စနေနေ့တုန်းက စတီဗင်ဂျရတ်ရဲ့ ရိန်းဂျားအသင်းဟာ ဒန်ဒီယူနိုက်တက်ကို အိမ်ကွင်းမှာ ၄-၀ ဖြင့် ဂိုးပြတ် အနိုင်ယူခဲ့ပြီး စကော်တလန်လိဂ်ကို ဦးဆောင်ထားဆဲဖြစ်ပါတယ်။

အဆိုပါပွဲကို အနိုင်ရလိုက်တာက ရိန်းဂျားအတွက်ကတော့ ထူးရှယ်မှတ်တမ်းတစ်ခုကို ပိုင်ဆိုင်စေခဲ့တယ်။ သူတို့ဟာ စကော်တလန်လိဂ်မှာ ရာသီစတင်ကတည်းက ၇ ပွဲဆက်တိုက် ဂိုးလုံးဝမပေးရဘဲ ပွဲတိုင်း clean sheet ရထားတာ ဖြစ်ပါတယ်။ အဆိုပါ ၇ ပွဲမှာ ၆ ပွဲနိုင် ၁ ပွဲသရေ ရံှူးပွဲနဲ့ ပေးဂိုး လုံးဝမရှိ စံချိန်ကောင်း ရလာခဲ့တယ်။

ဒါဟာ စကော်တလန်လိဂ်ရဲ့ ၁၁၄ နှစ်ကြာ သမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် မှတ်တမ်းဝင်ခဲ့တယ်။ အင်္ဂလန်ပြည်တွင်းမှာတော့ ၂၀၀၅ ခုနှစ်တုန်းက ချယ်ဆီးအသင်း တင်ခဲ့တဲ့ clean sheet မှတ်တမ်းနဲ့ တူညီတဲ့ အရေအတွက်လည်း ဖြစ်ခဲ့တယ်။ ဥရောပရဲ့ အကောင်းဆုံး စံချိန်ဆိုရင်တော့ ၁၉၉၄ ခုနှစ်က အေးဂျက်တင်ထားတဲ့ မှတ်တမ်းကို လိုက်မှီဖို့ clean sheet ၂ ပွဲပဲ လိုအပ်မှာဖြစ်တယ်။

ကမ္ဘာအဆင့်မှာတော့ လွန်ခဲ့တဲ့ နှစ် ၂၀ က တူနီးရှားကလပပ်ဟာ clean sheet ၁၀ ပွဲဆက်တိုက် ရခဲ့ဖူးပါတယ်။ ဒါကြောင့် ရိန်းဂျားအနေနဲ့ လာမယ့် Hibs, Motherwell နဲ့ Ross County တို့ကို အနိုင်ရမယ်ဆိုရင် ကမ္ဘာအကောင်းဆုံး ခံစစ်တံတိုင်းမှတ်တမ်းကို ကျော်ဖြတ်သွားနိုင်မှာဖြစ်တယ်။

စတီဗင်ဂျရတ်ဟာ သူ့ရဲ့ မန်နေဂျာဘဝ တတိယမြောက်ရာသီကို စတင် ကျော်ဖြတ်လာနေပြီဖြစ်ကာ စကော်တလန်လိဂ်ကို ၉ ရာသီကြာ လွှမ်းမိုးထားတဲ့ ဆဲလ်တစ်ရဲ့ လွှမ်းမိုးမှုကို ဖောက်ထွက်ဖို့ ကြိုးစားနေပါပြီ။ ဒီရာသီမှာ ရိန်းဂျားနဲ့အတူ ဆုဖလား အောင်မြင်ဖို့ကတော့ စံချိန်တွေထက် ဂျရတ် ပိုမျှော်လင့်နေတဲ့ ကိစ္စကြီးပဲ ဖြစ်နေပါလိမ့်မယ်။

