လီဗာပူးအသင်းရဲ့ ဘရာဇီးသား တိုက်စစ်မှူး ဖာမီနိုဟာ ခြေစွမ်းပြဖို့ ရုန်းကန်နေရတာကြောင့် သူ ထမ်းထားတဲ့ ဝန်တွေကို မျှယူပေးနိုင်မယ့် တိုက်စစ်မှူး တစ်ဦး လီဗာပူး လိုအပ်နေပြီလို့ တိုက်စစ်မှူးဟောင်း ဂျွန်အဲဒရစ်ချ်က အသင်းဟောင်းအား ထောက်ပြ သတိပေးခဲ့ပါတယ်။

ဂိုးရှေ့မှာ ဖာမီနို ရုန်းကန်နေရတာက လီဗာပူး အနေနဲ့ ဈေးကွက်ထဲမှာ အခြား တိုက်စစ်မှူး တစ်ဦး ခေါ်ဖို့ အချက်ပေးမှုပဲလို့ အဲဒရစ်ချ်က ယုံကြည်နေပြီး ချယ်ဆီး ခေါ်သွားတဲ့ တိုက်စစ်မှူး တီမိုဗာနာလို ကစားသမား တစ်ဦး ခေါ်သင့်ကြောင်း ၎င်းက တိုက်တွန်းခဲ့ပါတယ်။

လီဗာပူးဟာ ဂျာမန်သား တိုက်စစ်မှူး တီမိုဗာနာကိုလည်း အလေးအနက် ချိတ်ဆက်ခဲ့သေးပေမယ့် ခေါ်ယူနိုင်တဲ့ထိ မအောင်မြင်ခဲ့ဘဲ ချယ်ဆီးအသင်းကို ဗာနာက ရွေးချယ်သွားခဲ့ပါတယ်။ အန်းဖီးလ် အခြေစိုက် ကလပ်ဟာ တိုက်စစ်မှာ ဖာမီနိုထက် အစွမ်းပြနိုင်မယ့် သူ တစ်ဦး လိုတယ်လို့ အဲဒရစ်ချ်က ယုံကြည်နေပါတယ်။

” ဖာမီနိုက သူ့မှာ နှောင်ကြိုးတွေ ရှိနေတဲ့ ပုံရပါတယ်။ သူ့မှာ ကွင်းလယ်ကိုလည်း ဝင်ပါရတယ်။ တိုက်စစ် အသင်းဖော်တွေ အတွက် ကောင်းမွန်တဲ့ ထိချက်တွေနဲ့ ပေးပို့ ကူညီရတယ်။ ပြိုင်ဘက် ဧရိယာထဲမှာ သူ့ စိတ်ကြိုက် လှုပ်ရှားနိုင်တာ မဟုတ်ဘူး။ ပြီးခဲ့တဲ့ပွဲမှာ ကြည့်လိုက်ရင် သူ့ပွဲ မဟုတ်ခဲ့ဘူး။

ဒုတိယပိုင်းမှာ အသင်းဖော်တွေနဲ့ ချိတ်ဆက်မှုကောင်းတွေ လုပ်နိုင်ပေမယ့် ဂိုးသွင်းဖို့ အခွင့်ကောင်း တစ်ခု လွဲချော်သွားခဲ့တယ်။ ပြီးခဲ့တဲ့ ရာသီတုန်းကလည်း ဖာမီနို အန်းဖီးမှာ လိဂ်ဂိုး တစ်ဂိုး သွင်းတာ မြင်ဖို့ အိမ်ကွင်း နောက်ဆုံးပွဲထိ စောင့်ခဲ့ရတယ်။ ပွဲ ကစားရင်း သူ့စိတ်ထဲမှာ ဘာတွေ တွေးနေလဲ ဆိုတာ ကျနော်လည်း မသိပါဘူး။ သူ့ကြည့်ရတာ ဧရိယာထဲ ရောက်သွားရင်တောင် သူ့ကိုယ်သူ ကန်သွင်းဖို့ မလုပ်ဘူး။

