ဘယ်အစွန်လူ ရော်ဘတ်ဆန်က အသင်းဖော် ထရန့်ကို အသင်းအတွက် ဂိုးထောက်ပံ့မှု လုပ်ပေးဖို့ရာ ဆက်လက် ယှဉ်ပြိုင်ကြမယ်လို့ စိန်ခေါ်လိုက်ပါတယ်။

မနှစ်ကရာသီမှာ ထရန့်က ဂိုးထောက်ပံ့မှု ၁၅ ကြိမ်ထိ လုပ်နိုင်ခဲ့ပြီး ရော်ဘတ်ဆန်က ၁၂ ကြိမ် လုပ်နိုင်ခဲ့တယ်။ ဒီရာသီစမှာတင် ထရန့်ကို ဝေဖန်သံတွေ အနည်းငယ် ထွက်လာတဲ့နောက် ရော်ဘတ်ဆန်က သူ့ကောင်လေးကို ထပ်ပြီး လုပ်ပြလိုက်ရအောင်ကွားဆိုပြီး စိန်ခေါ်လိုက်ခြင်း ဖြစ်ပါတယ်။

ရော်ဘတ်ဆန်က “ တကယ်ကို ရှည်ကြာတဲ့ ဘောလုံးရာသီကို ဖြတ်သန်းရမှာဖြစ်ပါတယ်။ ဒီတစ်ကြိမ်မှာလည်း အကောင်းဆုံး ကစားဖို့ ကြိုးစားသွားရမှာပါ။ မနှစ်ကလည်း ပြိုင်ဆိုင်မှု လုပ်ခဲ့ကြပြီး ဒီရာသီမှာ အကောင်းဆုံးတွေ လုပ်နိုင်ဖို့ အချင်းချင်း စိန်ခေါ်မှုတွေကို ဆက်လုပ်သွားကြမှာ ဖြစ်တယ်။

ကုန်ခဲ့တဲ့ ၂ ရာသီမှာ အစွန်ကစားသမားတွေအဖြစ် နောက်ထပ် အဆင့်တစ်ခုကို ရောက်နိုင်တဲ့ ကိန်းဂဏန်းတွေကို ကျနေ်ာတို့ နှစ်ဦး ပြသနိုင်ခဲ့တယ်။ ထရန့်က အစွန်သမား တစ်ဦးအဖြစ် စံချိန်တင်လောက်တဲ့ မှတ်တမ်းတွေကို ၂၀၁၈-၂၀၁၉ ခုနှစ်မှာ ချိုးဖျက်ပြနိုင်ခဲ့တယ်။ နောက်တစ်နှစ်မှာ သူ့ရဲ့ ကိုယ်ပိုင် စံချိန်ကိုပါ ထပ်မံပြီး ချိုးဖျက်ပြခဲ့ပြန်ပါတယ်။ အဲ့တာက သိပ်ကောင်းခဲ့ပါတယ်။

ဒီရာသီမှာ ကျနော်က ထရန့်နဲ့ နီးနီးစပ်စပ် လုပ်နိုင်မယ်ဆိုရင် ကျနေ်ာတို့ နှစ်ဦးက အောင်မြင်တဲ့ ဘောလုံးရာသီကို ပိုင်ဆိုင်ပါလိမ့်မယ်။ ထရန့် ဂိုးထောက်ပံ့မှု မလုပ်နိုင်တာက အရမ်းကြာမယ်လို့ ကျနော်ကတော့ မမြင်ပါဘူး ”

ရော်ဘတ်ဆန်ဟာ ကုန်ခဲ့တဲ့ နှစ်ရာသီမှာ ထရန့်ထက် ဂိုးထောက်ပံ့မှု အရေအတွက် အနည်းငယ် နိမ့်ကျပေမယ့် စွမ်းဆောင်ရည် တည်ငြိမ်မှုမှာတော့ ပိုမို ကောင်းမွန်သူပါ။ သူနဲ့ ထရန့်ကြား နားလည်မှုပြည့်တဲ့ ကစားဟန်ဟာ လီဗာပူးအတွက် ကြီးမားတဲ့ အထောက်အပံ့ကောင်းတွေလည်း ဖြစ်ပါတယ်။

