လီဗာပူးကွင်းလယ်လူ ဂရုဂျစ်ရဲ့ အေးဂျင့်ဖြစ်သူက မာဆေးဆိုဒ်ကလပ်ဟာ ကွင်းလယ်လူကို ထွက်ခွင့်မပေးဘဲ ဆက်ထိန်းထားလိုတာကြောင့် အပြောင်းအရွှေ့တွေ ဖြစ်မလာရခြင်းလို့ ထုတ်ပြောလိုက်ပါတယ်။

ပြီးခဲ့တဲ့ ၂ ရာသီလုံး ဘွန်ဒက်လီဂါကလပ် ဟာသာဘာလင်အသင်းကို အငှားထွက်ခဲ့တဲ့ ဂရုဂျစ်ဟာ လီဗာပူးကို ပြန်ရောက်လာနေသူပါ။ ရာသီကြိုမှာလည်း ပူးပေါင်းခဲ့တဲ့ သူဟာ နွေဈေးကွက်အတွင်း ဂျာမနီလိဂ်ကို အပြီးသတ် ပြောင်းသွားမယ်လို့ ယူဆထားရပေမယ့် အခုချိန်ထိ ဘယ်ကိုမှ ပြောင်းရွှေ့ခြင်း မရှိသေးပါဘူး။

ဈေးကွက်ပိတ်ဖို့ သီတင်းပတ် သုံးပတ်စာလောက်ပဲ ကျန်ရှိချိန်မှာ လီဗာပူးက ဘာတွေလုပ်နေလဲဆိုတာကို မှန်းဆရ ခက်ခဲနေဆဲဖြစ်တယ်။ ဖရန့်ဖတ်၊ မွန်ချန်ဂလာဘတ်၊ အတ္တလန်တာ၊ ပဲလေစ့်နဲ့ အက်စတွန်ဗီလာတို့က စိတ်ဝင်စားမှု ပြသခြင်း ခံခဲ့ရတဲ့ ဂရုဂျစ်ဟာ ရောင်းထုတ်ခံရမယ့် သတင်းတွေ ထွက်နေပေမယ့်လည်း လီဗာပူးမှာသာ ဆက်ရှိနေတယ်။

ဂရုဂျစ်ရဲ့ အေးဂျင့်ဖြစ်သူ Ramadani က ပြောရာမှာ “ လီဗာပူးက ဂရုဂျစ်ကို ဆက်ထိန်းထားလိုတယ်။ သူ့ကို ထွက်ခွင့်ပေးရင်တောင် ဇန်နဝါရီလလောက်မှ ဖြစ်နိုင်ပါလိမ့်မယ် ” လို့ ဂျာမာန်သတင်းဌာနဲ့ အင်တာဗျူးမှာ ဝန်ခံသွားတာဖြစ်တယ်။

လီဗာပူးအသင်းဟာ နွေမှာ ကစားသမား ရောင်းထုတ်မှုတွေ လုပ်ပြီးမှ ကစားသမားသစ် ခေါ်နိုင်မယ်လို့ သတင်းထွက်ပေမယ့် အခုသတင်းအရတော့ ပြောင်းပြန်ဖြစ်နေပါတယ်။ ဂရုဂျစ်ဟာ ဘွန်ဒက်လီဂါကလပ်တွေက ကမ်းလှမ်းမှုရပေမယ့် မထွက်ဖြစ်သေးခြင်းကြောင့် လီဗာပူးက ဆက်ထိန်းထားလိုတယ်ဆိုတဲ့ အေးဂျင့်ရဲ့ စကားက မှန်တယ်လို့ ယူဆနိုင်စရာ ရှိပါတယ်။

ZAWGYI

လီဗာပူးကြင္းလယ္လူ ဂရုဂ်စ္ရဲ႕ ေအးဂ်င့္ျဖစ္သူက မာေဆးဆိုဒ္ကလပ္ဟာ ကြင္းလယ္လူကို ထြက္ခြင့္မေပးဘဲ ဆက္ထိန္းထားလိုတာေၾကာင့္ အေျပာင္းအေရႊ႔ေတြ ျဖစ္မလာရျခင္းလို႔ ထုတ္ေျပာလိုက္ပါတယ္။

ျပီးခဲ့တဲ့ ၂ ရာသီလံုး ဘြန္ဒက္လီဂါကလပ္ ဟာသာဘာလင္အသင္းကို အငွားထြက္ခဲ့တဲ့ ဂရုဂ်စ္ဟာ လီဗာပူးကို ျပန္ေရာက္လာေနသူပါ။ ရာသီၾကိဳမွာလည္း ပူးေပါင္းခဲ့တဲ့ သူဟာ ေႏြေစ်းကြက္အတြင္း ဂ်ာမနီလိဂ္ကို အျပီးသတ္ ေျပာင္းသြားမယ္လို႔ ယူဆထားရေပမယ့္ အခုခ်ိန္ထိ ဘယ္ကိုမွ ေျပာင္းေရႊ႔ျခင္း မရွိေသးပါဘူး။

ေစ်းကြက္ပိတ္ဖို႔ သီတင္းပတ္ သံုးပတ္စာေလာက္ပဲ က်န္ရွိခ်ိန္မွာ လီဗာပူးက ဘာေတြလုပ္ေနလဲဆိုတာကို မွန္းဆရ ခက္ခဲေနဆဲျဖစ္တယ္။ ဖရန္႔ဖတ္၊ မြန္ခ်န္ဂလာဘတ္၊ အတၱလန္တာ၊ ပဲေလစ့္နဲ႔ အက္စတြန္ဗီလာတို႔က စိတ္ဝင္စားမႈ ျပသျခင္း ခံခဲ့ရတဲ့ ဂရုဂ်စ္ဟာ ေရာင္းထုတ္ခံရမယ့္ သတင္းေတြ ထြက္ေနေပမယ့္လည္း လီဗာပူးမွာသာ ဆက္ရွိေနတယ္။

ဂရုဂ်စ္ရဲ႕ ေအးဂ်င့္ျဖစ္သူ Ramadani က ေျပာရာမွာ “ လီဗာပူးက ဂရုဂ်စ္ကို ဆက္ထိန္းထားလိုတယ္။ သူ႔ကို ထြက္ခြင့္ေပးရင္ေတာင္ ဇန္နဝါရီလေလာက္မွ ျဖစ္ႏုိင္ပါလိမ့္မယ္ ” လို႔ ဂ်ာမာန္သတင္းဌာနဲ႔ အင္တာဗ်ဴးမွာ ဝန္ခံသြားတာျဖစ္တယ္။

လီဗာပူးအသင္းဟာ ေႏြမွာ ကစားသမား ေရာင္းထုတ္မႈေတြ လုပ္ျပီးမွ ကစားသမားသစ္ ေခၚႏုိင္မယ္လို႔ သတင္းထြက္ေပမယ့္ အခုသတင္းအရေတာ့ ေျပာင္းျပန္ျဖစ္ေနပါတယ္။ ဂရုဂ်စ္ဟာ ဘြန္ဒက္လီဂါကလပ္ေတြက ကမ္းလွမ္းမႈရေပမယ့္ မထြက္ျဖစ္ေသးျခင္းေၾကာင့္ လီဗာပူးက ဆက္ထိန္းထားလိုတယ္ဆိုတဲ့ ေအးဂ်င့္ရဲ႕ စကားက မွန္တယ္လို႔ ယူဆႏုိင္စရာ ရွိပါတယ္။