ပရီးမီးယားလိဂ်က ကစားကွင်းထဲကို ပရိသတ်တွေ ပြန်ဝင်ခွင့်ပေးဖို့ ကိစ္စအား အာဏာပိုင်တွေကို ဆက်လက် ဖိအားပေးနေပေမယ့် မအောင်မြင်မယ့် အနေအထားမှာလည်း ရှိနေတယ်လို့ သိရပါတယ်။

နောက်လမှာတော့ ဘောလုံးကွင်းတွေထဲ ပရိသတ်တွေကို အကန့်အသတ်ဖြင့် ပြန်ဝင်ခွင့်ပေးဖို့ ပရီးမီးယားလိဂ်ကလပ်တွေက ကြိုးစားနေတာပါ။ သက်မှတ် ဝင်ဆံ့နှုန်းရဲ့ ၂၀% ကနေ ၃၀ % ထိ ဝင်ခွင့်ရမှုနဲ့အတူ ဘဏ္ဍာရေးပိုင်းအတွက် အသက်ဆက်နိုင်မယ့် အနေအထားမျိုးကို ကလပ်တွေက အလိုရှိနေပါတယ်။

ဘောလုံးအသင်းတွေဟာ ရုပ်သံဝင်ငွေ တစ်ခုတည်းကို အားကိုးနေရပြီး ပရီးမီးယားလိဂ် အောက်တန်းလိုက်တွေ အတွက်က ရပ်တည်မှု ခက်ခဲတဲ့ အနေအထားကို ရင်ဆိုင်လာရတယ်။ ပရီးမီးယားလိဂ်ကလပ်တွေ ကိုယ်တိုင်ကလည်း အထိနာမှုကြီးတွေ ရှိနေပါတယ်။ ဒါပေမယ့်လို့ ကပ်ဘေးကို စိုးရိမ်ထိတ်လန့်ရဆဲ အနေအထားကြောင့် ၂၀၂၀ ခုနှစ် တစ်ခုလုံးမှာ ပရိသတ်ဝင်ခွင့်ကို ဆက်ပိတ်ထားမယ့် သဘောထားတွေကို အာဏာပိုင်တွေက ပြသလာခဲ့တယ်။

ဘောလုံးပရိသတ် ၁ ထောင် ဝင်ခွင့်ရမယ့် စမ်းသက်မှုတွေကို လုပ်ဆောင်ဖို့ ပြင်ဆင်ထားခဲ့ပေမယ့်လည်း အတွင်းသတင်းတွေအရ အဆိုပါ စမ်းသပ်မှုတွေကို ပယ်ဖျက်ဖို့ ပြန်လည် ပြင်ဆင်နေတယ်။ ဒါ့အပြင် အောက်တိုဘာလ ၁ ရက်နေ့မှာ ကွင်းအတွင်း ပရိသတ်တွေ ဝင်ခွင့်ပေးဖို့ ကိစ္စကလည်း မရေရာတဲ့ အနေအထားကို ပြန်ရောက်လာခဲ့ပြီလို့ သိရတယ်။

အောက်တိုဘာလ ၁ ရက်နေ့မှာ ဝင်ခွင့်မပေးရင်တော့ ၂၀၂၀ ခုနှစ် တစ်ခုလုံးမှာ ဝင်ခွင့်ရဖို့ မဖြစ်နိုင်တဲ့ အခြေအနေလို့ သိရတယ်။ အင်္ဂလန်မှာ ပိတ်ဆို့မှုတွေ လုပ်ခြင်းကလည်း ဒေသအလိုက် တူညီမှုမရှိပါဘူး။

မနှစ်က မတ်လနောက်ပိုင်းမှာ ကိုဗစ် ထဖြစ်ခြင်းကြောင့် ပရီးမီးယားလိဂ်ဟာ ဝင်ငွေ ပေါင် သန်း ၇၀၀ ကျော် နှစ်နာခဲ့ပြီး ကလပ်တွေက ပေါင် ၃၅ သန်းစီ ဆုံးရံှူးခဲ့ရတယ်။ အောက်တိုဘာမှာ ပရိသတ် ဝင်ခွင့်မရရင်တော့ မနှစ်ကနဲ့ တူညီတဲ့ ဝင်ငွေပိုင်းတွေ ဆုံးရံှူးမယ်လို့ သိရပါတယ်။

