လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ် ရုပ်သံကြေး ဖြတ်တောက်ခံရမှုမှာ အခြားမည်သည့် ပရီးမီးယားလိဂ်ကလပ် ထက်မဆို ပိုများလိမ့်မယ်လို့ တယ်လီဂရပ်က ဖော်ပြပါတယ်။

ပရီးမီးယားလိဂ်အသင်းတွေဟာ မနှစ်ကရာသီ ရုပ်သံကြေးတွေကို ရှယ်ယာအလိုက် ပြန်ပေးအပ်ရမှာဖြစ်တယ်။ သုံးလရပ်နားပြီးနောက် ပြန်လည်စတင်တဲ့ ဘောလုံးပွဲတွေအတွက် လိဂ်ဟာ ပေါင် ၃၃၀ သန်း ပြန်ပေးရမှာဖြစ်ကာ ချန်ပီယံ လီဗာပူးက အမြင့်ဆုံးအဖြစ် ပေါင် ၁၇.၃ သန်း ပေးရမှာ ဖြစ်ပါတယ်။

မနှစ်ကရာသီမှာ လီဗာပူးဟာ ပေါင် ၁၆၁.၁ သန်းကို အကျိုးအမြတ်ရမှာဖြစ်ပေမယ့် ဖြတ်တောက်ခံရမှုတွေကြောင့် ပေါင် ၁၄၃.၈ သန်းပဲ ရမှာဖြစ်တယ်။ အစဉ်လိုက်အတိုင်းပဲ မန်စီးတီးကလည်း သူတို့ရမယ့် ပေါင် ၁၅၆.၇ သန်းထဲက ပေါင် ၁၆.၈ သန်း နှုတ်ခံရပြီး ပေါင် ၁၃၉.၉ သန်းပဲ ရမှာဖြစ်ပါတယ်။ ထိုနည်းတူပဲ ယူနိုက်တက်နဲ့ ချယ်ဆီးကနေ အောက်ဆုံး နော်ဝစ်ထိ ဖြတ်တောက်ခံရမှာဖြစ်ပါတယ်။

ယခင်နှစ်တွေက ရုပ်သံလွှင့်ကြေးတွေကို ခွဲဝေပေးရာမှာ ဝင်ငွေအားလုံးရဲ့ ၅၀% ကို အညီအမျှ ခွဲဝေပေးပြီး ၂၅% ကို ပိုမို ထုတ်လွှင့်ခွင့်ရှိတဲ့ ကလပ်တွေအားလည်းကောင်း၊ ၂၅% ကို အဆင့် ရပ်တည်မှုအရလည်းကောင်း ခွဲဝေပေးတာဖြစ်တယ်။

ကပ်ဘေးကာလမှာလည်း စွမ်းဆောင်ရည် အကောင်းဆုံးနဲ့ လိဂ်အဆင့်ရပ်တည်မှု အမြင့်ဆုံး အသင်းက ပြန်သွင်းငွေ အများဆုံးလည်း ဖြစ်လာပါမယ်။

ထိပ်ဆုံးအသင်းတွေက တန်းဆင်းသွားတဲ့ အောက်ဆုံးအသင်းတွေထက် ဖြတ်တောက်ခံရမှု ပိုများခဲ့ကာ လီဗာပူး အပါအဝင် အသင်းကြီးတွေက ၁၀.၇% ဖြတ်တောက်ခံရချိန်မှာ တန်းဆင်းသွားတဲ့ အသင်းတွေက ၇.၅% လောက် ဖြတ်တောက်ခံရတယ်လို့ သိရပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ပရီးမီးယားလိဂ္ ရုပ္သံေၾကး ျဖတ္ေတာက္ခံရမႈမွာ အျခားမည္သည့္ ပရီးမီးယားလိဂ္ကလပ္ ထက္မဆို ပိုမ်ားလိမ့္မယ္လို႔ တယ္လီဂရပ္က ေဖာ္ျပပါတယ္။

ပရီးမီးယားလိဂ္အသင္းေတြဟာ မႏွစ္ကရာသီ ရုပ္သံေၾကးေတြကို ရွယ္ယာအလိုက္ ျပန္ေပးအပ္ရမွာျဖစ္တယ္။ သံုးလရပ္နားျပီးေနာက္ ျပန္လည္စတင္တဲ့ ေဘာလံုးပြဲေတြအတြက္ လိဂ္ဟာ ေပါင္ ၃၃၀ သန္း ျပန္ေပးရမွာျဖစ္ကာ ခ်န္ပီယံ လီဗာပူးက အျမင့္ဆံုးအျဖစ္ ေပါင္ ၁၇.၃ သန္း ေပးရမွာ ျဖစ္ပါတယ္။

မႏွစ္ကရာသီမွာ လီဗာပူးဟာ ေပါင္ ၁၆၁.၁ သန္းကို အက်ိဳးအျမတ္ရမွာျဖစ္ေပမယ့္ ျဖတ္ေတာက္ခံရမႈေတြေၾကာင့္ ေပါင္ ၁၄၃.၈ သန္းပဲ ရမွာျဖစ္တယ္။ အစဥ္လိုက္အတိုင္းပဲ မန္စီးတီးကလည္း သူတို႔ရမယ့္ ေပါင္ ၁၅၆.၇ သန္းထဲက ေပါင္ ၁၆.၈ သန္း ႏႈတ္ခံရျပီး ေပါင္ ၁၃၉.၉ သန္းပဲ ရမွာျဖစ္ပါတယ္။ ထိုနည္းတူပဲ ယူႏုိက္တက္နဲ႔ ခ်ယ္ဆီးကေန ေအာက္ဆုံး ေနာ္ဝစ္ထိ ျဖတ္ေတာက္ခံရမွာျဖစ္ပါတယ္။

ယခင္ႏွစ္ေတြက ရုပ္သံလႊင့္ေၾကးေတြကို ခြဲေဝေပးရာမွာ ဝင္ေငြအားလံုးရဲ႕ ၅၀% ကို အညီအမွ် ခြဲေဝေပးျပီး ၂၅% ကို ပိုမို ထုတ္လႊင့္ခြင့္ရွိတဲ့ ကလပ္ေတြအားလည္းေကာင္း၊ ၂၅% ကို အဆင့္ ရပ္တည္မႈအရလည္းေကာင္း ခြဲေဝေပးတာျဖစ္တယ္။

ကပ္ေဘးကာလမွာလည္း စြမ္းေဆာင္ရည္ အေကာင္းဆံုးနဲ႔ လိဂ္အဆင့္ရပ္တည္မႈ အျမင့္ဆံုး အသင္းက ျပန္သြင္းေငြ အမ်ားဆံုးလည္း ျဖစ္လာပါမယ္။

ထိပ္ဆံုးအသင္းေတြက တန္းဆင္းသြားတဲ့ ေအာက္ဆံုးအသင္းေတြထက္ ျဖတ္ေတာက္ခံရမႈ ပိုမ်ားခဲ့ကာ လီဗာပူး အပါအဝင္ အသင္းၾကီးေတြက ၁၀.၇% ျဖတ္ေတာက္ခံရခ်ိန္မွာ တန္းဆင္းသြားတဲ့ အသင္းေတြက ၇.၅% ေလာက္ ျဖတ္ေတာက္ခံရတယ္လို႔ သိရပါတယ္။