လီဗာပူးအသင်းရဲ့ အပြောင်းအရွှေ့ဆိုင်ရာ လှုပ်ရှားမှုတွေနဲ့ ပက်သက်တဲ့ နောက်ဆုံးရ သတင်းတွေကို ဖော်ပြမှာဖြစ်ပါတယ်။

လီဗာပူးကစားသမားသစ် ဖြစ်လာမယ့် ဘရာဇီးဂိုးသမား Pitagula ဟာ ဗြိတိန်ကို လာနေပြီဖြစ်ပါတယ်။ သူ့ကို ကနဦး ပေါင် ၇ သိန်းပဲ ပေးရပေမယ့် အပြီးသတ်ကတော့ ပေါင် ၁.၈ သန်းထိ ရောက်ရှိမှာဖြစ်ကာ အနာဂတ် အပြောင်းအရွှေ့ရဲ့ ၂၅% ခံစားခွင့်အား ဖလူမီနက်စ်ကို ပေးဖို့ လီဗာပူးဘက်က သဘောတူထားပါတယ်။

လီဗာပူးအသင်းဟာ သီယေဂို အယ်ကန်တာရာကို ဈေးကွက် နောက်ဆုံးအချိန်မှ ကမ်းလှမ်းမယ်ဆိုတဲ့ သတင်းတွေ ပိုမို ခိုင်မာလာပါတယ်။ လီဗာပူးကို ပြောင်းဖို့က သီယေဂိုရဲ့ ဦးစားပေး ရွေးချယ်မှုဖြစ်ကာ စပိန်သားရဲ့ ကိုယ်စားလှယ်ကလည်း လီဗာပူးကို ပြောင်းဖို့ကိုပဲ အဓိကအဖြစ် ရွေးချယ်ဖို့ ကစားသမားကို အကြံပေး တိုက်တွန်းထားတယ်။ ဈေးကွက် နောက်ဆုံး အချိန်ကို ရွေးချယ်ရခြင်းက ဘိုင်ယန်ဘက်က ဈေးကို ထပ်ကစားဖို့ အချိန်မရှိဖို့နဲ့ ဖြစ်နိုင်မယ်ဆိုရင် ယူရို သန်း ၃၀ ဆိုတဲ့ ပမာဏကို လျော့ချဖို့လို့ ယူဆရပါတယ်။

ကွင်းလယ်လူ ဂရုဂျစ်ကို လီဗာပူးဘက်က ထွက်ခွာခွင့် မပေးဘူးလို့ ကစားသမားရဲ့ အေးဂျင့်က အတည်ပြုပါတယ်။ အေးဂျင့်ဖြစ်သူကတော့ လီဗာပူးဟာ ဇန်နဝါရီလောက်မှပဲ ဂရုဂျစ်ကို ပေးထွက်မယ့် သဘောရှိတယ်လို့ ဆိုပါတယ်။

ဆွစ်ဇလန်ကွင်းလယ်လူ ဇာကာရီရာကို လီဗာပူးက စိတ်ဝင်စားလာနေပေမယ့် ဒီနွေမှာတော့ ခေါ်ယူမှု လုပ်မှာ မဟုတ်ပါဘူး။ ကစားသမားဟာ ဂလာဘတ်နဲ့ ၂၀၂၂ ခုနှစ်ထိပဲ စာချုပ်ရှိခြင်းဖြစ်ကာ နောက်နှစ် နွေမှတော့ာ ကမ်းလှမ်းလာမယ့် ကလပ်တွေကို ဂလာဘတ်က လက်ခံစကားပြောပေးမှာ ဖြစ်ပါတယ်။

ကိုးမန်းရဲ့ အရင်းနှီးဆုံး သူငယ်ချင်းဖြစ်သူ Swart က တိုက်စစ်မှူးဆာလက်ကို ဘာစီလိုနာက ခေါ်ယူလိုနေတယ်လို့ ထုတ်ပြောလိုက်ပါတယ်။ အစောပိုင်းမှာ မာနေးကို ဘာစီလိုနာက စောင့်ကြည့်နေကြောင်း သတင်းတွေ ထွက်ပေးမယ့် Swart က ဆာလက်ကပဲ ဘာစီလိုနာရဲ့ ဦးစားပေးထဲ ပါဝင်တယ်လို့ အခိုင်အမာ ပြောဆိုပါတယ်။

နာမည်ကျော် The Athletic သတင်းဌာနကတော့ ဒီဈေးကွက် မပိတ်ခင်မှာ လီဗာပူးက ဗဟိုခံစစ်မှူးနဲ့ တောင်ပံတိုက်စစ်သမား တစ်ဦးကို ခေါ်ယူဖို့ ကြိုးစားနေဆဲလို့ ဖွင့်ချသွားပါတယ်။

ချယ်ဆီးကစားသမားဟောင်း ကာစကာရီနိုက လီဗာပူးအသင်းဟာ ပဲလေစ့် တိုက်စစ်သမား ဇာဟာကို ခေါ်ယူသင့်တယ်လို့ အကြံပေးသွားပါတယ်။ မြန်နှုန်းကောင်းတဲ့ တိုက်စစ်သမားက အန်ဖီးမှာ အံဝင်လိမ့်မယ်လို့ သူက ယုံကြည်နေပါတယ်။

ZAWGYI

လီဗာပူးအသင္းရဲ႕ အေျပာင္းအေရႊ႔ဆိုင္ရာ လႈပ္ရွားမႈေတြနဲ႔ ပက္သက္တဲ့ ေနာက္ဆံုးရ သတင္းေတြကို ေဖာ္ျပမွာျဖစ္ပါတယ္။