ZAWGYI

ဘယ္အစြန္လူ ေရာ္ဘတ္ဆန္က အသင္းေဖာ္ ထရန္႔ကို အသင္းအတြက္ ဂိုးေထာက္ပံ့မႈ လုပ္ေပးဖို႔ရာ ဆက္လက္ ယွဥ္ျပိဳင္ၾကမယ္လို႔ စိန္ေခၚလိုက္ပါတယ္။

မႏွစ္ကရာသီမွာ ထရန္႔က ဂိုးေထာက္ပံ့မႈ ၁၅ ၾကိမ္ထိ လုပ္ႏုိင္ခဲ့ျပီး ေရာ္ဘတ္ဆန္က ၁၂ ၾကိမ္ လုပ္ႏုိင္ခဲ့တယ္။ ဒီရာသီစမွာတင္ ထရန္႔ကို ေဝဖန္သံေတြ အနည္းငယ္ ထြက္လာတဲ့ေနာက္ ေရာ္ဘတ္ဆန္က သူ႔ေကာင္ေလးကို ထပ္ျပီး လုပ္ျပလိုက္ရေအာင္ကြားဆိုျပီး စိန္ေခၚလိုက္ျခင္း ျဖစ္ပါတယ္။

ေရာ္ဘတ္ဆန္က “ တကယ္ကို ရွည္ၾကာတဲ့ ေဘာလံုးရာသီကို ျဖတ္သန္းရမွာျဖစ္ပါတယ္။ ဒီတစ္ၾကိမ္မွာလည္း အေကာင္းဆံုး ကစားဖို႔ ၾကိဳးစားသြားရမွာပါ။ မႏွစ္ကလည္း ျပိဳင္ဆိုင္မႈ လုပ္ခဲ့ၾကျပီး ဒီရာသီမွာ အေကာင္းဆံုးေတြ လုပ္ႏုိင္ဖို႔ အခ်င္းခ်င္း စိန္ေခၚမႈေတြကို ဆက္လုပ္သြားၾကမွာ ျဖစ္တယ္။

ကုန္ခဲ့တဲ့ ၂ ရာသီမွာ အစြန္ကစားသမားေတြအျဖစ္ ေနာက္ထပ္ အဆင့္တစ္ခုကို ေရာက္ႏုိင္တဲ့ ကိန္းဂဏန္းေတြကို က်ေန္ာတုိ႔ ႏွစ္ဦး ျပသႏုိင္ခဲ့တယ္။ ထရန္႔က အစြန္သမား တစ္ဦးအျဖစ္ စံခ်ိန္တင္ေလာက္တဲ့ မွတ္တမ္းေတြကို ၂၀၁၈-၂၀၁၉ ခုႏွစ္မွာ ခ်ိဳးဖ်က္ျပႏုိင္ခဲ့တယ္။ ေနာက္တစ္ႏွစ္မွာ သူ႔ရဲ႕ ကိုယ္ပိုင္ စံခ်ိန္ကိုပါ ထပ္မံျပီး ခ်ိဳးဖ်က္ျပခဲ့ျပန္ပါတယ္။ အဲ့တာက သိပ္ေကာင္းခဲ့ပါတယ္။

ဒီရာသီမွာ က်ေနာ္က ထရန္႔နဲ႔ နီးနီးစပ္စပ္ လုပ္ႏုိင္မယ္ဆိုရင္ က်ေန္ာတို႔ ႏွစ္ဦးက ေအာင္ျမင္တဲ့ ေဘာလံုးရာသီကုိ ပိုင္ဆုိင္ပါလိမ့္မယ္။ ထရန္႔ ဂိုးေထာက္ပံ့မႈ မလုပ္ႏုိင္တာက အရမ္းၾကာမယ္လို႔ က်ေနာ္ကေတာ့ မျမင္ပါဘူး ”

ေရာ္ဘတ္ဆန္ဟာ ကုန္ခဲ့တဲ့ ႏွစ္ရာသီမွာ ထရန္႔ထက္ ဂိုးေထာက္ပံ့မႈ အေရအတြက္ အနည္းငယ္ နိမ့္က်ေပမယ့္ စြမ္းေဆာင္ရည္ တည္ျငိမ္မႈမွာေတာ့ ပိုမို ေကာင္းမြန္သူပါ။ သူနဲ႔ ထရန္႔ၾကား နားလည္မႈျပည့္တဲ့ ကစားဟန္ဟာ လီဗာပူးအတြက္ ၾကီးမားတဲ့ အေထာက္အပံ့ေကာင္းေတြလည္း ျဖစ္ပါတယ္။