ဗရမ်းပတာဖြစ်ရပ်တွေနဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲကို ပြီးဆုံးတဲ့နောက် မန်နေဂျာကလော့ပ်က ခံစစ်ပိုင်းမှာ တိုတက်လာဖို့ ရှိနေပါသေးတယ်ဆိုပြီး ကာကွယ်ပြောဆိုမှုနဲ့အတူ ခံစစ်ဟာ ညံ့ဖျင်းခဲ့တာကို ဝန်ခံခဲ့ပါတယ်။

ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ခံစစ်တန်းက ဘာလို့များ ထောက်ပြခံရမှုတွေ ရှိလာရတာလဲ။ အဲ့တာကတော့ အချက်အလက်တွေက စကားပြောလာလို့ပဲ ဖြစ်ပါတယ်။

၂၀၁၉-၂၀၂၀ ဘောလုံးရာသီမှာ လီဗာပူးအသင်း ပရီးမီးယားလိဂ်ကို စိန်ခေါ်ဖို့ အဓိက အထောက်ပံ့ဖြစ်ခဲ့တာက ကျစ်လစ်တဲ့ ခံစစ်ကြောင်းပဲဖြစ်ပါတယ်။ လီဗာပူးက clean sheet တွေကို ပွဲပေါင်းများစွာ ထိန်းသိမ်းသလို ကျဉ်းမြောင်းတဲ့ ရလဒ်တွေဖြင့် အနိုင်သုံးမှတ်ကို ရယူပြီး မန်စီးတီးရဲ့ ရှေ့ကနေ ဦးဆောင်ခဲ့တယ်။

လီဗာပူးက နည်းစနစ်ပိုင်း ဟန်ချက်ညီခဲ့ပြီး ဘောလုံး ထိန်းချုပ်နိုင်စွမ်းတွေမှာ ကောင်းခဲ့ပါတယ်။ ဒါပေမယ့်လို့ ပရီးမီးယားလိဂ် အဖွင့် ၂၆ ပွဲမှာ ပေးဂိုး ၁၅ ဂိုးပဲ ရှိခဲ့ကာ တစ်ပွဲပျှမ်းမျှ ဂိုးပေးနှုန်း ဝ.၅၈ ပဲရှိတဲ့ လီဗာပူးက လက်ကျန် ၁၂ ပွဲနဲ့ လိဒ်ယူနိုက်တက်ပွဲအပါမှာ ပေးဂိုး ၂၁ ဂိုးထိ ရှိလာပါတယ်။ တစ်ပွဲပျှမ်းမျှ ဂိုးပေးရနှုန်းက ၁.၆၂ ထိ ရောက်လာခဲ့ပါတယ်။

ဒါတင်ပဲ မဟုတ်ပါဘူး။ အန်ဖီးမှာ ယှဉ်ပြိုင်တဲ့ လီဗာပူးနဲ့ လိဒ်ယူနိုက်တက်ပွဲမှာ အသင်းက ပိုင်ဆိုင်မှု ၄၈% ပဲ ရခဲ့ပြီး လိဒ်က ၅၂% ထိ ရခဲ့တာဖြစ်တယ်။ ပေးမှုမှာလည်း သူတို့က ၄၆၀ ထိ လုပ်ခဲ့ပေမယ့် အသင်းက ၄၂၃ ကြိမ်ပဲ လုပ်နိုင်ခဲ့ပါတယ်။ ကစားကွက်တည်ဆောက်မှုတွေမှာ ခံစစ်တန်းကို အားပြုတဲ့ လီဗာပူးရဲ့ ခံစစ်ကနေ ပေးမှုပိုင်းကလည်း ကျဆင်းလာခဲ့တယ်။

ဒီအချက်အလက်တွေက ဘာတွေကို ပြောနေလဲဆိုရင် လီဗာပူးခံစစ်ဟာ လိဒ်နဲ့ပွဲမှပဲာ ခြေစွမ်းကျခဲ့ခြင်း မဟုတ်ပါဘူး။ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ဖို့ နီးစပ်ခဲ့ချိန် (သို့) သေချာသလောက် ဖြစ်ခဲ့ချိန်ကစပြီး ခံစစ်ရဲ့ စွမ်းဆောင်နိုင်စွမ်း ဆက်တိုက် ကျဆင်းလာခဲ့တယ်။ ဒီရာသီစမှာတော့ ပြိုင်ဘက်ကတောင် လီဗာပူးကို လွှမ်းမိုး ကစားနိုင်တဲ့ထိ ဖြစ်ခဲ့တယ်လို့ ဆိုလိုတာဖြစ်ပါတယ်။

ဒီအမှားတွေကို ပြုပြင်ရမှာဖြစ်ပြီး လာမယ့် ပွဲတွေဖြစ်တဲ့ ချယ်ဆီး၊ အာဆင်နယ်ပွဲတွေမှာ ပြန်လည် တိုးတက်လာဖို့ မျှော်လင့်ထားပါတယ်။