ZAWGYI

ပရီးမီးယားလိဂ္က ကစားကြင္းထဲကို ပရိသတ္ေတြ ျပန္ဝင္ခြင့္ေပးဖို႔ ကိစၥအား အာဏာပိုင္ေတြကို ဆက္လက္ ဖိအားေပးေနေပမယ့္ မေအာင္ျမင္မယ့္ အေနအထားမွာလည္း ရွိေနတယ္လို႔ သိရပါတယ္။

ေနာက္လမွာေတာ့ ေဘာလံုးကြင္းေတြထဲ ပရိသတ္ေတြကို အကန္႔အသတ္ျဖင့္ ျပန္ဝင္ခြင့္ေပးဖို႔ ပရီးမီးယားလိဂ္ကလပ္ေတြက ၾကိဳးစားေနတာပါ။ သက္မွတ္ ဝင္ဆံ့ႏႈန္းရဲ႕ ၂၀% ကေန ၃၀ % ထိ ဝင္ခြင့္ရမႈနဲ႔အတူ ဘ႑ာေရးပိုင္းအတြက္ အသက္ဆက္ႏုိင္မယ့္ အေနအထားမ်ိဳးကို ကလပ္ေတြက အလိုရွိေနပါတယ္။

ေဘာလံုးအသင္းေတြဟာ ရုပ္သံဝင္ေငြ တစ္ခုတည္းကို အားကိုးေနရျပီး ပရီးမီးယားလိဂ္ ေအာက္တန္းလိုက္ေတြ အတြက္က ရပ္တည္မႈ ခက္ခဲတဲ့ အေနအထားကို ရင္ဆိုင္လာရတယ္။ ပရီးမီးယားလိဂ္ကလပ္ေတြ ကိုယ္တိုင္ကလည္း အထိနာမႈၾကီးေတြ ရွိေနပါတယ္။ ဒါေပမယ့္လို႔ ကပ္ေဘးကို စိုးရိမ္ထိတ္လန္႔ရဆဲ အေနအထားေၾကာင့္ ၂၀၂၀ ခုႏွစ္ တစ္ခုလံုးမွာ ပရိသတ္ဝင္ခြင့္ကို ဆက္ပိတ္ထားမယ့္ သေဘာထားေတြကို အာဏာပိုင္ေတြက ျပသလာခဲ့တယ္။

ေဘာလံုးပရိသတ္ ၁ ေထာင္ ဝင္ခြင့္ရမယ့္ စမ္းသက္မႈေတြကို လုပ္ေဆာင္ဖို႔ ျပင္ဆင္ထားခဲ့ေပမယ့္လည္း အတြင္းသတင္းေတြအရ အဆိုပါ စမ္းသပ္မႈေတြကို ပယ္ဖ်က္ဖို႔ ျပန္လည္ ျပင္ဆင္ေနတယ္။ ဒါ့အျပင္ ေအာက္တိုဘာလ ၁ ရက္ေန႔မွာ ကြင္းအတြင္း ပရိသတ္ေတြ ဝင္ခြင့္ေပးဖို႔ ကိစၥကလည္း မေရရာတဲ့ အေနအထားကို ျပန္ေရာက္လာခဲ့ျပီလို႔ သိရတယ္။

ေအာက္တိုဘာလ ၁ ရက္ေန႔မွာ ဝင္ခြင့္မေပးရင္ေတာ့ ၂၀၂၀ ခုႏွစ္ တစ္ခုလံုးမွာ ဝင္ခြင့္ရဖို႔ မျဖစ္ႏုိင္တဲ့ အေျခအေနလို႔ သိရတယ္။ အဂၤလန္မွာ ပိတ္ဆို႔မႈေတြ လုပ္ျခင္းကလည္း ေဒသအလိုက္ တူညီမႈမရွိပါဘူး။

မႏွစ္က မတ္လေနာက္ပိုင္းမွာ ကိုဗစ္ ထျဖစ္ျခင္းေၾကာင့္ ပရီးမီးယားလိဂ္ဟာ ဝင္ေငြ ေပါင္ သန္း ၇၀၀ ေက်ာ္ ႏွစ္နာခဲ့ျပီး ကလပ္ေတြက ေပါင္ ၃၅ သန္းစီ ဆံုးရံွဴးခဲ့ရတယ္။ ေအာက္တိုဘာမွာ ပရိသတ္ ဝင္ခြင့္မရရင္ေတာ့ မႏွစ္ကနဲ႔ တူညီတဲ့ ဝင္ေငြပိုင္းေတြ ဆံုးရံွဴးမယ္လို႔ သိရပါတယ္။