ဒီနွေမှာ လီဗာပူး ဈေးကွက်ထဲ မလှုပ်ရှားလို့ ပြောဆိုနေကြတာတွေ အများကြီး ရှိတယ်။ ကျနော်ကတော့ ဘော်ဘီအတွက် ဝန်တွေ မျှထမ်းပေးမယ့် ကစားသမားကောင်း တစ်ယောက်လောက်သာ ခေါ်ပေးနိုင်ရင် ဆိုတဲ့ အတွေးကို ဖျောက်ကို မရဘူး။ အဲဒီကျမှပဲ သူက သူ့အတွက် သူ ဂိုးတွေ သွင်းဖြစ်တော့မှာပါ။

ဒီလို ပြောလို့ ကျနော့်ကို တမျိုး မထင်ပါတယ်။ ကျနော်ကလည်း ဘော်ဘီ ဖန်ပါ။ သူက တိုက်စစ် သုံးယောက် အတွက်ဆို အမြဲတမ်း အနစ်နာခံပြီး ပံ့ပိုးပေးတဲ့သူ ဆိုတာ သိပါတယ်။ ဒါပေမယ့် မင်းက နံပါတ် ၉ ဝတ်ထားရင် ဂိုးတွေ သွင်းဖို့လည်း တာဝန်ရှိပါတယ်။ ဒါက အခြေခံ အချက်အလက် ဖြစ်တယ် ဒါကို သူလည်း သိမှာပါ။ အခုက ပြောင်းလဲသင့်ပြီလို့ ထင်တယ်။ ” လို့ အဲဒရစ်ချ်က ထောက်ပြသွားခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ဈေးကွက်ထဲမှာတော့ ဆက်လက် လှုပ်ရှားနေပြီး တိုက်စစ်သမား အချို့ကို ချဉ်းကပ်မှု ရှိနေသလို သီယေဂို အယ်ကန်တာရာ ကိုလည်း ဦးစားပေး ပစ်မှတ် အဖြစ် ညှိနှိုင်းနေဆဲလို့ သိရပါတယ်။

Zawgyi – လီဗာပူးအသင္းရဲ႕ ဘရာဇီးသား တိုက္စစ္မွဴး ဖာမီနိုဟာ ေျခစြမ္းျပဖို႔ ရုန္းကန္ေနရတာေၾကာင့္ သူ ထမ္းထားတဲ့ ၀န္ေတြကို မွ်ယူေပးနုိင္မယ့္ တိုက္စစ္မွဴး တစ္ဦး လီဗာပူး လိုအပ္ေနျပီလို႔ တိုက္စစ္မွဴးေဟာင္း ဂၽြန္အဲဒရစ္ခ်္က အသင္းေဟာင္းအား ေထာက္ျပ သတိေပးခဲ့ပါတယ္။

ဂိုးေရွ႕မွာ ဖာမီနို ရုန္းကန္ေနရတာက လီဗာပူး အေနနဲ႕ ေစ်းကြက္ထဲမွာ အျခား တိုက္စစ္မွဴး တစ္ဦး ေခၚဖို႔ အခ်က္ေပးမႈပဲလို႔ အဲဒရစ္ခ်္က ယံုၾကည္ေနျပီး ခ်ယ္ဆီး ေခၚသြားတဲ့ တိုက္စစ္မွဴး တီမိုဗာနာလို ကစားသမား တစ္ဦး ေခၚသင့္ေၾကာင္း ၄င္းက တိုက္တြန္းခဲ့ပါတယ္။

လီဗာပူးဟာ ဂ်ာမန္သား တိုက္စစ္မွဴး တီမိုဗာနာကိုလည္း အေလးအနက္ ခ်ိတ္ဆက္ခဲ့ေသးေပမယ့္ ေခၚယူနိုင္တဲ့ထိ မေအာင္ျမင္ခဲ့ဘဲ ခ်ယ္ဆီးအသင္းကို ဗာနာက ေရြးခ်ယ္သြားခဲ့ပါတယ္။ အန္းဖီးလ္ အေျခစိုက္ ကလပ္ဟာ တိုက္စစ္မွာ ဖာမီနိုထက္ အစြမ္းျပနိုင္မယ့္ သူ တစ္ဦး လိုတယ္လို႔ အဲဒရစ္ခ်္က ယံုၾကည္ေနပါတယ္။

