လီဗာပူးအသင်းဟာ ၁၇ နှစ်သား ဘရာဇီး ဂိုးသမားလေး Marcelo Pitaluga ကို ပေါင် ၇ သိန်းနဲ့ အပြီးသတ် ခေါ်ယူခဲ့ပြီဖြစ်ကြောင်းကို The Athletic သတင်းထောက် James Pearce က ထုတ်ပြောလိုက်ပါတယ်။

ဒီအပတ်မှာပဲ လီဗာပူးအသင်းကို ရောက်လာမယ့် ဂိုးသမားလေးက ဒီနွေအတွက် လီဗာပူးရဲ့ ဒုတိယမြောက် လက်မှတ်ထိုးမှု ဖြစ်လာပါမယ်။ သူဟာ ဘရာဇီးမှာ ယူ-၁၇ အဆင့်ထိ ကိုယ်စားပြုခဲ့ကာ မကြာခင်မှာ ယူ-၂၀ အသင်းအတွက်လည်း ရွေးချယ်ခံရမယ့်သူအဖြစ် အထင်ကြီးခြင်း ခံနေရသူဖြစ်တယ်။

စုစုပေါင်း ကုန်ကျစရိတ်က ပေါင် ၁.၈ သန်းဖြစ်ကာ အနာဂတ် ရောင်းချမှုကနေ ၂၅% ခံစားခွင့်ကို မိခင်ကလပ် ဖလူမီနက်စ်အသင်းကို ပေးရပါမယ်။ ယူ-၁၇ ကမ္ဘာဖလားပြိုင်ပွဲမှာ ဘရာဇီးအသင်း အနိုင်ရခဲ့စဉ် လက်စွမ်းပြခဲ့တဲ့ လူငယ်လေးကို လီဗာပူးဂိုးနည်းပြ အက်ချ်တာဘက်ရဲ့ တောင်းဆိုမှုအရ အသင်းက ခေါ်ယူခဲ့ခြင်းဖြစ်တယ်။

ဒီခေါ်ယူမှုကို အယ်လီဆန်ကလည်း ထောက်ခံခဲ့ပြီး Pitaluga က ဂျာမနီပစ်ပိုစ့် ကိုင်ဆောင်ထာတာကြောင့် အင်္ဂလန်ကို ရောက်လာခဲ့ရင်လည်း အလုပ်ပါမစ် ရမှာဖြစ်တယ်။ ဒါ့အပြင် ဖလူမီနက်စ်ရဲ့ ဘဏ္ဍာရေးအခက်တွေ့မှုကြောင့် မိုင်ကယ်အတ်ဝတ်နဲ့ ဆွေးနွေးမှုက မျှော်လင့်ထားတာထက် ပိုမြန်ဆန်ခဲ့ပါတယ်။

လီဗာပူးဘက်က ဂျာမနီ ဂိုးသမား ကားရီးယက်စ်ကို ပေါင် ၆ သန်းဖြင့် ရောင်းထုတ်ဖို့ ကြိုးစားနေပေမယ့် ကမ်းလှမ်းမယ့်အသင်း မရှိသေးခြင်းနဲ့အတူ အဆင်မပြေသေးပါဘူး။ ဝဲလ်ဆန်၊ ဂရုဂျစ်၊ ဘရူးစတားတို့ရဲ့ အပြောင်းအရွှေ့ ကိစ္စတွေကလည်း ဆက်လက် လုပ်ဆောင်နေဆဲဖြစ်တယ်။

ဒါပေမယ့်လို့ လီဗာပူးဟာ စီနီယာအဆင့်အတွက် ခံစစ်မှူးတစ်ဦး၊ တောင်ပံသမား တစ်ဦးတို့ကို ခေါ်ယူဖို့တော့ ကြိုးစားနေဆဲဖြစ်တယ်။ ဈေးကွက်ထဲကနေ ခေါ်ယူမှု ၂ ခုလောက် လုပ်ဆောင်သွားဖို့ ရှိဦးမယ်လို့ The Athletic က ဖော်ပြခဲ့ပြီး အယ်ကန်တာရာအတွက် တရားဝင် စကားပြောမှုကတော့ မရှိသေးပါဘူး။

