လီဗာပူးအသင်းနဲ့ လိဒ်ယူနိုက်တက်တို့ပွဲ မတိုင်ခင်မှာ မန်စီးတီး ကွင်းလယ်လူ ဒီဘရိုင်းက စကားတစ်ခွန်းကို ပြောခဲ့ပါတယ်။

အဲ့တာကတော့ ချန်ပီယံဖြစ်လာဖို့ ခက်ခဲပေမယ့် ပိုခက်ခဲတာက ချန်ပီယံဖြစ်လာခဲ့ပြီးရင် တူညီတဲ့ ဆာလောင်စိတ်နဲ့ အောင်မြင်မှုကို ဆက်ထိန်းဖို့ကိစ္စ ဖြစ်တယ်လို့ ဆိုပါတယ်။ မန်စီးတီးဟာ ချန်ပီယံ နှစ်ကြိမ်ဆက် ဖြစ်အပြီးမှာ အောင်မြင်မှုကို ဆက်မထိန်းနိုင်တော့ဘဲ လက်လွတ်ခဲ့ရမှုနဲ့အတူ ဒီရာသီမှာ လီဗာပူးရဲ့ ချန်ပီယံ ကာကွယ်မှုက လွယ်ကူမှာ မဟုတ်ကြောင်း သတိပေးခဲ့တယ်။

ဒီဘရိုင်းက ” မျှော်လင့်ထားတာထက် ပိုခက်ခဲခဲ့ပါတယ်။ လီဗာပူးနဲ့အတူ တိုက်ခိုက်ဖို့ ကျနော်တို့ တကယ်ကို တိုက်ခိုက်ဖို့ လိုခဲ့တာပါ။ စိတ်ဓါတ်ပိုင်းမှာ တစ်ခါတစ်လေ ပိုခက်ခဲပါတယ်။ ချန်ပီယံဖြစ်အပြီးမှာ အသင်း အချို့တွေက ကိုယ်ကို အနိုင်ယူဖို့ ပိုမို အာရုံစိုက်လာကြတယ်။

တစ်ခါတစ်လေမှာတော့ အချို့လူတွေက အောင်မြင်မှုကို ရပြီးသွားခဲ့ရင် အောင်မြင်အောင် ထပ်ပြီး ကြိုးစားဖို့ဆိုတဲ့ စိတ်ဓါတ်ကို ပြန်ရှာဖို့က ခက်ခဲသွားပါတယ်။ တူညီတဲ့ အသင်းဖြစ်ရင်တောင် တူညီတဲ့ စိတ်ဓါတ်ပိုင်းကို ပြန်ရှာဖို့က အရမ်းခက်လွန်းပါတယ်။

ပုဂ္ဂိုလ်ရေးတွေအပေါ်မှာပဲ အပြောင်းအလဲတွေ ရှိသွားပါတယ်။ ကိစ္စ သေးသေးလေးတောင်မှ ကိုယ်ကို ပြောင်းလဲနိုင်တယ်။ ဒဏ်ရာကလည်း ပြောင်းလဲနိုင်တယ်။ ဘောလုံးမှာ အခြေအနေတွေက အမြဲတမ်း ပြောင်းလဲနေတယ်။ တစ်ကြိမ် အောင်မြင်မှုရဖို့က တော်တော်ခက်ခဲသလို အောင်မြင်မှုကို ထပ်ယူနိုင်ဖို့က ပြောမနေပါနဲ့တော့။

လီဗာပူးက အဲ့သည်အဆင့်ကို ထပ်ပြီး ရောက်နိုင်ပါတယ်။ သူတို့က ရည်မှန်းချက်နဲ့ ခံစားချက်တွေကို ပြောင်းလဲဖို့ လိုအပ်တယ်လို့ ကျနော် မထင်ဘူး။ ဒါပေမယ့် သူတို့ ဘယ်လို ခံစားနေကြမလဲဆိုတာတော့ ကျနော် မသိဘူး။ သူတို့မှာ ဆာလောင်စိတ်တွေ ရှိကြဦးမလား ကျနော် မသိပါဘူး။ လူတိုင်းက ကိုယ်ပိုင် ပုဂ္ဂိုလ်ရေးအတွေးအမြင်တွေနဲ့ပါ ” လို့ ဆိုသွားခဲ့တာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းနဲ႔ လိဒ္ယူႏုိက္တက္တို႔ပြဲ မတိုင္ခင္မွာ မန္စီးတီး ကြင္းလယ္လူ ဒီဘရိုင္းက စကားတစ္ခြန္းကို ေျပာခဲ့ပါတယ္။