” ဖာမီနိုက သူ႔မွာ ေနွာင္ၾကိဳးေတြ ရွိေနတဲ့ ပံုရပါတယ္။ သူ႔မွာ ကြင္းလယ္ကိုလည္း ၀င္ပါရတယ္။ တိုက္စစ္ အသင္းေဖာ္ေတြ အတြက္ ေကာင္းမြန္တဲ့ ထိခ်က္ေတြနဲ႕ ေပးပို႔ ကူညီရတယ္။ ျပိဳင္ဘက္ ဧရိယာထဲမွာ သူ႔ စိတ္ၾကိဳက္ လႈပ္ရွားနိုင္တာ မဟုတ္ဘူး။ ျပီးခဲ့တဲ့ပြဲမွာ ၾကည့္လိုက္ရင္ သူ႔ပြဲ မဟုတ္ခဲ့ဘူး။

ဒုတိယပိုင္းမွာ အသင္းေဖာ္ေတြနဲ႕ ခ်ိတ္ဆက္မႈေကာင္းေတြ လုပ္နိုင္ေပမယ့္ ဂိုးသြင္းဖို႔ အခြင့္ေကာင္း တစ္ခု လြဲေခ်ာ္သြားခဲ့တယ္။ ျပီးခဲ့တဲ့ ရာသီတုန္းကလည္း ဖာမီနို အန္းဖီးမွာ လိဂ္ဂိုး တစ္ဂိုး သြင္းတာ ျမင္ဖို႔ အိမ္ကြင္း ေနာက္ဆံုးပြဲထိ ေစာင့္ခဲ့ရတယ္။ ပြဲ ကစားရင္း သူ႔စိတ္ထဲမွာ ဘာေတြ ေတြးေနလဲ ဆိုတာ က်ေနာ္လည္း မသိပါဘူး။ သူ႔ၾကည့္ရတာ ဧရိယာထဲ ေရာက္သြားရင္ေတာင္ သူ႔ကိုယ္သူ ကန္သြင္းဖို႔ မလုပ္ဘူး။

ဒီေႏြမွာ လီဗာပူး ေစ်းကြက္ထဲ မလႈပ္ရွားလို႔ ေျပာဆိုေနၾကတာေတြ အမ်ားၾကီး ရွိတယ္။ က်ေနာ္ကေတာ့ ေဘာ္ဘီအတြက္ ၀န္ေတြ မွ်ထမ္းေပးမယ့္ ကစားသမားေကာင္း တစ္ေယာက္ေလာက္သာ ေခၚေပးနိုင္ရင္ ဆိုတဲ့ အေတြးကို ေဖ်ာက္ကို မရဘူး။ အဲဒီက်မွပဲ သူက သူ႔အတြက္ သူ ဂိုးေတြ သြင္းျဖစ္ေတာ့မွာပါ။

ဒီလို ေျပာလို႔ က်ေနာ့္ကို တမ်ိဳး မထင္ပါတယ္။ က်ေနာ္ကလည္း ေဘာ္ဘီ ဖန္ပါ။ သူက တိုက္စစ္ သံုးေယာက္ အတြက္ဆို အျမဲတမ္း အနစ္နာခံျပီး ပံ့ပိုးေပးတဲ့သူ ဆိုတာ သိပါတယ္။ ဒါေပမယ့္ မင္းက နံပါတ္ ၉ ၀တ္ထားရင္ ဂိုးေတြ သြင္းဖို႔လည္း တာ၀န္ရွိပါတယ္။ ဒါက အေျခခံ အခ်က္အလက္ ျဖစ္တယ္ ဒါကို သူလည္း သိမွာပါ။ အခုက ေျပာင္းလဲသင့္ျပီလို႔ ထင္တယ္။ ” လို႔ အဲဒရစ္ခ်္က ေထာက္ျပသြားခဲ့ပါတယ္။

လီဗာပူးအသင္းဟာ ေစ်းကြက္ထဲမွာေတာ့ ဆက္လက္ လႈပ္ရွားေနျပီး တိုက္စစ္သမား အခ်ိဳ႕ကို ခ်ဥ္းကပ္မႈ ရွိေနသလို သီေယဂို အယ္ကန္တာရာ ကိုလည္း ဦးစားေပး ပစ္မွတ္ အျဖစ္ ညွိနိႈင္းေနဆဲလို႔ သိရပါတယ္။