ပရီးမီးယားလိဂ်က အောက်တိုဘာလ ၁ ရက်နေ့ကစလို့ ကစားကွင်းထဲကို ပရိသတ်တွေ ပြန်ဝင်ခွင့်ပေးဖို့ ကိစ္စအား အာဏာပိုင်တွေကို ဆက်လက် ဖိအားပေးနေပေမယ့် မအောင်မြင်မယ့် အနေအထားမှာလည်း ရှိနေတယ်လို့ သိရပါတယ်။

မန်စီးတီး ကွင်းလယ်လူ ဒီဘရိုင်းက ချန်ပီယံဖြစ်လာဖို့ ခက်ခဲပေမယ့် ပိုခက်ခဲတာက ချန်ပီယံဖြစ်လာခဲ့ပြီးရင် တူညီတဲ့ ဆာလောင်စိတ်နဲ့ အောင်မြင်မှုကို ဆက်ထိန်းဖို့ကိစ္စ ဖြစ်တယ်လို့ လီဗာပူးအသင်းကို သတိပေးလိုက်ပါတယ်။

ပြင်သစ်တိုက်စစ်မှူး အမ်ဘတ်ပီဟာ ပဲရစ်ကလပ်ကို ဒီရာသီဟာ ပီအက်စ်ဂျီအတွက် သူနောက်ဆုံး ကစားပေးမယ့် ဘောလုံးရာသီဖြစ်ကြောင်း ပြောဆိုထားခဲ့ကာ သူထွက်ခွာနိုင်တဲ့ အသင်း ၅ သင်းထဲမှာ လီဗာပူးအသင်းလည်း ပါဝင်နေကြောင်း The Times က ဖော်ပြပါတယ်။

လိဒ်ယူနိုက်တက်နဲ့ပွဲမှာ သွေးအေးတဲ့ ပင်နယ်တီ အဆုံးသတ်မှု နှစ်ကြိမ်ကို အကောင်းဆုံး လုပ်နိုင်ခဲ့တဲ့အပေါ် ဆာလက်က ဖိအားကြီးလွန်းတဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာတောင် ဂိုးသွင်းလာခဲ့တာဖြစ်လို့ ပရိသတ်မရှိတဲ့ ကွင်းမှာ အဆုံးသတ်ရတာက ဖိအား နည်းခဲ့တယ်လို့ ရယ်ရယ်မောမော စကားပြောခဲ့ပါတယ်။

မန်နေဂျာကလော့ပ်က လိဒ်ကို ၃ ဂိုးပေးခဲ့ရတဲ့ လီဗာပူးအသင်း ခံစစ်ဟာ ဆိုးဆိုးရွားရွား လိုအပ်ချက်များနေတယ်ဆိုတဲ့ ပြောဆိုချက်တွေကို လက်မခံခဲ့ဘဲ မကြာခင်မှာ ပိုတိုးတက်လာမယ်လို့ တုန့်ပြန်ပါတယ်။

လီဗာပူး ယူ-၂၃ အသင်းက အဲဗာတန် ယူ-၂၃ အသင်းကို ၁-၀ နဲ့ အနိုင်ရခဲ့ပြီး တစ်လုံးတည်းသော ဂိုးကိုတော့ လူငယ်လေး ဂျိတ်ကိန်းက သွင်းယူသွားပါတယ်။

ရှက်ဖီးယူနိုက်တက်ဟာ လီဗာပူးလူငယ်လေး ဘရူးစတားကို တစ်ရာသီ အငှားခေါ်ယူဖို့ ဆွေးနွေးမှုတွေကို ရှေ့တိုးခဲ့ပါပြီ။ ဘရူးစတားဟာ ပွဲကစားခွင့် အာမခံချက် တစ်ခုနဲ့အတူ ရှက်ဖီးကို ရောက်သွားဖို့ အတော်လေး နီးစပ်နေပြီလည်း ဖြစ်ပါတယ်။

ဘိုင်ယန်အကြီးအကဲဟောင်း ဟိုးနက်စ်က ကွင်းလယ်လူ သီယေဂိုအတွက် ပရီးမီးယားလိဂ်ကလပ်တွေက ယူရို သန်း ၃၀ မပေးလိုကြဘဲ ဈေးကွက်နောက်ဆုံးအချိန်မှာ သက်သာတဲ့ ပြောင်းရွှေ့ကြေးနဲ့ ဝင်ကမ်းလှမ်းကြလိမ့်မယ်လို့ ဆိုသွားပါတယ်။

လိဒ်နဲ့ပွဲ အမှားအပေါ်က ဗန်ဒိုက်က ” အခြေအနေက ဖြစ်လေ့ဖြစ်ထရှိတဲ့ ဖြစ်ရပ်မျိုးတွေ ဖြစ်ပါတယ်။ ကျနော် အကောင်းဆုံး ကြိုးစားခဲ့ပြီး အကောင်းဆုံးအတွက်ပဲ ကျနော် လုပ်ခဲ့တာပါ။ မမျှော်လင့်ပဲ ဂိုးတွေ ပေးခဲ့ရပါတယ်။ ဒါပေမယ့် အဲ့အတွက် စိုးရိမ်နေမှာ မဟုတ်ပါဘူး။ ” လို့ ဖြေဆိုသွားပါတယ်။

