ယူနိုက်တက် ခံစစ်မှူးဟောင်း နဗီးက တနင်္လာနေ့က ပရီးမီးယားလိဂ် ပထမပတ်အတွက် စကိုင်းစပေါ့ကနေ သုံးသပ်မှုမှာ ဆာလက်နဲ့ မာနေးက စီရော်နယ်ဒိုနဲ့ ရွန်နီးတို့လို ကစားသမားတွေဖြစ်တယ်လို့ နှိုင်းယှဉ်လိုက်ပါတယ်။

နဗီးက မာနေးဟာ ရွန်းနီလို အသင်း အနိုင်ရဖို့ အစွမ်းကုန် ကြိုးစားတတ်သူဖြစ်ပြီး ဆာလက်ကတော့ ရော်နယ်ဒိုလို ပွဲကို အပြတ်ဖြတ်ဖို့ တစ်ကိုယ်ကောင်းဆန်ရရင်လည်း သွင်းဂိုးကိုပဲ ဦးတည်သူလို့ ဆိုခဲ့တယ်။ ဒီမတူညီတဲ့ ပေါင်းစပ်မှုဟာ တစ်ဦးကို ကျန်တစ်ဦးက မောင်းနင်နိုင်တယ်လို့ သူက ပြောပါတယ်။

နဗီးက “ ဆာလက်က ခြားနားနေပါတယ်။ သူက ဆံပင်ညှပ်ထားတယ်။ ပိုပိန်သွားတယ်၊ ပိုဆာလောင်တဲ့ပုံ ပေါက်နေတယ်။ သူက ရင့်ကျက်တဲ့ သဘောမှာရှိတယ်။ အမ်ဘတ်ပီက ထူးချွန်ပါတယ်။ နေမာကလည်း ထူးချွန်ပေမယ့် ခြေစွမ်း မငြိမ်ဘူး။ လာမယ့် နှစ်ရာသီလောက်မှာ ကမ္ဘာအကောင်းဆုံး ကစားသမား ဘယ်သူဖြစ်လာမလဲ။ စနေနေ့က ပွဲမှာတော့ ဆာလက်က နောက်ထပ် အဆင့်တစ်ဆင့်မှာကို ရှိနေခဲ့တယ်။

လီဗာပူးပွဲရဲ့ ဒုတိယပိုင်းမှာ ဆာလက်ကို ကြည့်ပြီး ကျနော် တွေးနေမိတယ်။ သူက ဒီလို ကစားသမားပဲ။ သူက တကယ့် ကစားသမားဆိုတာ အားလုံးသိတယ်။ အရင် လေးနှစ်က လီဗာပူးကို သူရောက်လာပြီး ဂိုး ၄၀ ကျော် သွင်းပြတုန်းက ကံကောင်းတာပါပေါ့။ သူဒါမျိုး ထပ်မလုပ်နိုင်ပါဘူးပေါ့။ အဲ့နောက်လည်း သူက နှစ်ရာသီကနေ သုံးရာသီထိ တည်တည်ငြိမ်ငြိမ် လုပ်နေတုန်းပဲ။

မနှစ်တုန်းက လူတိုင်းက ဆာလက်နဲ့ မာနေးကြားမှာ ဘယ်သူပိုကောင်းလဲ အငြင်းပွားကြတယ်။ ဆာလက်နဲ့ မာနေးကြားမှာ စိတ်ဓါတ်ပိုင်း ကွာတယ်ပေါ့။ မာနေးကတော့ လူတိုင်း သဘောကျတဲ့ စရိုက်ရှိတယ်။ ကစားသမားတိုင်း သဘောကျတယ်။ သူကလည်း နေ့တိုင်းမှာ အကောင်းဆုံး ကြိုးစားတယ်။ အသင်းအတွက်ဆိုရင် ကိုယ်ကျိုးမငဲ့ဘူး။

ဆာလက်ကတော့ အခြားတစ်ဘက်ပေါ့။ သူက အသင်းဖော်တွေကို ဘောလုံးမပေးဘဲ တစ်ကိုယ်ကောင်းဆန်ရင် ဆန်ပလိုက်တတ်သူ။ လူနှစ်သက် သိပ်မခံရသူပေါ့။ အသင်းပရိသတ်တွေ၊ အသင်းဖော်တွေ ကိုယ်တိုင်က သဘောမတွေ့တာတွေ ရှိတတ်သူပေါ့။ ဒါပေမယ့် အပြင်လူအဖြစ် မြင်တာကတော့ သူက ကွင်းထဲမှာ ပွဲကို အဆုံးသတ်လိုက်သူပါပဲ။

သူတို့ကို ကြည့်ရတာ ၂၀၀၀ ပြည့်နှစ် အလယ်တွေတုန်းက ရွန်းနီနဲ့ ရော်နယ်ဒိုကို ပြန်မြင်ရသလိုပါပဲ။ သူတို့ နှစ်ဦးကလည်း ဆာလက်နဲ့ မာနေးလိုပါပဲ။ ဆာလက်က ဂိုးပိုသွင်းတာနဲ့ မာနေးက ကစားသမားကောင်း မဟုတ်ခြင်း မဟုတ်ပါဘူး။ မာနေးက ရွန်းနီ ကစားသမားကောင်း တစ်ယောက်ပဲ ဖြစ်ပါတယ်။ ” လို့ ဆိုခဲ့တာဖြစ်တယ်။