ZAWGYI

စေနေန႔တုန္းက စတီဗင္ဂ်ရတ္ရဲ႕ ရိန္းဂ်ားအသင္းဟာ ဒန္ဒီယူႏုိက္တက္ကို အိမ္ကြင္းမွာ ၄-၀ ျဖင့္ ဂိုးျပတ္ အႏုိင္ယူခဲ့ျပီး စေကာ္တလန္လိဂ္ကို ဦးေဆာင္ထားဆဲျဖစ္ပါတယ္။

အဆိုပါပြဲကို အႏုိင္ရလိုက္တာက ရိန္းဂ်ားအတြက္ကေတာ့ ထူးရွယ္မွတ္တမ္းတစ္ခုကို ပိုင္ဆိုင္ေစခဲ့တယ္။ သူတို႔ဟာ စေကာ္တလန္လိဂ္မွာ ရာသီစတင္ကတည္းက ၇ ပြဲဆက္တိုက္ ဂိုးလံုးဝမေပးရဘဲ ပြဲတိုင္း clean sheet ရထားတာ ျဖစ္ပါတယ္။ အဆိုပါ ၇ ပြဲမွာ ၆ ပြဲႏုိင္ ၁ ပြဲသေရ ရံွဴးပြဲနဲ႔ ေပးဂိုး လံုးဝမရွိ စံခ်ိန္ေကာင္း ရလာခဲ့တယ္။

ဒါဟာ စေကာ္တလန္လိဂ္ရဲ႕ ၁၁၄ ႏွစ္ၾကာ သမိုင္းမွာ ပထမဆံုးအၾကိမ္အျဖစ္ မွတ္တမ္းဝင္ခဲ့တယ္။ အဂၤလန္ျပည္တြင္းမွာေတာ့ ၂၀၀၅ ခုႏွစ္တုန္းက ခ်ယ္ဆီးအသင္း တင္ခဲ့တဲ့ clean sheet မွတ္တမ္းနဲ႔ တူညီတဲ့ အေရအတြက္လည္း ျဖစ္ခဲ့တယ္။ ဥေရာပရဲ႕ အေကာင္းဆံုး စံခ်ိန္ဆိုရင္ေတာ့ ၁၉၉၄ ခုႏွစ္က ေအးဂ်က္တင္ထားတဲ့ မွတ္တမ္းကို လိုက္မွီဖို႔ clean sheet ၂ ပြဲပဲ လိုအပ္မွာျဖစ္တယ္။

ကမၻာအဆင့္မွာေတာ့ လြန္ခဲ့တဲ့ ႏွစ္ ၂၀ က တူနီးရွားကလပပ္ဟာ clean sheet ၁၀ ပြဲဆက္တိုက္ ရခဲ့ဖူးပါတယ္။ ဒါေၾကာင့္ ရိန္းဂ်ားအေနနဲ႔ လာမယ့္ Hibs, Motherwell နဲ႔ Ross County တို႔ကို အႏုိင္ရမယ္ဆိုရင္ ကမၻာအေကာင္းဆံုး ခံစစ္တံတိုင္းမွတ္တမ္းကို ေက်ာ္ျဖတ္သြားႏုိင္မွာျဖစ္တယ္။

စတီဗင္ဂ်ရတ္ဟာ သူ႔ရဲ႕ မန္ေနဂ်ာဘဝ တတိယေျမာက္ရာသီကို စတင္ ေက်ာ္ျဖတ္လာေနျပီျဖစ္ကာ စေကာ္တလန္လိဂ္ကို ၉ ရာသီၾကာ လႊမ္းမိုးထားတဲ့ ဆဲလ္တစ္ရဲ႕ လႊမ္းမိုးမႈကို ေဖာက္ထြက္ဖို႔ ၾကိဳးစားေနပါျပီ။ ဒီရာသီမွာ ရိန္းဂ်ားနဲ႔အတူ ဆုဖလား ေအာင္ျမင္ဖို႔ကေတာ့ စံခ်ိန္ေတြထက္ ဂ်ရတ္ ပိုေမွ်ာ္လင့္ေနတဲ့ ကိစၥၾကီးပဲ ျဖစ္ေနပါလိမ့္မယ္။