လီဗာပူးအသင်းဟာ ပရီးမီယားလိဂ်ချန်ပီယံဖြစ်ခဲ့ပေမယ့် ကပ်ဘေးကာလအတွင်း ဆုံးရံှူးမှု အတော်လေး ကြီးမားခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ ကပ်ဘေးက ကလပ်ရဲ့ အစီအစဉ်တွေကို ထိခိုက်စေခဲ့တယ်လို့ The Athletic မှ James Pearce က The Red Agenda Podcasts ကဏ္ဍကနေ ထုတ်ပြောလိုက်ပါတယ်။

လီဗာပူးရဲ့ ကနဦး အစီအစဉ်မှာ နွေဈေးကွက်အတွင်း တီမိုဝါနာကို ခေါ်ယူရေးဖြစ်တယ်။ တိုက်စစ်အတွက် သူ့ကို အဓိက ခေါ်ယူမှုကြီးအဖြစ် လုပ်ကိုင်ပြီးရင် ၂၀၂၁ ခုနှစ် နွေမှာတော့ ဆန်ချိုနဲ့ ဟာဗက်လို ကစားသမားမျိုးတွေကို ခေါ်ယူဖို့ ပစ်မှတ်ထားခဲ့ပါတယ်။

သို့ပေမယ့် နောက်ပိုင်းမှာ ဆက်တိုက်ဆိုသလို ရိုက်ခတ်လာတဲ့ ဘဏ္ဍာရေး ထိခိုက်မှုတွေကြောင့် ဝါနာကို ခေါ်ယူရေးကိုပါ နောက်ဆုတ်ခဲ့တာဖြစ်တယ်။ လက်ရှိမှာတော့ ပစ်မှတ်တွေကလည်း ချယ်ဆီးအသင်းထံ ရောက်ရှိခဲ့ပါပြီ။

ပထမဦးစွာ မတ်လ နောက်ပိုင်းမှာ လီဗာပူးအသင်းဟာ ကွင်းဝင်ကြေးတွေ လုံးဝ မရခဲ့ဘဲ ရာသီကုန်ထိ ယှဉ်ပြိုင်ခဲ့ရတယ်။ အခြေအနေ တည်ငြိမ်မလာဘဲ ပိုဆိုးလာတဲ့နောက် လီဗာပူး တာဝန်ရှိသူတွေက ၂၀၂၁ ခုနှစ် ရောက်မှပဲ ပရိသတ်တွေ ပြန်ဝင်နိုင်မယ်ဆိုတာကို ကြိုတင် တွက်ချက်ခဲ့ကြတယ်။ အဲ့အတွက် ကွင်းဝင်ကြေး ဆုံးရံှူးမှုက ပေါင် ၈၄ သန်းထိ ရှိပါတယ်။

တကယ်တမ်း လီဗာပူးရဲ့ အစီအစဉ်တွေကို ပျက်ဆီးစေတာကတော့ အန်ဖီးကွင်းထဲ ပရိသတ်တွေ ဝင်ခွင့်မရခြင်းကြောင့်တင် မဟုတ်ပါဘူး။ ကပ်ဘေးကြောင့် တီဗီရုပ်သံကြေး ပြန်ပေးဆောင်ရမှုတွေအပြင် စီပွားရေး ပါတနာတွေက စပွန်ဆာကြေး လက်တွဲဖြုတ်မှုတွေအရ ပေါင် သန်း ၁၀၀ ကျော်ကိုလည်း ထပ်မံ ဆုံးရံှူးခဲ့ပါတယ်။

လက်မောင်းစပွန်ဆာ Western Union က စာချုပ်ကို သက်တမ်း မတိုးခဲ့သလို ရပ်နားသွားတဲ့ စပွန်ဆာနဲ့ အကျိုးတူ ပူးပေါင်းမှုတွေက ကလပ်ကို ထိခိုက်စေခဲ့တာလို့ သိရတယ်။ ဒါပေမယ့်လို့ ဈေးကွက်အတွင်း ဝင်ရောက်မှု နည်းခြင်းရဲ့ အဓိက အကြောင်းရင်းကတော့ ကပ်ဘေးက လက်ရှိအချိန်ထိ ရှိနေဆဲဖြစ်ကာ မသေချာခြင်းတွေများခြင်းကြောင့် ဖြစ်ပါတယ်။

James Pearce က တီဗီကုမ္ပဏီ၊ စီးပွားရေး လက်တွဲမှုနဲ့ စပွန်ဆာကိစ္စတွေကနေ ပေါင် သန်း ၁၀၀ ကျော် ဆုံးရံှူးမှုက လီဗာပူးအသင်းအတွက် ချင့်ချိန်ရမယ့် ကိစ္စဖြစ်လာစေခဲ့တယ်လို့ ဖွင့်ဟခဲ့တယ်။ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီရဲ့ ဆုံးရံှူးမှု ပမာဏစာရင်းကတော့ အနည်းဆုံး နောက်ထပ် ၆ လလောက်မှ ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ပရီးမီယားလိဂ္ခ်န္ပီယံျဖစ္ခဲ့ေပမယ့္ ကပ္ေဘးကာလအတြင္း ဆံုးရံွဴးမႈ အေတာ္ေလး ၾကီးမားခဲ့ျပီး ကမၻာလံုးဆိုင္ရာ ကပ္ေဘးက ကလပ္ရဲ႕ အစီအစဥ္ေတြကို ထိခိုက္ေစခဲ့တယ္လို႔ The Athletic မွ James Pearce က The Red Agenda Podcasts က႑ကေန ထုတ္ေျပာလိုက္ပါတယ္။