လီဗာပူးကစားသမားသစ္ ျဖစ္လာမယ့္ ဘရာဇီးဂိုးသမား Pitagula ဟာ ျဗိတိန္ကို လာေနျပီျဖစ္ပါတယ္။ သူ႔ကို ကနဦး ေပါင္ ၇ သိန္းပဲ ေပးရေပမယ့္ အျပီးသတ္ကေတာ့ ေပါင္ ၁.၈ သန္းထိ ေရာက္ရွိမွာျဖစ္ကာ အနာဂတ္ အေျပာင္းအေရႊ႔ရဲ႕ ၂၅% ခံစားခြင့္အား ဖလူမီနက္စ္ကို ေပးဖို႔ လီဗာပူးဘက္က သေဘာတူထားပါတယ္။

လီဗာပူးအသင္းဟာ သီေယဂို အယ္ကန္တာရာကို ေစ်းကြက္ ေနာက္ဆံုးအခ်ိန္မွ ကမ္းလွမ္းမယ္ဆိုတဲ့ သတင္းေတြ ပိုမို ခိုင္မာလာပါတယ္။ လီဗာပူးကို ေျပာင္းဖို႔က သီေယဂိုရဲ႕ ဦးစားေပး ေရြးခ်ယ္မႈျဖစ္ကာ စပိန္သားရဲ႕ ကိုယ္စားလွယ္ကလည္း လီဗာပူးကို ေျပာင္းဖို႔ကိုပဲ အဓိကအျဖစ္ ေရြးခ်ယ္ဖို႔ ကစားသမားကို အၾကံေပး တိုက္တြန္းထားတယ္။ ေစ်းကြက္ ေနာက္ဆံုး အခ်ိန္ကို ေရြးခ်ယ္ရျခင္းက ဘိုင္ယန္ဘက္က ေစ်းကို ထပ္ကစားဖို႔ အခ်ိန္မရွိဖို႔နဲ႔ ျဖစ္ႏုိင္မယ္ဆိုရင္ ယူရို သန္း ၃၀ ဆိုတဲ့ ပမာဏကို ေလ်ာ့ခ်ဖို႔လို႔ ယူဆရပါတယ္။

ကြင္းလယ္လူ ဂရုဂ်စ္ကို လီဗာပူးဘက္က ထြက္ခြာခြင့္ မေပးဘူးလို႔ ကစားသမားရဲ႕ ေအးဂ်င့္က အတည္ျပဳပါတယ္။ ေအးဂ်င့္ျဖစ္သူကေတာ့ လီဗာပူးဟာ ဇန္နဝါရီေလာက္မွပဲ ဂရုဂ်စ္ကို ေပးထြက္မယ့္ သေဘာရွိတယ္လို႔ ဆိုပါတယ္။

ဆြစ္ဇလန္ကြင္းလယ္လူ ဇာကာရီရာကို လီဗာပူးက စိတ္ဝင္စားလာေနေပမယ့္ ဒီေႏြမွာေတာ့ ေခၚယူမႈ လုပ္မွာ မဟုတ္ပါဘူး။ ကစားသမားဟာ ဂလာဘတ္နဲ႔ ၂၀၂၂ ခုႏွစ္ထိပဲ စာခ်ဳပ္ရွိျခင္းျဖစ္ကာ ေနာက္ႏွစ္ ေႏြမွေတာ့ာ ကမ္းလွမ္းလာမယ့္ ကလပ္ေတြကို ဂလာဘတ္က လက္ခံစကားေျပာေပးမွာ ျဖစ္ပါတယ္။

ကိုးမန္းရဲ႕ အရင္းႏွီးဆံုး သူငယ္ခ်င္းျဖစ္သူ Swart က တိုက္စစ္မွဴးဆာလက္ကို ဘာစီလိုနာက ေခၚယူလိုေနတယ္လို႔ ထုတ္ေျပာလိုက္ပါတယ္။ အေစာပိုင္းမွာ မာေနးကို ဘာစီလိုနာက ေစာင့္ၾကည့္ေနေၾကာင္း သတင္းေတြ ထြက္ေပးမယ့္ Swart က ဆာလက္ကပဲ ဘာစီလိုနာရဲ႕ ဦးစားေပးထဲ ပါဝင္တယ္လို႔ အခိုင္အမာ ေျပာဆိုပါတယ္။

နာမည္ေက်ာ္ The Athletic သတင္းဌာနကေတာ့ ဒီေစ်းကြက္ မပိတ္ခင္မွာ လီဗာပူးက ဗဟိုခံစစ္မွဴးနဲ႔ ေတာင္ပံတိုက္စစ္သမား တစ္ဦးကို ေခၚယူဖို႔ ၾကိဳးစားေနဆဲလို႔ ဖြင့္ခ်သြားပါတယ္။

ခ်ယ္ဆီးကစားသမားေဟာင္း ကာစကာရီႏိုက လီဗာပူးအသင္းဟာ ပဲေလစ့္ တိုက္စစ္သမား ဇာဟာကို ေခၚယူသင့္တယ္လို႔ အၾကံေပးသြားပါတယ္။ ျမန္ႏႈန္းေကာင္းတဲ့ တိုက္စစ္သမားက အန္ဖီးမွာ အံဝင္လိမ့္မယ္လို႔ သူက ယံုၾကည္ေနပါတယ္။