ZAWGYI

လီဗာပူးအသင္းဟာ ၁၇ ႏွစ္သား ဘရာဇီး ဂိုးသမားေလး Marcelo Pitaluga ကို ေပါင္ ၇ သိန္းနဲ႔ အျပီးသတ္ ေခၚယူခဲ့ျပီျဖစ္ေၾကာင္းကို The Athletic သတင္းေထာက္ James Pearce က ထုတ္ေျပာလိုက္ပါတယ္။

ဒီအပတ္မွာပဲ လီဗာပူးအသင္းကို ေရာက္လာမယ့္ ဂိုးသမားေလးက ဒီေႏြအတြက္ လီဗာပူးရဲ႕ ဒုတိယေျမာက္ လက္မွတ္ထိုးမႈ ျဖစ္လာပါမယ္။ သူဟာ ဘရာဇီးမွာ ယူ-၁၇ အဆင့္ထိ ကိုယ္စားျပဳခဲ့ကာ မၾကာခင္မွာ ယူ-၂၀ အသင္းအတြက္လည္း ေရြးခ်ယ္ခံရမယ့္သူအျဖစ္ အထင္ၾကီးျခင္း ခံေနရသူျဖစ္တယ္။

စုစုေပါင္း ကုန္က်စရိတ္က ေပါင္ ၁.၈ သန္းျဖစ္ကာ အနာဂတ္ ေရာင္းခ်မႈကေန ၂၅% ခံစားခြင့္ကို မိခင္ကလပ္ ဖလူမီနက္စ္အသင္းကို ေပးရပါမယ္။ ယူ-၁၇ ကမၻာဖလားျပိဳင္ပြဲမွာ ဘရာဇီးအသင္း အႏုိင္ရခဲ့စဥ္ လက္စြမ္းျပခဲ့တဲ့ လူငယ္ေလးကို လီဗာပူးဂိုးနည္းျပ အက္ခ်္တာဘက္ရဲ႕ ေတာင္းဆိုမႈအရ အသင္းက ေခၚယူခဲ့ျခင္းျဖစ္တယ္။

ဒီေခၚယူမႈကို အယ္လီဆန္ကလည္း ေထာက္ခံခဲ့ျပီး Pitaluga က ဂ်ာမနီပစ္ပိုစ့္ ကိုင္ေဆာင္ထာတာေၾကာင့္ အဂၤလန္ကို ေရာက္လာခဲ့ရင္လည္း အလုပ္ပါမစ္ ရမွာျဖစ္တယ္။ ဒါ့အျပင္ ဖလူမီနက္စ္ရဲ႕ ဘ႑ာေရးအခက္ေတြ႔မႈေၾကာင့္ မိုင္ကယ္အတ္ဝတ္နဲ႔ ေဆြးေႏြးမႈက ေမွ်ာ္လင့္ထားတာထက္ ပိုျမန္ဆန္ခဲ့ပါတယ္။

လီဗာပူးဘက္က ဂ်ာမနီ ဂိုးသမား ကားရီးယက္စ္ကို ေပါင္ ၆ သန္းျဖင့္ ေရာင္းထုတ္ဖို႔ ၾကိဳးစားေနေပမယ့္ ကမ္းလွမ္းမယ့္အသင္း မရွိေသးျခင္းနဲ႔အတူ အဆင္မေျပေသးပါဘူး။ ဝဲလ္ဆန္၊ ဂရုဂ်စ္၊ ဘရူးစတားတို႔ရဲ႕ အေျပာင္းအေရႊ႔ ကိစၥေတြကလည္း ဆက္လက္ လုပ္ေဆာင္ေနဆဲျဖစ္တယ္။

ဒါေပမယ့္လို႔ လီဗာပူးဟာ စီနီယာအဆင့္အတြက္ ခံစစ္မွဴးတစ္ဦး၊ ေတာင္ပံသမား တစ္ဦးတို႔ကို ေခၚယူဖို႔ေတာ့ ၾကိဳးစားေနဆဲျဖစ္တယ္။ ေစ်းကြက္ထဲကေန ေခၚယူမႈ ၂ ခုေလာက္ လုပ္ေဆာင္သြားဖို႔ ရွိဦးမယ္လို႔ The Athletic က ေဖာ္ျပခဲ့ျပီး အယ္ကန္တာရာအတြက္ တရားဝင္ စကားေျပာမႈကေတာ့ မရွိေသးပါဘူး။