လီဗာပူးရဲ႕ ကနဦး အစီအစဥ္မွာ ေႏြေစ်းကြက္အတြင္း တီမိုဝါနာကို ေခၚယူေရးျဖစ္တယ္။ တိုက္စစ္အတြက္ သူ႔ကို အဓိက ေခၚယူမႈၾကီးအျဖစ္ လုပ္ကိုင္ျပီးရင္ ၂၀၂၁ ခုႏွစ္ ေႏြမွာေတာ့ ဆန္ခ်ိဳနဲ႔ ဟာဗက္လို ကစားသမားမ်ိဳးေတြကို ေခၚယူဖို႔ ပစ္မွတ္ထားခဲ့ပါတယ္။

သို႔ေပမယ့္ ေနာက္ပိုင္းမွာ ဆက္တိုက္ဆိုသလို ရိုက္ခတ္လာတဲ့ ဘ႑ာေရး ထိခိုက္မႈေတြေၾကာင့္ ဝါနာကို ေခၚယူေရးကိုပါ ေနာက္ဆုတ္ခဲ့တာျဖစ္တယ္။ လက္ရွိမွာေတာ့ ပစ္မွတ္ေတြကလည္း ခ်ယ္ဆီးအသင္းထံ ေရာက္ရွိခဲ့ပါျပီ။

ပထမဦးစြာ မတ္လ ေနာက္ပိုင္းမွာ လီဗာပူးအသင္းဟာ ကြင္းဝင္ေၾကးေတြ လံုးဝ မရခဲ့ဘဲ ရာသီကုန္ထိ ယွဥ္ျပိဳင္ခဲ့ရတယ္။ အေျခအေန တည္ျငိမ္မလာဘဲ ပိုဆိုးလာတဲ့ေနာက္ လီဗာပူး တာဝန္ရွိသူေတြက ၂၀၂၁ ခုႏွစ္ ေရာက္မွပဲ ပရိသတ္ေတြ ျပန္ဝင္ႏုိင္မယ္ဆိုတာကို ၾကိဳတင္ တြက္ခ်က္ခဲ့ၾကတယ္။ အဲ့အတြက္ ကြင္းဝင္ေၾကး ဆံုးရံွဴးမႈက ေပါင္ ၈၄ သန္းထိ ရွိပါတယ္။

တကယ္တမ္း လီဗာပူးရဲ႕ အစီအစဥ္ေတြကို ပ်က္ဆီးေစတာကေတာ့ အန္ဖီးကြင္းထဲ ပရိသတ္ေတြ ဝင္ခြင့္မရျခင္းေၾကာင့္တင္ မဟုတ္ပါဘူး။ ကပ္ေဘးေၾကာင့္ တီဗီရုပ္သံေၾကး ျပန္ေပးေဆာင္ရမႈေတြအျပင္ စီပြားေရး ပါတနာေတြက စပြန္ဆာေၾကး လက္တြဲျဖဳတ္မႈေတြအရ ေပါင္ သန္း ၁၀၀ ေက်ာ္ကိုလည္း ထပ္မံ ဆံုးရံွဴးခဲ့ပါတယ္။

လက္ေမာင္းစပြန္ဆာ Western Union က စာခ်ဳပ္ကို သက္တမ္း မတိုးခဲ့သလို ရပ္နားသြားတဲ့ စပြန္ဆာနဲ႔ အက်ိဳးတူ ပူးေပါင္းမႈေတြက ကလပ္ကို ထိခိုက္ေစခဲ့တာလို႔ သိရတယ္။ ဒါေပမယ့္လို႔ ေစ်းကြက္အတြင္း ဝင္ေရာက္မႈ နည္းျခင္းရဲ႕ အဓိက အေၾကာင္းရင္းကေတာ့ ကပ္ေဘးက လက္ရွိအခ်ိန္ထိ ရွိေနဆဲျဖစ္ကာ မေသခ်ာျခင္းေတြမ်ားျခင္းေၾကာင့္ ျဖစ္ပါတယ္။

James Pearce က တီဗီကုမၸဏီ၊ စီးပြားေရး လက္တြဲမႈနဲ႔ စပြန္ဆာကိစၥေတြကေန ေပါင္ သန္း ၁၀၀ ေက်ာ္ ဆံုးရံွဴးမႈက လီဗာပူးအသင္းအတြက္ ခ်င့္ခ်ိန္ရမယ့္ ကိစၥျဖစ္လာေစခဲ့တယ္လို႔ ဖြင့္ဟခဲ့တယ္။ ၂၀၁၉-၂၀၂၀ ေဘာလံုးရာသီရဲ႕ ဆံုးရံွဴးမႈ ပမာဏစာရင္းကေတာ့ အနည္းဆံုး ေနာက္ထပ္ ၆ လေလာက္မွ ထြက္ေပၚလာမွာ ျဖစ္ပါတယ္။