဖာ္ျပပါတယ္။

အမ္ဘတ္ပီနဲ႔ ပီအက္စ္ဂ်ီတို႔ဟာ ၂၀၂၂ ခုႏွစ္ထိပဲ စာခ်ဳပ္ရွိတာျဖစ္ျပီး ေနာက္ႏွစ္ေႏြမွာ ေရာင္းထုတ္ျခင္း မလုပ္ရင္ အလြတ္နဲ႔ ထြက္ခြာခြင့္ရဖို႔ နီးစပ္ေနတာျဖစ္တယ္။ ပီအက္စ္ဂ်ီကေန အလြတ္နဲ႔ ထြက္ခြာခဲ့ရင္ေတာ့ အမ္ဘတ္ပီရဲ႕ အသက္က ၂၃ ႏွစ္အရြယ္မွာပဲ ရွိေနဦးမွာ ျဖစ္ပါတယ္။

အမ္ဘတ္ပီက စပိန္နဲ႔ အဂၤလန္လိဂ္ေတြမွာ ေျပာင္းေရႊ႔ ကစားႏုိင္ကာ သူ ေျပာင္းလိုတဲ့ အသင္းေတြထဲမွာ လီဗာပူးနဲ႔ မန္စီးတီးလည္း ပါဝင္ေနပါတယ္။ The Times ရဲ႕ ေဖာ္ျပမႈမွာေတာ့ ျပင္သစ္သားက ရီးရဲလ္မက္ဒရစ္ကို ေျပာင္းဖို႔ကို စိတ္အားထက္သန္ေပမယ့္ လီဗာပူးနဲ႔ မန္ေနဂ်ာယာဂင္ကေလာ့ပ္ကို အထင္ၾကီးေၾကာင္း အၾကိမ္ၾကိမ္ ထုတ္ေျပာထားဖူးတဲ့ အခ်က္ကလည္း စိတ္ဝင္စားစရာလို႔ ဆိုတယ္။

အမ္ဘတ္ပီ သြားလိုတဲ့ လိဂ္ေတြအရ သူ႔ကို ေခၚယူႏုိင္တဲ့ ကလပ္က လီဗာပူး၊ မန္စီးတီး၊ ယူႏုိက္တက္၊ ရီးရဲလ္မက္ဒရစ္၊ ဘာစီလိုနာတို႔ ျဖစ္တယ္လို႔ ဆိုတယ္။ ဒါေပမယ့္လို႔ ကစားသမားအတြက္ ေပးရမယ့္ ေျပာင္းေရႊ႔ေၾကးနဲ႔ လုပ္ခလစာကေတာ့ အေတာ္ေလး ၾကီးမားႏုိင္တဲ့ အခ်က္ကိုလည္း ထည့္သြင္း ေဖာ္ျပထားပါတယ္။

ကမၻာဒုတိယေျမာက္ ေစ်းအၾကီးဆံုး ေျပာင္းေရႊ႔ေၾကးရွင္ျဖစ္တဲ့ အမ္ဘတ္ပီဟာ ၂၀၁၈ ခုႏွစ္မွာ မိုနာကိုကေန ပီအက္စ္ဂ်ီကို ေပါင္ ၁၆၅ သန္းျဖင့္ ေျပာင္းေရႊ႔ခဲ့သူျဖစ္တယ္။ သူဟာ လီဗာပူးနဲ႔ သတင္းၾကီးေတြ မၾကာခဏ ထြက္ေပၚထားဖူးျပီး သူကိုယ္တိုင္ကလည္း လီဗာပူးကို အထင္ၾကီးေၾကာင္း ထုတ္ေဖာ္မႈေတြ လုပ္ထားပါေသးတယ္။