အဲ့တာကေတာ့ ခ်န္ပီယံျဖစ္လာဖို႔ ခက္ခဲေပမယ့္ ပိုခက္ခဲတာက ခ်န္ပီယံျဖစ္လာခဲ့ျပီးရင္ တူညီတဲ့ ဆာေလာင္စိတ္နဲ႔ ေအာင္ျမင္မႈကို ဆက္ထိန္းဖို႔ကိစၥ ျဖစ္တယ္လို႔ ဆိုပါတယ္။ မန္စီးတီးဟာ ခ်န္ပီယံ ႏွစ္ၾကိမ္ဆက္ ျဖစ္အျပီးမွာ ေအာင္ျမင္မႈကို ဆက္မထိန္းႏုိင္ေတာ့ဘဲ လက္လြတ္ခဲ့ရမႈနဲ႔အတူ ဒီရာသီမွာ လီဗာပူးရဲ႕ ခ်န္ပီယံ ကာကြယ္မႈက လြယ္ကူမွာ မဟုတ္ေၾကာင္း သတိေပးခဲ့တယ္။

ဒီဘရိုင္းက ” ေမွ်ာ္လင့့္ထားတာထက္ ပိုခက္ခဲခဲ့ပါတယ္။ လီဗာပူးနဲ႔အတူ တိုက္ခိုက္ဖို႔ က်ေနာ္တို႔ တကယ္ကို တိုက္ခိုက္ဖို႔ လိုခဲ့တာပါ။ စိတ္ဓါတ္ပိုင္းမွာ တစ္ခါတစ္ေလ ပိုခက္ခဲပါတယ္။ ခ်န္ပီယံျဖစ္အျပီးမွာ အသင္း အခ်ိဳ႔ေတြက ကိုယ္ကို အႏုိင္ယူဖို႔ ပိုမို အာရံုစိုက္လာၾကတယ္။

တစ္ခါတစ္ေလမွာေတာ့ အခ်ိဳ႔လူေတြက ေအာင္ျမင္မႈကို ရျပီးသြားခဲ့ရင္ ေအာင္ျမင္ေအာင္ ထပ္ျပီး ၾကိဳးစားဖို႔ဆိုတဲ့ စိတ္ဓါတ္ကို ျပန္ရွာဖို႔က ခက္ခဲသြားပါတယ္။ တူညီတဲ့ အသင္းျဖစ္ရင္ေတာင္ တူညီတဲ့ စိတ္ဓါတ္ပိုင္းကို ျပန္ရွာဖို႔က အရမ္းခက္လြန္းပါတယ္။

ပုဂၢိဳလ္ေရးေတြအေပၚမွာပဲ အေျပာင္းအလဲေတြ ရွိသြားပါတယ္။ ကိစၥ ေသးေသးေလးေတာင္မွ ကိုယ္ကို ေျပာင္းလဲႏုိင္တယ္။ ဒဏ္ရာကလည္း ေျပာင္းလဲႏုိင္တယ္။ ေဘာလံုးမွာ အေျခအေနေတြက အျမဲတမ္း ေျပာင္းလဲေနတယ္။ တစ္ၾကိမ္ ေအာင္ျမင္မႈရဖို႔က ေတာ္ေတာ္ခက္ခဲသလို ေအာင္ျမင္မႈကို ထပ္ယူႏုိင္ဖို႔က ေျပာမေနပါနဲ႔ေတာ့။

လီဗာပူးက အဲ့သည္အဆင့္ကို ထပ္ျပီး ေရာက္ႏုိင္ပါတယ္။ သူတို႔က ရည္မွန္းခ်က္နဲ႔ ခံစားခ်က္ေတြကို ေျပာင္းလဲဖို႔ လိုအပ္တယ္လို႔ က်ေနာ္ မထင္ဘူး။ ဒါေပမယ့္ သူတို႔ ဘယ္လို ခံစားေနၾကမလဲဆိုတာေတာ့ က်ေနာ္ မသိဘူး။ သူတို႔မွာ ဆာေလာင္စိတ္ေတြ ရွိၾကဦးမလား က်ေနာ္ မသိပါဘူး။ လူတိုင္းက ကိုယ္ပိုင္ ပုဂၢိဳလ္ေရးအေတြးအျမင္ေတြနဲ႔ပါ ” လို႔ ဆိုသြားခဲ့တာျဖစ္ပါတယ္။