ဆာလက်ကို ဘာစီလိုနာက ခေါ်ယူလိုနေတဲ့ သတင်းတွေ စတင် ထွက်ပေါ်လာနေပြီး ဒီသတင်းကိုတော့ ဘာစီလိုနာမန်နေဂျာ ကိုးမန်းရဲ့ အရင်းနှီးဆုံး သူငယ်ချင်းဖြစ်သူ Sjaak Swart က ထုတ်ပြောခဲ့တာ ဖြစ်ပါတယ်။

ကိုးမန်းဟာ ဘာစီလိုနာကို ပြန်လည် တည်ဆောက်ဖို့ ပြင်ဆင်နေပြီး ဒီနွေမှာတော့ ဆာလက်ကို ခေါ်ယူဦးမှာ မဟုတ်ပါဘူး။ ဒါပေမယ့်လို့ ဘာစီလိုနာ မန်နေဂျာအဖြစ် သက်တမ်းရှည်လိုရင် အောင်မြင်မှုတွေ ရယူရမယ်ဆိုတာ နားလည်ထားတဲ့ ကိုးမန်းဟာ ဒီရာသီမှာ ကစားသမား ရှင်းထုတ်မှုတွေကို ဦးစားပေးပြီး နောက်နှစ်မှာတော့ ဆာလက်က သူ့ရဲ့ ပစ်မှတ်ထဲ ပါဝင်လာမှာပါ။

အေဂျက်သမိုင်းမှာ ကလပ်အတွက် ပွဲအများဆုံး ကစားပေးထားခဲ့သူ Swart က ဆာလက်ကို ကိုးမန်းက အတော်လေး နှစ်သက်ကြောင်းကို လူသိထင်ရှား ထုတ်ဖော်ခဲ့တယ်။ သူကပဲ ‘ ကိုးမန်းက ဆာလက်ကို ရလိုပါတယ်။ ဆာလက်ကလည်း ဘာစီလိုနာကို ပြောင်းခွင့်ကို ရလိုတယ်ဆိုတာ ကျနော် သိထားတယ် ‘ ပြောပါတယ်။

မေးခွန်းတွေရဲ့ အဓိကကျတဲ့ ကိစ္စအဖြစ် ဒီသတင်းကို ဘယ်ကရသလဲ ဘယ်သူက ပေးသလဲလို့ မေးခွန်းထုတ်ခံရချိန်မှာ Swart က ‘ ကျနော် မပြောပြနိုင်ပါဘူး။ ပိုမို တိကျတဲ့ သတင်းအချက်အလက်တွေကို ပေးသွားမှာလည်း မဟုတ်ပါဘူး။ ကျနော် ပြောတာကိုပဲ ခင်ဗျားတို့ ယုံကြည်ထားလိုက်ပါ ‘ လို့ ဆိုခဲ့တာဖြစ်တယ်။

ယာဂင်ကလော့ပ်ဟာ ၂၀၁၈ ခုနှစ်တုန်းက ကော်တင်ညိုကို လက်လွတ်ပြီး နောက်ပိုင်းမှာ ကစားသမားသစ် ခေါ်ယူရေးထက် အဓိက ကစားသမားတွေကို ဆက်ထိန်းဖို့ကိုပဲ ဦးစားပေးအဖြစ် ရွေးချယ်ခဲ့တယ်။ ဆာလက်နဲ့ မာနေးတို့ ထွက်ခွာမယ့် သတင်းတွေ ဆက်တိုက် ထွက်လာပေမယ့် အမ်ဘတ်ပီနဲ့ လီဗာပူးသတင်းတွေကလည်း ဒီရက်တွေထဲ ထွက်ပေါ်နေသေးတာ ဖြစ်ပါတယ်။

ZAWGYI

ဆာလက္ကို ဘာစီလိုနာက ေခၚယူလိုေနတဲ့ သတင္းေတြ စတင္ ထြက္ေပၚလာေနျပီး ဒီသတင္းကိုေတာ့ ဘာစီလိုနာမန္ေနဂ်ာ ကိုးမန္းရဲ႕ အရင္းႏွီးဆံုး သူငယ္ခ်င္းျဖစ္သူ Sjaak Swart က ထုတ္ေျပာခဲ့တာ ျဖစ္ပါတယ္။

ကိုးမန္းဟာ ဘာစီလိုနာကို ျပန္လည္ တည္ေဆာက္ဖို႔ ျပင္ဆင္ေနျပီး ဒီေႏြမွာေတာ့ ဆာလက္ကို ေခၚယူဦးမွာ မဟုတ္ပါဘူး။ ဒါေပမယ့္လို႔ ဘာစီလိုနာ မန္ေနဂ်ာအျဖစ္ သက္တမ္းရွည္လိုရင္ ေအာင္ျမင္မႈေတြ ရယူရမယ္ဆိုတာ နားလည္ထားတဲ့ ကိုးမန္းဟာ ဒီရာသီမွာ ကစားသမား ရွင္းထုတ္မႈေတြကို ဦးစားေပးျပီး ေနာက္ႏွစ္မွာေတာ့ ဆာလက္က သူ႔ရဲ႕ ပစ္မွတ္ထဲ ပါဝင္လာမွာပါ။

ေအဂ်က္သမိုင္းမွာ ကလပ္အတြက္ ပြဲအမ်ားဆံုး ကစားေပးထားခဲ့သူ Swart က ဆာလက္ကို ကိုးမန္းက အေတာ္ေလး ႏွစ္သက္ေၾကာင္းကို လူသိထင္ရွား ထုတ္ေဖာ္ခဲ့တယ္။ သူကပဲ ‘ ကိုးမန္းက ဆာလက္ကို ရလိုပါတယ္။ ဆာလက္ကလည္း ဘာစီလိုနာကို ေျပာင္းခြင့္ကို ရလိုတယ္ဆိုတာ က်ေနာ္ သိထားတယ္ ‘ ေျပာပါတယ္။

ေမးခြန္းေတြရဲ႕ အဓိကက်တဲ့ ကိစၥအျဖစ္ ဒီသတင္းကို ဘယ္ကရသလဲ ဘယ္သူက ေပးသလဲလို႔ ေမးခြန္းထုတ္ခံရခ်ိန္မွာ Swart က ‘ က်ေနာ္ မေျပာျပႏုိင္ပါဘူး။ ပိုမို တိက်တဲ့ သတင္းအခ်က္အလက္ေတြကို ေပးသြားမွာလည္း မဟုတ္ပါဘူး။ က်ေနာ္ ေျပာတာကိုပဲ ခင္ဗ်ားတို႔ ယံုၾကည္ထားလိုက္ပါ ‘ လို႔ ဆိုခဲ့တာျဖစ္တယ္။

ယာဂင္ကေလာ့ပ္ဟာ ၂၀၁၈ ခုႏွစ္တုန္းက ေကာ္တင္ညိဳကို လက္လြတ္ျပီး ေနာက္ပိုင္းမွာ ကစားသမားသစ္ ေခၚယူေရးထက္ အဓိက ကစားသမားေတြကို ဆက္ထိန္းဖို႔ကိုပဲ ဦးစားေပးအျဖစ္ ေရြးခ်ယ္ခဲ့တယ္။ ဆာလက္နဲ႔ မာေနးတို႔ ထြက္ခြာမယ့္ သတင္းေတြ ဆက္တိုက္ ထြက္လာေပမယ့္ အမ္ဘတ္ပီနဲ႔ လီဗာပူးသတင္းေတြကလည္း ဒီရက္ေတြထဲ ထြက္ေပၚေနေသးတာ ျဖစ္ပါတယ္။