ZAWGYI

ယူႏုိက္တက္ ခံစစ္မွဴးေဟာင္း နဗီးက တနလၤာေန႔က ပရီးမီးယားလိဂ္ ပထမပတ္အတြက္ စကိုင္းစေပါ့ကေန သံုးသပ္မႈမွာ ဆာလက္နဲ႔ မာေနးက စီေရာ္နယ္ဒိုနဲ႔ ရြန္နီးတို႔လို ကစားသမားေတြျဖစ္တယ္လို႔ ႏိႈင္းယွဥ္လိုက္ပါတယ္။

နဗီးက မာေနးဟာ ရြန္းနီလို အသင္း အႏုိင္ရဖို႔ အစြမ္းကုန္ ၾကိဳးစားတတ္သူျဖစ္ျပီး ဆာလက္ကေတာ့ ေရာ္နယ္ဒိုလို ပြဲကို အျပတ္ျဖတ္ဖို႔ တစ္ကိုယ္ေကာင္းဆန္ရရင္လည္း သြင္းဂိုးကိုပဲ ဦးတည္သူလို႔ ဆိုခဲ့တယ္။ ဒီမတူညီတဲ့ ေပါင္းစပ္မႈဟာ တစ္ဦးကို က်န္တစ္ဦးက ေမာင္းနင္ႏုိင္တယ္လို႔ သူက ေျပာပါတယ္။

နဗီးက “ ဆာလက္က ျခားနားေနပါတယ္။ သူက ဆံပင္ညွပ္ထားတယ္။ ပိုပိန္သြားတယ္၊ ပိုဆာေလာင္တဲ့ပံု ေပါက္ေနတယ္။ သူက ရင့္က်က္တဲ့ သေဘာမွာရွိတယ္။ အမ္ဘတ္ပီက ထူးခၽြန္ပါတယ္။ ေနမာကလည္း ထူးခၽြန္ေပမယ့္ ေျခစြမ္း မျငိမ္ဘူး။ လာမယ့္ ႏွစ္ရာသီေလာက္မွာ ကမၻာအေကာင္းဆံုး ကစားသမား ဘယ္သူျဖစ္လာမလဲ။ စေနေန႔က ပြဲမွာေတာ့ ဆာလက္က ေနာက္ထပ္ အဆင့္တစ္ဆင့္မွာကို ရွိေနခဲ့တယ္။

လီဗာပူးပြဲရဲ႕ ဒုတိယပိုင္းမွာ ဆာလက္ကို ၾကည့္ျပီး က်ေနာ္ ေတြးေနမိတယ္။ သူက ဒီလို ကစားသမားပဲ။ သူက တကယ့္ ကစားသမားဆိုတာ အားလံုးသိတယ္။ အရင္ ေလးႏွစ္က လီဗာပူးကို သူေရာက္လာျပီး ဂိုး ၄၀ ေက်ာ္ သြင္းျပတုန္းက ကံေကာင္းတာပါေပါ့။ သူဒါမ်ိဳး ထပ္မလုပ္ႏုိင္ပါဘူးေပါ့။ အဲ့ေနာက္လည္း သူက ႏွစ္ရာသီကေန သံုးရာသီထိ တည္တည္ျငိမ္ျငိမ္ လုပ္ေနတုန္းပဲ။

မႏွစ္တုန္းက လူတိုင္းက ဆာလက္နဲ႔ မာေနးၾကားမွာ ဘယ္သူပိုေကာင္းလဲ အျငင္းပြားၾကတယ္။ ဆာလက္နဲ႔ မာေနးၾကားမွာ စိတ္ဓါတ္ပိုင္း ကြာတယ္ေပါ့။ မာေနးကေတာ့ လူတိုင္း သေဘာက်တဲ့ စရိုက္ရွိတယ္။ ကစားသမားတိုင္း သေဘာက်တယ္။ သူကလည္း ေန႔တိုင္းမွာ အေကာင္းဆံုး ၾကိဳးစားတယ္။ အသင္းအတြက္ဆိုရင္ ကိုယ္က်ိဳးမငဲ့ဘူး။

ဆာလက္ကေတာ့ အျခားတစ္ဘက္ေပါ့။ သူက အသင္းေဖာ္ေတြကို ေဘာလံုးမေပးဘဲ တစ္ကိုယ္ေကာင္းဆန္ရင္ ဆန္ပလိုက္တတ္သူ။ လူႏွစ္သက္ သိပ္မခံရသူေပါ့။ အသင္းပရိသတ္ေတြ၊ အသင္းေဖာ္ေတြ ကိုယ္တိုင္က သေဘာမေတြ႔တာေတြ ရွိတတ္သူေပါ့။ ဒါေပမယ့္ အျပင္လူအျဖစ္ ျမင္တာကေတာ့ သူက ကြင္းထဲမွာ ပြဲကို အဆံုးသတ္လိုက္သူပါပဲ။

သူတို႔ကို ၾကည့္ရတာ ၂၀၀၀ ျပည့္ႏွစ္ အလယ္ေတြတုန္းက ရြန္းနီနဲ႔ ေရာ္နယ္ဒိုကို ျပန္ျမင္ရသလိုပါပဲ။ သူတို႔ ႏွစ္ဦးကလည္း ဆာလက္နဲ႔ မာေနးလိုပါပဲ။ ဆာလက္က ဂိုးပိုသြင္းတာနဲ႔ မာေနးက ကစားသမားေကာင္း မဟုတ္ျခင္း မဟုတ္ပါဘူး။ မာေနးက ရြန္းနီ ကစားသမားေကာင္း တစ္ေယာက္ပဲ ျဖစ္ပါတယ္။ ” လို႔ ဆိုခဲ့တာျဖစ္တယ္။