ZAWGYI

ပရီးမီးယားလိဂ္က ေအာက္တိုဘာလ ၁ ရက္ေန႔ကစလို႔ ကစားကြင္းထဲကို ပရိသတ္ေတြ ျပန္ဝင္ခြင့္ေပးဖို႔ ကိစၥအား အာဏာပိုင္ေတြကို ဆက္လက္ ဖိအားေပးေနေပမယ့္ မေအာင္ျမင္မယ့္ အေနအထားမွာလည္း ရွိေနတယ္လို႔ သိရပါတယ္။

မန္စီးတီး ကြင္းလယ္လူ ဒီဘရိုင္းက ခ်န္ပီယံျဖစ္လာဖို႔ ခက္ခဲေပမယ့္ ပိုခက္ခဲတာက ခ်န္ပီယံျဖစ္လာခဲ့ျပီးရင္ တူညီတဲ့ ဆာေလာင္စိတ္နဲ႔ ေအာင္ျမင္မႈကို ဆက္ထိန္းဖို႔ကိစၥ ျဖစ္တယ္လို႔ လီဗာပူးအသင္းကို သတိေပးလိုက္ပါတယ္။

ျပင္သစ္တိုက္စစ္မွဴး အမ္ဘတ္ပီဟာ ပဲရစ္ကလပ္ကို ဒီရာသီဟာ ပီအက္စ္ဂ်ီအတြက္ သူေနာက္ဆံုး ကစားေပးမယ့္ ေဘာလံုးရာသီျဖစ္ေၾကာင္း ေျပာဆိုထားခဲ့ကာ သူထြက္ခြာႏုိင္တဲ့ အသင္း ၅ သင္းထဲမွာ လီဗာပူးအသင္းလည္း ပါဝင္ေနေၾကာင္း The Times က ေဖာ္ျပပါတယ္။

လိဒ္ယူႏုိက္တက္နဲ႔ပြဲမွာ ေသြးေအးတဲ့ ပင္နယ္တီ အဆံုးသတ္မႈ ႏွစ္ၾကိမ္ကို အေကာင္းဆံုး လုပ္ႏုိင္ခဲ့တဲ့အေပၚ ဆာလက္က ဖိအားၾကီးလြန္းတဲ့ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲမွာေတာင္ ဂိုးသြင္းလာခဲ့တာျဖစ္လို႔ ပရိသတ္မရွိတဲ့ ကြင္းမွာ အဆံုးသတ္ရတာက ဖိအား နည္းခဲ့တယ္လို႔ ရယ္ရယ္ေမာေမာ စကားေျပာခဲ့ပါတယ္။

မန္ေနဂ်ာကေလာ့ပ္က လိဒ္ကို ၃ ဂိုးေပးခဲ့ရတဲ့ လီဗာပူးအသင္း ခံစစ္ဟာ ဆိုးဆိုးရြားရြား လိုအပ္ခ်က္မ်ားေနတယ္ဆိုတဲ့ ေျပာဆိုခ်က္ေတြကို လက္မခံခဲ့ဘဲ မၾကာခင္မွာ ပိုတိုးတက္လာမယ္လို႔ တုန္႔ျပန္ပါတယ္။

လီဗာပူး ယူ-၂၃ အသင္းက အဲဗာတန္ ယူ-၂၃ အသင္းကို ၁-၀ နဲ႔ အႏုိင္ရခဲ့ျပီး တစ္လံုးတည္းေသာ ဂိုးကိုေတာ့ လူငယ္ေလး ဂိ်တ္ကိန္းက သြင္းယူသြားပါတယ္။

ရွက္ဖီးယူႏုိုက္တက္ဟာ လီဗာပူးလူငယ္ေလး ဘရူးစတားကို တစ္ရာသီ အငွားေခၚယူဖို႔ ေဆြးေႏြးမႈေတြကို ေရွ႔တိုးခဲ့ပါျပီ။ ဘရူးစတားဟာ ပြဲကစားခြင့္ အာမခံခ်က္ တစ္ခုနဲ႔အတူ ရွက္ဖီးကို ေရာက္သြားဖို႔ အေတာ္ေလး နီးစပ္ေနျပီလည္း ျဖစ္ပါတယ္။

ဘိုင္ယန္အၾကီးအကဲေဟာင္း ဟိုးနက္စ္က ကြင္းလယ္လူ သီေယဂိုအတြက္ ပရီးမီးယားလိဂ္ကလပ္ေတြက ယူရို သန္း ၃၀ မေပးလိုၾကဘဲ ေစ်းကြက္ေနာက္ဆံုးအခ်ိန္မွာ သက္သာတဲ့ ေျပာင္းေရႊ႔ေၾကးနဲ႔ ဝင္ကမ္းလွမ္းၾကလိမ့္မယ္လို႔ ဆိုသြားပါတယ္။

လိဒ္နဲ႔ပြဲ အမွားအေပၚက ဗန္ဒိုက္က ” အေျခအေနက ျဖစ္ေလ့ျဖစ္ထရွိတဲ့ ျဖစ္ရပ္မ်ိဳးေတြ ျဖစ္ပါတယ္။ က်ေနာ္ အေကာင္းဆံုး ၾကိဳးစားခဲ့ျပီး အေကာင္းဆံုးအတြက္ပဲ က်ေနာ္ လုပ္ခဲ့တာပါ။ မေမွ်ာ္လင့္ပဲ ဂိုးေတြ ေပးခဲ့ရပါတယ္။ ဒါေပမယ့္ အဲ့အတြက္ စိုးရိမ္ေနမွာ မဟုတ္ပါဘူး။ ” လို႔ ေျဖဆိုသြားပါတယ္။