ZAWGYI

ဗရမ္းပတာျဖစ္ရပ္ေတြနဲ႔ ပရီးမီးယားလိဂ္အဖြင့္ပြဲကို ျပီးဆံုးတဲ့ေနာက္ မန္ေနဂ်ာကေလာ့ပ္က ခံစစ္ပိုင္းမွာ တိုတက္လာဖို႔ ရွိေနပါေသးတယ္ဆိုျပီး ကာကြယ္ေျပာဆိုမႈနဲ႔အတူ ခံစစ္ဟာ ညံ့ဖ်င္းခဲ့တာကို ဝန္ခံခဲ့ပါတယ္။

ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆံုး ခံစစ္တန္းက ဘာလို႔မ်ား ေထာက္ျပခံရမႈေတြ ရွိလာရတာလဲ။ အဲ့တာကေတာ့ အခ်က္အလက္ေတြက စကားေျပာလာလို႔ပဲ ျဖစ္ပါတယ္။

၂၀၁၉-၂၀၂၀ ေဘာလံုးရာသီမွာ လီဗာပူးအသင္း ပရီးမီးယားလိဂ္ကို စိန္ေခၚဖို႔ အဓိက အေထာက္ပံ့ျဖစ္ခဲ့တာက က်စ္လစ္တဲ့ ခံစစ္ေၾကာင္းပဲျဖစ္ပါတယ္။ လီဗာပူးက clean sheet ေတြကို ပြဲေပါင္းမ်ားစြာ ထိန္းသိမ္းသလို က်ဥ္းေျမာင္းတဲ့ ရလဒ္ေတြျဖင့္ အႏုိင္သံုးမွတ္ကို ရယူျပီး မန္စီးတီးရဲ႕ ေရွ႔ကေန ဦးေဆာင္ခဲ့တယ္။

လီဗာပူးက နည္းစနစ္ပိုင္း ဟန္ခ်က္ညီခဲ့ျပီး ေဘာလံုး ထိန္းခ်ဳပ္ႏုိင္စြမ္းေတြမွာ ေကာင္းခဲ့ပါတယ္။ ဒါေပမယ့္လို႔ ပရီးမီးယားလိဂ္ အဖြင့္ ၂၆ ပြဲမွာ ေပးဂိုး ၁၅ ဂိုးပဲ ရွိခဲ့ကာ တစ္ပြဲပွ်မ္းမွ် ဂိုးေပးႏႈန္း ၀.၅၈ ပဲရွိတဲ့ လီဗာပူးက လက္က်န္ ၁၂ ပြဲနဲ႔ လိဒ္ယူႏုိက္တက္ပြဲအပါမွာ ေပးဂိုး ၂၁ ဂိုးထိ ရွိလာပါတယ္။ တစ္ပြဲပွ်မ္းမွ် ဂိုးေပးရႏႈန္းက ၁.၆၂ ထိ ေရာက္လာခဲ့ပါတယ္။

ဒါတင္ပဲ မဟုတ္ပါဘူး။ အန္ဖီးမွာ ယွဥ္ျပိဳင္တဲ့ လီဗာပူးနဲ႔ လိဒ္ယူႏုိက္တက္ပြဲမွာ အသင္းက ပိုင္ဆိုင္မႈ ၄၈% ပဲ ရခဲ့ျပီး လိဒ္က ၅၂% ထိ ရခဲ့တာျဖစ္တယ္။ ေပးမႈမွာလည္း သူတို႔က ၄၆၀ ထိ လုပ္ခဲ့ေပမယ့္ အသင္းက ၄၂၃ ၾကိမ္ပဲ လုပ္ႏုိင္ခဲ့ပါတယ္။ ကစားကြက္တည္ေဆာက္မႈေတြမွာ ခံစစ္တန္းကို အားျပဳတဲ့ လီဗာပူးရဲ႕ ခံစစ္ကေန ေပးမႈပိုင္းကလည္း က်ဆင္းလာခဲ့တယ္။

ဒီအခ်က္အလက္ေတြက ဘာေတြကို ေျပာေနလဲဆိုရင္ လီဗာပူးခံစစ္ဟာ လိဒ္နဲ႔ပြဲမွပဲာ ေျခစြမ္းက်ခဲ့ျခင္း မဟုတ္ပါဘူး။ ပရီးမီးယားလိဂ္ ခ်န္ပီယံ ျဖစ္ဖို႔ နီးစပ္ခဲ့ခ်ိန္ (သို႔) ေသခ်ာသေလာက္ ျဖစ္ခဲ့ခ်ိန္ကစျပီး ခံစစ္ရဲ႕ စြမ္းေဆာင္ႏုိင္စြမ္း ဆက္တိုက္ က်ဆင္းလာခဲ့တယ္။ ဒီရာသီစမွာေတာ့ ျပိဳင္ဘက္ကေတာင္ လီဗာပူးကို လႊမ္းမိုး ကစားႏုိင္တဲ့ထိ ျဖစ္ခဲ့တယ္လို႔ ဆိုလိုတာျဖစ္ပါတယ္။

ဒီအမွားေတြကို ျပဳျပင္ရမွာျဖစ္ျပီး လာမယ့္ ပြဲေတြျဖစ္တဲ့ ခ်ယ္ဆီး၊ အာဆင္နယ္ပြဲေတြမွာ ျပန္လည္ တိုးတက္လာဖို႔ ေမွ်ာ္လင့္ထားပါတယ္။